၂၀၁၄ မော်ဒယ် တိုယိုတာ ကိုရိုလာ ပုံစံသစ်ပြောင်း
ဂျပန် တိုယိုတာက ထုတ်တဲ့ ကိုရိုလာ လည်း မြန်မာပြည်ရောက်ပါတယ်။ သို့ပေမယ့် အနိမ့်ကားတွေပါ။ ၂၀၀၇ ထက်ကျော်တဲ့ မော်ဒယ်က ရောက်ခဲ ပါတယ်။ ဒါကြောင့် ကိုရိုလာ ဗန် ဆိုရင် ပုံသိပ်မလှတဲ့ကားပေါ့။
ပုံမှာမြင်တွေ့ရတဲ့ကားကို ကိုရိုလာအသစ်ပါ။ ၂၀၁၄ မော်ဒယ် ဖြစ်ပါတယ်။ ယခင်က မြင်တွေ့နေရတဲ့ ကိုရိုလာနဲ့ ဘာမှကို မဆိုင်တော့တဲ့ ဒီဇိုင်းပါ။ ပြီးတော့ ဟိုင်းဘရစ်ဗားရှင်းလည်း ပါဝင်လာ
မှာ ဖြစ်ပါတယ်။
အင်ဂျင်ပါဝါ ၁၈၀၀ စီစီ ဆလင်ဒါ ၄ လုံးပူး အင်ဂျင်ကို အသုံးပြုပြီး မြင်းကောင်ရေအား ထုတ်လုပ်မှု ၁၄၀ ဝန်းကျင် ရှိမှာ ဖြစ် ပါတယ်။ တံခါး လေးပေါက် Sedan ဖြစ်ပြီး အရောင်ကတော့ ဖြူ၊နီ၊ပြာ၊ နက်၊ ခဲရောင် အစရှိသဖြင့် စုံစုံလင်လင် ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ မကြာခင်ဈေးကွက် ဖြန့်ချိတော့မှာပါ။ ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၆ သောင်းဝန်းကျင်နဲ့ ဖြန့်ချိမယ့် ကား ဖြစ်ကြောင်း သိရပါတယ်။
-
Ref: autoblog
ColayOnline
http://
No comments:
Post a Comment