Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 8, 2013

နေနော်ရဲ့ ကဗျာတပုဒ်

ဘ၀ကို စောင်းကြိုးလိုကျစ်ပြီး
တီးခတ်ကြည့်လိုက်တော့
မေ မေ ရေ . . . ဆိုတဲ့
အော်ညီးသံတစ်ခုသာ
ပြုတ်ကျလာခဲ့ပေါ့။
...

ရောက်ဆဲအရွယ်က
ဆယ်တန်းလည်းပြန်ဖြေလို့မရ
သက်ကြီးအပူဇော်ခံလည်း ၀င်ပါလို့မရ။
တကယ့်ကို ဇကောဇက။

တစ်ကိုယ်ရည်တစ်ကာရ ဆိုလည်း
အနာဂတ်ကို စက္ကူစွန်တစ်ခုလို
ကြိုးဖြတ်ပစ်လိုက်တာကြာပေါ့။

သွားလေသူ ကဗျာဆရာကိုလှသန်းကတော့
(ငါတို့ဟာ ဆိုရှယ်လစ်စံနစ်ရဲ့ဘေးထွက်ပစ္စည်းဖြစ်တယ်) လို့
ကြွေးကြော်ဖူးခဲ့။
ပြီးတော့ သူ့ရဲ့ခေတ်ပြိုင်မျိုးဆက်ကို
(ပန်းဆိုးတန်းတံတားအောက်က
ဆံပင်စုတ်ဖွား ဘောင်းဘီအစုတ်နဲ့
စိတ်ရောဂါသည်ဟာ ငါတို့ရဲ့မျိုးဆက်ပေါ့။
အရက်ဆိုင်ထဲ စွတ်ကယ်စွတ်ကယ်ဝင်သောက်
ဆံပင်ရှည်နဲ့ ဂျာနယ်လက်ပွေ့ရောင်းတဲ့တစ်ယောက်ဟာ
ငါတို့ရဲ့ မျိုးဆက်ပေါ့။
သြော် . . . ငါတို့ မျိုးဆက်
ပိုးစိုးပက်စက်နိုင်လိုက်တာ။) . . လို့။
ဖွဲ့နွဲ့ဖူးခဲ့။

ကျွန်တော်လည်း ကိုလှသန်းနောက်
မရှေးမနှောင်းပေါ့။
ဂျင်းဘောင်းဘီဝတ်ထားတဲ့ ချိန်ကိုက်ဗုံး။
မျက်မှန်တပ်ထားတဲ့ အ၀ိဇ္ဇာအိုး။
လိုချင်တက်မက်မှုတွေနဲ့ပြည့်နှက်နေတဲ့
ဟင်းလင်းပြင်တစ်ခုပါ။

ဈေးပေါင်အကျိုးမှာ
ကိုယ့်ကိုယ်ကို ရေထိုးပြီး
ရောင်းဖို့ ကြံတော့လည်း
မာနကခွင့်မပြုပြန်ဘူး။

အဲ့ဒီလိုနဲ့ပဲ. . .
ခေါင်းပေါ်မှာ ပလက်တီနမ်
အံသွားတွေက ပလက်တီနမ်
ဘ၀မှာ အဖိုးတန်တာဆိုလို့
နောင်တတွေပဲ စုဆောင်းမိခဲ့ ။ ။

(နေနော်)
၀၈ ၀၆ ၁၃

No comments:

Post a Comment