Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 16, 2013

ခေါ်ယူသော ပြည့်တန်ဆာ ပြောသလိုမလှ၍ ကုန်ပစ္စည်း အရောင်းဥပဒေ ချိုးဖောက်မှုဖြင့် ရဲတိုင်

ဘာမင်ဂန်၊ ဇွန် ၁၃

ဗြိတိန်နိုင်ငံ ဘာမင်ဂန်ပြည်နယ် မှာရှိတဲ့ West Midlands ဒေသမှာနေတဲ့ လူတစ်ဦးဟာ သူတယ်လီဖုန်းနဲ့ ခေါ်ထားတဲ့ ပြည့်တန်ဆာ အမျိုးသမီးဟာ ဖုန်းနဲ့ ပြောတဲ့အတိုင်း အပြင်မှာ မလှတဲ့အတွက် ကုန်ပစ္စည်းရောင်း ချမှု ဥပဒေ Sale of Goods Act ကိုချိုးဖောက်တယ် ဆိုပြီးတော့ ရဲကိုဖုန်းဆက် တိုင်ကြားလိုက်တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

West Midlands ဒေသမှာရှိတဲ့ Solihull ရဲစခန်းကရဲတပ်ဖွဲ့ရဲ့ပြောကြားချက် အရ လူတစ်ဦးဟာ သူနဲ့ချိန်းထားတဲ့ ပြည့်တန်ဆာဟာ အရင်တယ်လီဖုန်းနဲ့ ပြောထားတဲ့အတိုင်း ရုပ်ရည်လှပမှု မရှိတဲ့ အတွက် ရဲစခန်းကို ဖုန်းနဲ့တိုင်ကြားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီလူက တိုင်ကြားရာမှာ သူမဟာ သူ့ရဲ့ကားသော့ကိုယူပြီး ထွက်ပြေးသွားကာ သူ့ကိုကားသော့နဲ့ ပြန်ပစ်ပေါက် ခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော်သူနဲ့ တွေ့ဖို့ စီစဉ်ခဲ့တုန်းက ရိုးရိုးသားသားပြောဖို့ပြောထားပါတယ်။ ဒါပေ မဲ့ သူမဟာ သူ့ကိုယ်သူ လိမ်လည် ပြောကြားခဲ့တယ်”လို့ လူတစ်ဦးက ရဲကိုဖုန်း ဆက်တိုင်ကြားတာ ဖြစ်ပါတယ်။

အဲဒီလို တိုင်ကြားလို့ အပြီးမှာ Solihull ရဲစခန်းက ရဲကြပ် Jerome Moran က အဲဒီဖုန်းဆက် တိုင်တဲ့လူကို ပြန်ဖုန်းဆက်ပြီး အကြံဉာဏ်တောင်ပေးခဲ့သေးတယ်လို့ အဲဒီသတင်းများ ဖော်ပြ ထားပါတယ်။

“တကယ်ကို မယုံနိုင်စရာပါပဲဗျာ၊ ဒီလူက သူအမှား မလုပ်ဖူးလို့ ထင်နေတာ၊ ပြီးတော့ အဲဒီပြည့်တန်ဆာကို လိမ်ပြောတဲ့ အတွက် ရဲကစုံစမ်း စစ်ဆေးရမယ်လို့ ထင်နေတာ”ဟု Solihull ရဲစခန်းက ရဲကြပ် Jerome Moran ကပြောပါတယ်။

“ဒါနဲ့ကျွန်တော်လည်း ပြောလိုက်ပါတယ်။ အဲဒီ ပြည့်တန်ဆာ အမျိုးသမီးက ဘာပြစ်မှုမှ မမြောက်ဘူး၊ ခင်ဗျားသာ လိင်ကိစ္စ မြှူဆွယ်မှုနဲ့ အမှုမြောက်တာလို့ ပြန်ပြောလိုက်ပါတယ”ဟု အဲဒီရဲကြပ် ကဆိုသည်။

ဖုန်းဆက် တိုင်ကြားသူဟာ သူ့ရဲ့ အကြောင်းကို ပြောဖို့ ငြင်းပေမယ့် ရဲစခန်းက သူဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ သိရှိသွားပြီးတော့ သူ့ကိုသတိပေးတဲ့ စာတစ်စောင် ပို့လိုက်တယ်လို့ရဲစခန်းက
ပြောကြားပါတယ်။

The Sale of Goods Act ကုန်ပစ္စည်း ရောင်းချမှု ဥပဒေကို ဗြိတိန်တွင် ၁၉၇၉ ခုနှစ်က ထုတ်ပြန်ခဲ့တာ ဖြစ်ပြီးတော့ ကုန်ပစ္စည်းများနဲ့ ပတ်သက်ပြီး ရေးသား ဖော်ပြချက်အတိုင်း ကုန်ပစ္စည်းတစ်ခုရဲ့ အရည် အသွေးဟာ ကိုက်ညီရမှာ ဖြစ်ပါတယ်။

The Voice Weekly

No comments:

Post a Comment