22 June 2013 |
- By 8 Days
ညီမအခု ကိုနေနွေးနဲ့ ကားရိုက်နေပါတယ်။ နေပြည်တော်ကိုလည်း ကားရိုက်ဖို့
အတွက် သွားစရာရှိတယ်။ ဒီဇွန်လ ကုန်လောက်မှာ အမျိုးသမီးရေးရာ
ရှိုးလျှောက်ဖို့  ရှိပါတယ်။ လူတိုင်းက လွတ်လပ်ချင်ကြတယ်။ ကိုယ့်ကိုယ်
ချုပ်နှောင်တာမျိုး ဘယ်သူမှ မကြိုက်ကြဘူး။ အဲ့ဒါက လူတိုင်း လိုလိုပါပဲ ။
လူကြီးတွေက အစပေါ့။ လွတ်လပ်ချင်တာက အပြစ်မှ မဟုတ်တာ။ အရင်တုန်းက လွတ်လပ်မှူ
မရတော့ တောင်းတကြတယ်။ အခု လွတ်လပ်မှူ ရလာတော့ ဆိုးလာကြတယ်။ ဥက္ကဌ
အပြောင်းအလဲ ကလည်း ကောင်းသောပြောင်းလဲခြင်းပဲ ဆက်ဖြစ်လာမယ်လို့ ထင်ပါတယ်။
ဦးဇင်ဝိုင်းတုန်းကလည်း ဦးဇင်ဝိုင်း အလျောက် အကောင်းဆုံး
တာဝန်ယူဆောင်ရွက်ခဲ့တာပါ ။ အခု အန် ကယ်လေး ဆိုတော့လည် အန်ကယ်လေးပေါ့။
တက်လာတဲ့လူ အကုန်လုံးက ရုပ်ရှင်လောကကြီး ဖွံ့ ဖြိုး တိုး တက်အောင်
လုပ်မယ့်သူချည်း ပါပဲ။ ဆုတ်ယုတ်အောင် လုပ်မယ့်သူ ဘယ်သူမှ မရှိဘူး။
အဲဒါကြောင့် ဘယ် သူပဲ တက်လာတက်လာ ယုံကြည်ပါတယ်။ ကြိုဆိုပါတယ်။ အခုနောက်
ပိုင်းမှာ အချို့ လူတွေ အထင်လွဲနေတဲ့ ကိစ္စ အကြောင်းအရာတွေ ၊ အပြောများနေတဲ့
ကိစ္စတွေဟာ ကင်မရာရဲ့ လှည့် စားမှူကြောင့် ဖြစ်တယ်ဆိုတာ သိစေချင်ပါတယ်။
တစ်ခုခုဆိုရင် အပြင်မှာ တကယ် လုပ်နေတယ်ပဲ ထင်ကြတယ်။ ဥပမာ- ထိုးကြိတ်တဲ့
အခန်းတွေ ဆိုရင် ပင်ပန်းပေမယ့် တကယ် ထိုးကြိတ်တာ မဟုတ်ဘူး ။ အသံ effect
တွေလည်းပါတော့ တကယ် ထိုးတယ် ထင်ကြတယ်။ အကုန်လုံးက ဟန်ဆောင်နေကြတာ။
အနုပညာကို ချပြနေကြတာ ပါဆိုတာ နားလည်စေချင်ပါတယ်။ ဇာတ်လမ်း တစ်ခုမှာ
ဒီဇာတ်ဝင်ခန်း တစ်ခန်းကို ကိုယ်မကြိုက်တာနဲ့ ဘဲ ဇာတ်ကား တစ်ကားလုံးကို
လက်လွှတ်လိုက်ရမယ်ဆိုတာ မဖြစ်သင့်ပါဘူး ။ တကယ်တော့ ဇာတ်ဝန်ခန်း တစ်ခုကို
စိတ်ဝင်စားပြီး ဟန်ဆောင် သရုပ်ပြနေကြတာပါ။
ဒါရိုက်တာရဲ့ ကျွမ်းကျင်စွာ ဖန်တီးမှူ ၊ ကင်မရာရဲ့ လှည့်စားမှူ ၊
အနုပညာရဲ့ သရုပ်ဆောင်ကောင်း မှူတွေလည်း အများကြီး ပါပါတယ်။ အကယ်လို
့ကိုယ့်ဆီကို ဇာတ် တစ်ဇာတ် လာတယ်ပေါ့။ အဲဒီ ဇာတ်ထဲ က အခန်း တစ်ခန်းကို
မကြိုက် လို့ ဒီဇာတ် ဝင်ခန်းကို သမီး မရိုက်နိုင်ဘူးဆိုပြီး
ငြင်းလိုက်မယ်ဆိုရင် ဒီအနု ပညာလောကမှာ လုပ်စားလို့ ရမှာ မဟုတ်ဘူး ။
အဲဒါကြောင့် ညီမကတော့ ကိုယ့်ဆီလာတဲ့ ဇာတ်တွေကို အကောင်းဆုံး ဖြစ်အောင်
သရုပ်ဆောင်သွားဖို့ ၊ ကြိုးစားသွားဖို့ ပဲ ခေါင်းထဲမှာ စဉ်းစားထားပါတယ်။
No comments:
Post a Comment