Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 14, 2013

" လေဒီဂါဂါရဲ့ဆန်းပြားခန်းနားတဲ့ ဟန်ပန် "


  'လေဒီဂါဂါ' နာမည်မြင်လိုက်တာနဲ့ အား လုံးရဲ့ရင်ကို ပထမဆုံး ရိုက်ခတ်လိုက်တာက အများနဲ့မတူ တစ်မူထူးလှတဲ့အပြင်အဆင်ပါ။ စတက်ဖနီဂျာမနော့ထ်တာအမည်နဲ့ မွေးဖွားခဲ့ တဲ့ အဲဒီမိန်းကလေးဟာ... လေဒီဂါဂါဆိုတဲ့ စင်ပေါ် ကနာမည်နဲ့ပဲ ပိုပြီးလူသိများခဲ့တယ်။ ဒီနေ့ အကျော်ကြားဆုံး အမေရိကန်အဆိုတော်၊ သီချင်းရေးတဲ့သူတွေထဲက တစ်ဦးဖြစ်နေပါပြီ။ ဂါဂါရဲ့ မိဘတွေက သူမကို The Beatles, Stevie Wonder, Bruce Springsteen, Pink Floyd, Led Zeppelin နဲ့ Elton John တို့လို ဂီတသမားတွေရဲ့ သီချင်းတွေနဲ့ ထိတွေ့ ရင်းနှီးစေခဲ့တယ်။ ဂါဂါ ကလေးဘဝ တစ်လျှောက်လုံး အဲဒီဂီတသမားတွေရဲ့ သီချင်း တွေ လွှမ်းမိုးနေခဲ့ပြီး အခုထိတိုင် မိဘတွေက တိုက်တွန်းနေကြဆဲပါပဲတဲ့။ သူမကို အဆိုတော် အဖြစ် ပထမဆုံးလက်ခံပြီး အထောက်အပံ့ပေး ခဲ့တာက Def Jam Records ပါ။ Def Jam နဲ့ ၂ဝဝ၅ မှာ စာချုပ်ချုပ်ခဲ့ကြတယ်။ ပထမဆုံး အယ်လ်ဘမ် The Fame ကို ၂ဝဝ၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး လူပြောများတဲ့၊ စီးပွားရေးအရလည်း အောင်မြင်တဲ့အယ်လ်ဘမ်အဖြစ် ကမ္ဘာတစ်ဝန်းက Music Chart တွေမှာ ထိပ်ဆုံးက ရှိခဲ့တာပါ။

အယ်လ်ဘမ် Born This Way ကို ၂ဝ၁၁ မေလမှာထွက်ရှိခဲ့တယ်။ ပထမဆုံးရက် သတ္တပတ်မှာပဲ ကော်ပီ ၁၁ဝ၈ဝဝဝ ကျော်ရောင်းချခဲ့ရပြီး Born This Way ရဲ့ အောင်မြင်မှုဟာ The Fame ထက်တောင် ကျော်လွန်သွားခဲ့ တယ်။ သူမရဲ့သီချင်းတွေနဲ့ မသက်ဆိုင်တဲ့ ကျော်ကြားမှုက ထူးခြားလှတဲ့ အဝတ်အစား အပြင်အဆင်တွေကြောင့်ပါပဲ။ 2010 MTV Video Music Awardဆုပေးပွဲမှာ ဝတ်ဆင်ခဲ့တဲ့ အသားလွှာနီရဲရဲအဝတ်အစားဒီဇိုင်းကြောင့် တိရစ္ဆာန်အခွင့်အရေးကာကွယ်သူ၊ အဖွဲ့ အစည်းတွေရဲ့ ပြစ်တင်ဝေဖန်မှုတွေလည်း ရရှိခဲ့သေးတာပေါ့။ တကယ်ဆို လေဒီဂါဂါဆိုတဲ့ မိန်းကလေး ဟာ ရွှေနှလုံးသားပိုင်ရှင်တစ်ဦးပါတဲ့။ သူမဟာ လူတွေလိုအပ်တဲ့အချိန်တိုင်းမှာ အကူအညီပေး လိုက်ဖို့ အမြဲတမ်းအဆင့်သင့်ရှိ နေတတ်တယ် လို့ဆိုတယ်။

ပြီးခဲ့တဲ့နှစ်တွေက ဂျပန်ငလျင်အပြီး လှူဒါန်းနိုင်ဖို့ ကိုယ်တိုင်အလှူငွေ မတည်၊ စုဆောင်း ပြီး ဒေါ်လာသန်းများစွာ လှူဒါန်းခဲ့သူပါ။ သူမ စုဆောင်းထားတဲ့ အမှတ်တရပစ္စည်းတွေ ရောင်းချခဲ့တဲ့အခါ ကုသိုလ်ဖြစ် လုပ်ငန်းတွေ အတွက်ပဲ ရည်ရွယ်ခဲ့ပါတယ်။ ဂါဂါ လက်မှတ် ပါရှိတဲ့ ရေအိမ်သုံးကြွေခွက်ကို (အသုံးမပြုရ သေးလို့တော့ဆိုပါတယ်) ဒေါ်လာ ၄၆ဝဝဝဝ နဲ့ လေလံတင်ရောင်းချပြီး လှူခဲ့တယ်။ HIV / AIDS တိုက်ဖျက်ရေးအတွက်လည်း အမြဲတက် တက်ကြွကြွပါဝင်ခဲ့တာပါပဲ။ Estee Lauder ကုမ္ပဏီခွဲ MAC အလှကုန်ပစ္စည်း (Make-up Art Cosmetics) ရဲ့ Viva Glam နှုတ်ခမ်းနီ ကြော်ငြာအနုပညာရှင်အဖြစ်လည်း လက်တွဲပါဝင်ခဲ့ပါတယ်။ Viva Glamနှုတ်ခမ်းနီရောင်းချရ သမျှအမြတ်ငွေအားလုံးကို MAC AIDS Fund (MAF) အဖွဲ့ကနေ ကမ္ဘာတစ်ဝန်းက HIV/AIDS ဝေဒနာရှင်တွေအတွက် အထောက် အပံ့ပေးကြတယ်။ ဂါဂါ ထောက်ခံကြော်ငြာထားတဲ့ အဲဒီ Viva Glam နှုတ်ခမ်းနီနဲ့ နှုတ်ခမ်းအဆီရောင်းချရငွေ ဒေါ်လာ ၂ဝ၂ သန်းကျော်စု ဆောင်းနိုင်ခဲ့ပြီး HIV / AIDS တိုက်ဖျက်ရေး အတွက်လှူဒါန်းနိုင်ခဲ့ကြပါတယ်။

သူမ အ ကြောင်း အကျဉ်းချုပ်ပြောရရင်တော့ ဒါဟာ သူမ ရဲ့ 'Born This Way' ပါ။ သူမရဲ့ လူသားဖြစ်တည်မှုဘဝအပေါ် နားလည်ခံစားတတ်မှု စတိုင်ပါပဲ။ ဂါဂါရဲ့ လူမှုရေးလုပ်ငန်းတွေကတော့ဆိုင်ကလုံးစန္ဒီကြောင့် ဘေးဒုက္ခကြုံခဲ့ရတဲ့ ဒုက္ခ သည်တွေအတွက် Red Cross ကို ဒေါ်လာ ၁ သန်းလှူခဲ့တာပါ။ Stand Up To Cancer ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေရှာဖွေပေးတဲ့အဖွဲ့သားတစ်ဦးပါပဲ။ အဲဒီ ဖောင်ဒေးရှင်းဟာ ကင်ဆာသုတေသနလုပ်ငန်းနဲ့ ဆေးသိပ္ပံပညာ ရှင်တွေကို ရန်ပုံငွေ ထောက်ပံ့ပါတယ်။ ကင်ဆာ ဝေဒနာရှင်တွေအတွက် ကုထုံးအသစ်တွေရရှိ လာဖို့ အသက်ဘဝတွေ ကယ်ဆယ်ပေးနိုင်ဖို့ အထောက်အပံ့ပေးတဲ့အဖွဲ့အစည်းပါ။

ကမ္ဘာ တစ်ဝန်းက ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေနဲ့ ဖိနှိပ်ခံလူသားတွေကို အထောက်အပံ့ပေးနိုင် အောင်ဖွဲ့စည်းထားတဲ့ Artists for Peace and Justice (APJ) အဖွဲ့မှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင် ထားတယ်။ အဲဒီအဖွဲ့ကို အော်စကာဆုရ ကနေဒီးယန်းဒါရိုက်တာ ပေါလ်ဟက်ဂစ်နဲ့ မိတ်ဆွေသူငယ်ချင်းတွေက ၂ဝဝ၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဖောင်ဒေးရှင်းရဲ့ ရည်မှန်းချက်က ဟေတီက ဆင်းရဲ နွမ်းပါးမှုအပြင်းထန်ဆုံးနေရာတွေမှာ ကျောင်းတွေ တည်ဆောက်ဖွင့်လှစ်နိုင်ဖို့ပါ။ ကလေးငယ်တွေရဲ့ ပညာရေး၊ အစားအစာ၊ သန့်ရှင်းတဲ့ရေနဲ့ ပုံမှန်ဆေးဝါး ကုသမှု ခံယူနိုင်ရေးစတဲ့ အထောက်အပံ့တွေအ တွက်လည်း စီစဉ်ပေးနေကြတယ်။ လေဒီဂါဂါဟာ အစစ်အမှန် ပရဟိတဒါနအလှူရှင်ပါပဲ။ ကုသိုလ်ဖြစ်အဖွဲ့တော်တော်များများ ပါဝင်လုပ်ကိုင်နေပါတယ်။ သူမကိုယ်တိုင် ဖွဲ့စည်းထားတဲ့ ကုသိုလ်ဖြစ်အဖွဲ့ Born This Way ကို ၂ဝ၁၂ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တယ်။ သူမရဲ့ ဖောင်ဒေးရှင်းကတော့ လူငယ်တွေအတွက် နူးညံ့ကြင်နာတတ်တဲ့ ယဉ်ကျေးမှု၊ ရဲဝံ့မှု၊ သည်းခံနာယူစိတ်ရှိဖို့နဲ့ လုပ်ပိုင်ခွင့်အခွင့်အလမ်းတွေရရှိနိုင်မယ့် အကောင်းဆုံး နည်းလမ်းတွေရှာဖွေဖို့ အထောက်အပံ့ပေးမှာပါ။ လူငယ်တွေ မိမိကိုယ်တိုင် ယုံကြည်ချက်ရှိဖို့၊ လူ ကောင်းလေးတွေအဖြစ် ရပ်တည်ရှင်သန်ဖို့၊ အနိုင်ကျင့်လိုတဲ့စိတ်မျိုးမ မွေးမြူမိစေဖို့နဲ့ ရည်မှန်းချက် ကောင်းထားဖို့ တိုင်ပင်ဆွေးနွေးထောက်ပံ့ပေးသွားမယ့်အဖွဲ့ အစည်းလို့ဆိုပါတယ်။

သူမ အင်မတန် နှစ်သက်ခဲ့တဲ့ Steinway Grand စန္ဒရားကို ဒေါ်လာ ၆ သောင်းနဲ့ လေလံတင်ရောင်းချဖို့ ပြုလုပ်ခဲ့တယ်။ ရရှိလာမယ့်ငွေကြေးကို ကြိုးစားနေတဲ့ လူငယ်အနုပညာရှင်တွေအတွက် ထောက်ပံ့မယ့်အဖွဲ့ Ten 'o' Clock Classics ကို လှူဒါန်းမှာပါ။ ဂါဂါက အောင်မြင်ကျော်ကြားသူတစ်ဦးဆို တော့ ပိုင်ဆိုင်မှုတွေကလည်း ခပ်များများပါပဲ။ ဂါဂါပိုင်ဆိုင်တဲ့ကားတွေထဲမှာ ငွေရောင် Audi R8 ကားလေးကို အမြတ်တနိုးရှိလှတယ်။ လော့စ်အိန်ဂျယ်လိစ်က သူမရဲ့ဘီဗာလီဟေးလ်စ် အိမ်နီး ချင်းတွေဆီ အလည်အပတ်ထွက်တဲ့အခါ အကြိမ်တော်တော်များများ အဲဒီ ငွေရောင် Audi ကားလေးကို မောင်းလေ့ရှိတယ်။ ကားလေးရဲ့ ဒီဇိုင်းဟာ အရှိန် မြန်အောင် ပုံဖော်ဒီဇိုင်းထုတ်ထားပြီး ဒေါ်လာ ၂ဝ၅ဝဝဝ တန်ကြေးရှိပါတယ်။ တစ်နာရီမှာ ကီလို မီတာ ၃၂ဝ မောင်းနှင်နိုင်တယ်။ မီးတွေက LED မီးလုံးတွေပါ။ သတ္ထုဆေးခြယ်ထားပြီး တံခါးနှစ် ပေါက်ပါ ပုံစံမျိုးပါ။

ရှေးဟောင်းဂန္ထဝင်ကားပုံစံကိုလည်း ဂါဂါက နှစ်ခြိုက်သေးတာပါပဲ။ အနီရောင် Rolls Royce Corniche III ကားကို မြို့ထဲသွားသွားလာလာ မောင်းတတ်ပါတယ်။ အင်ဂျင်စနစ်က ခေတ်မီ MK-Motronic ကို ပြောင်းလဲတပ်ထားတယ်။ အချိန် ကာလ အကန့်အသတ်မရှိ အမြဲတမ်းလှပသစ်လွင်နေတတ်တဲ့ ရိုးရိုးရှင်းရှင်း ဒီဇိုင်းကို ၁၉၈၉ သြစတြီးယားနိုင်ငံ Frankfurt Motor ကားပြပွဲမှာ ပြသခဲ့တယ်။ ချမ်းသာကြွယ်ဝပြီး ကျော်ကြားတဲ့သူတွေ ပိုင်ဆိုင်ကြတဲ့ ကားလို့ဆိုတယ်။ ထူးထူးခြားခြား ဝတ်စားဆင်ယင်တတ်တဲ့ မိန်းကလေးဟာ အနက်ရောင်ကားတွေကိုလည်း ရူးသွပ်ပါတယ်။ သူမပိုင်ဆိုင်တဲ့ အနက်ရောင်ကားက ဇိမ်ခံကား Porsche Panamera S ကားပါ။ Porsche brand တွေထဲမှာ ခမ်းနားထည်ဝါမှုအရှိဆုံးကားလို့လည်း ဆိုကြသေးတယ်။

ကားရဲ့အတွင်းကိုယ်ထည် တော်တော်လေး ခံ့ညားထည်ဝါပါတယ်တဲ့။ မာစီးဒီးစ်အနက်ရောင်Chevrolet Suburban နဲ GL-Class SUV မာစီးဒီးစ်တွေလည်း ပိုင်ဆိုင်ပါတယ်။ အဲဒီ SUV ကားကိုလည်း မကြာခဏမောင်းလေ့ရှိတယ်။ ၇ ဦး သက်သောင့်သက်သာ လိုက်ပါ နိုင်ပြီး ရာသီဥတုတိုင်းနဲ့ ကိုက်ညီအောင် ထိန်းချုပ်တဲ့ စနစ်ပါရှိတယ်။ ဂါဂါရဲ့ Chevrolet Suburban က ၁၉၃၆ ခုနှစ်ကထုတ်ခဲ့တဲ့ အမျိုးအစားဖြစ်ပြီး နှစ်ရှည်လူကြိုက်များနေဆဲကားပါ။ အရွယ်ခပ်ကြီးကြီး အသေးစားထရပ်ကားပုံစံမျိုးပါ။ တစ်နာရီကို မိုင် ၆ဝ နှုန်းနဲ့ ၉ စက္ကန့် အတွင်းရောက်ရှိနိုင်တာမို့ အင်မတန်မြန်ဆန်လွန်းတဲ့ ကားပါပဲ။ နောက်တစ်စီး ဂါဂါ သဘောကျသေးတာက လက်လက်ပြောင်ပြောင် Lincoln MKZအနက်ရောင်ကားပါ။ အင်ဂျင်က အားကောင်းလှတဲ့ V6 အင်ဂျင်ဖြစ်ပြီး ကိုယ်ထည်က ကာဗွန်ဖိုင်ဘာအသားပါ။

ဂါဂါရဲ့ အနုပညာလက်ရာစုဆောင်းမှုမှာဆိုရင် သူမရဲ့ဆန်းပြားတဲ့အဝတ်အစားစတိုင်လိုပဲ တစ်မူထူးခြားလှပါတယ်။ ဈေးကြီးမြင့်လှတဲ့ ပန်းချီကားတွေနဲ့ တခြားလက်ရာတွေကိုဝယ်ယူစုဆောင်းထားတာဟာ ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ တခြားစု ဆောင်းသူတွေလိုပဲ သူမကယုံကြည်ပါတယ်တဲ့။ သြစတြီးယန်း Performance Artist Leigh Bowery နဲ့ အီတလီလူမျိုး Artist Francesco Vezzoli တို့လို့ ထူးခြားဆန်းပြားတဲ့ အနုပညာ လက်ရာတွေကို ပုံအောဝယ်ယူစုဆောင်းတတ်သူပါ။ 

  လေဒီဂါဂါရဲ့ ခမ်းနားထည်ဝါတဲ့ နန်းတော်ပုံစံ အဆောက်အဦက စကော့တလန်မှာ ရှိနေပါတယ်။ အဲဒီကြီးမားလှတဲ့စံအိမ်ဟာ ပေါင် ၈ သန်း တန်ကြေးရှိတယ်။ ဧရိယာ က ၂ဝဝ ဧက ရှိတာပါ။ အိပ်ခန်း ၆ဝ ပါရှိပြီး စတုရန်းပေ ၁၃ဝဝ ရှိ၊ မီးဖိုခန်း ၃ ခန်းပါတဲ့ ကြီးမားကျယ်ပြန့်တဲ့ ကပွဲခန်းမတစ်ခု ရဲတိုက်ထဲမှာ ရှိနေပါတယ်။ Bel-Air မှာတော့ တိုက်ခန်း တစ်ခန်းကို တစ်လဒေါ်လာ ၂၅ဝဝဝ ပေးပြီး ငှားထားတယ်။ နယူးယောက်မှာလည်း မိဘအမွေအနှစ်အိမ် တစ်အိမ်ကို အခုပိုင်ဆိုင် ထားပြန်တယ်။ အဲဒီအဆောက်အဦဟာ ၁၉၂၇ ခန့်မှာ တည်ဆောက်ခဲ့ပြီး အီဂျစ်ရှေးဟောင်း လက်ရာပုံစံပန်းပုရုပ်တွေ ပါရှိတယ်။ နယူးယောက် စီးတီးရဲ့ အနောက်ဘက်ခြမ်းမှာ တည်ဆောက်ထားပါ တယ်။

လေဒီဂါဂါဟာ အားလပ်ရက်တွေရခဲ့ပြီဆိုရင်တော့ Crete ဆိုတဲ့ ဂရိကျွန်းလေးဆီအပြေးသွား တော့တာပါပဲ။ တခြားဂီတသမားတွေ၊ ရုပ်ရှင်စတားတွေပါ ဂရိကျွန်း Crete မှာ အပန်းဖြေဖို့ အင်မတန်နှစ်သက်သဘောကျကြသတဲ့။ ကျွန်းလေးဟာ ဂရိကျွန်းတွေထဲမှာတော့ အကြီးဆုံးကျွန်းတစ်ကျွန်းဖြစ်တယ်။ ၂၆ဝ ကီလိုမီတာရှည်ပြီး ၆ဝ ကီလိုမီတာ ကျယ်ဝန်းတဲ့ သာယာလှပတဲ့ ကျွန်းလေးပါ။

အဲဒီ သာယာ လှပလွန်းတဲ့ ကျွန်းလေးမှာရှိတဲ့ အဆင့်မြင့် ဟိုတယ် Elounda မှာ ဂါဂါနဲ့ အမျိုးသားမိတ်ဆွေ လုစ်ကားလ်တို့ အနားယူ အပန်းဖြေခဲ့ကြတယ်။ အလွန်အမင်းပျော်ရွှင်ကြည်နူးနေပုံရတဲ့ ဂါဂါတို့စုံတွဲဟာ ရေစပ်စပ်လေးမှာနေဆာလှုံကြတယ်၊ အဲဒီညမှာတော့ ဟိုတယ်ရဲ့အပြည့်စုံဆုံး ညစာကို နှစ်ယောက် အတူစားခဲ့ကြပါတယ်။

ဖြိုးဖြိုး

Source : http://www.bornrich.com/

No comments:

Post a Comment