Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 11, 2013

ဇာတ်ညွှန်းသင်တန်း ရုပ်ရှင်အစည်းအရုံးတွင် ပို့ချမည်

ပန်းမြတ်ဇော် | အင်္ဂါနေ့၊ ဇွန်လ ၁၁ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၅၄ မိနစ် 
         
ဗြိတိသျှကောင်စီ၊ ရန်ကုန်ဖလင်ကျောင်းနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ ပူးပေါင်းပို့ချမည့် ဇာတ်ညွှန်း ရက်တိုသင်တန်းကို အစည်းအရုံးတွင် သင်ကြားပို့ချမည် ဖြစ်သည်။

အဆိုပါသင်တန်းကို နှစ်ပတ်ကြာ သင်ကြားမည်ဖြစ်ပြီး လန်ဒန်မှ Rathel Mathews က သင်ကြားမည်
ဖြစ်သည်။

၎င်းသင်တန်းအား စီစဉ်သူ ဦးသက်ဦးက ''အခုလိုမျိုးပေါင်းပြီးလုပ်တာက ပထမ ဆုံးပါ။ ၁၅ဦးကို သင်ကြားပေး မှာ ဖြစ်ပါ တယ်။ လန်ဒန်က ဇာတ်ညွှန်းမာစတာဘွဲ့ရရှိတဲ့ ဆရာမက လာပြီးသင်မှာဖြစ် ပါတယ်။ သင်တန်း ကာလအတွင်းမှာ ကျွန်တော်တို့တွေက ဇာတ်ညွှန်းအကြမ်းတွေ ထွက်အောင် လုပ်ထား ပါ့မယ်။ သင်တန်း ဆင်းတဲ့အခါ ဒီကထုတ်လုပ်သူတွေပါ ဖိတ်ကြားပြီး ဇာတ်ညွှန်းတွေကို ဖတ်ပြပါ့မယ်။ အဲဒီထဲက ရွေးချယ်ခံ ရတယ်ဆိုရင်တော့ ရိုက်ညွှန်းအထိပါ လုပ်ဆောင်ပေးပြီး ဒီလောကနဲ့ ထိတွေ့ခွင့်ရအောင်ပါ စီစဉ်ပေးမှာဖြစ်ပါတယ်'' ဟု မဇ္ဈိမသို့ ပြောကြားခဲ့သည်။

သင်တန်းကို သြဂုတ် ၁၉ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။

No comments:

Post a Comment