Friday, June 07, 2013
တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အုတ်တွင်းမှတောင်ငူဘက်အထွက် မိုင်တိုင် ၁၆၆/ ၇ သုသာန်ဘုန်းကြီးကျောင်းအနီး ရန်ကုန်-မန္တလေးကားလမ်းပေါ်တွ င် တောင်ငူဘက်မှမောင်းနှင်လာသော ၆ဂ/ .... ၁၄ ဘီးပါမော်တော်ယာဉ်နှင့် အုတ်တွင်းဘက်မှမောင်းနှင်လာသော ဆိုင်ကယ်တို့ ဇွန်လ(၇)ရက် ညနေ(၃း၀၀)နာရီကျော်ခန့်တွင် ထိပ်တိုက်ခိုက်မှုဖြစ်ပွားရာ ဆိုင်ကယ်မောင်းနှင်လာသူ နေရာတွင်သေဆုံးသွားပြီး၊ ကားမှာအရှိန်လွန်ပြီး တဘက်ယာဉ်ကျောဘေးရှိ လမ်းဘေးသို့ထိုးကျကာတိမ်းမှောက်သွားသည်။
သေဆုံးသူဆိုင်ကယ်သမားထံမှ တယ်လီဖုန်းတစ်လုံးနှင့်ငွေသား ၇၃၄၅၀ိ/ -ကျပ်တွေ့ရှိပြီး ထိုသေဆုံးသူဖုန်းနှင့်ဆက်သွယ်စုံစမ်းရာ သေဆုံးသူမှာ ဇေယျဝတီမြို့ မှ ကိုဒေ၀ါလားလာလူး(အဖ)ဦးဂျမ် ဗဂျာလာလူး၊ တောရှောက်မြစ်ရောင်းသူ၊ အသက်(၄၀)နှစ်ခန့်ဖြစ်ကြောင်း သိရှိထားသည်။
ယဉ်မောင်းမှာထွက်ပြေးတိမ်းေ ရှာင်သွားပြီး ကားထဲသို့ အုတ်တွင်းမြို့နယ်ရဲတပ်ဖွဲ့ မှစစ်ဆေးရာတွင် ကားထဲတွင်ကျန်ခဲ့သောဖုန်းမှ ဆက်သွယ်စုံစမ်းရာ ယာဉ်မောင်းမှာ ဦးဟန်ဇာ ဟုသိရှိထားသည်။
အုတ်တွင်းမြို့နယ်ရဲတပ်ဖွဲ့ မှတာဝန်ရှိသူများမှ အခင်းဖြစ်ပွားမှုနှင့်ပါတ်သက်ပြီး ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည် ။
တောင်ငူသတင်းပုံရိပ်များ
တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အုတ်တွင်းမှတောင်ငူဘက်အထွက်
သေဆုံးသူဆိုင်ကယ်သမားထံမှ တယ်လီဖုန်းတစ်လုံးနှင့်ငွေသ
ယဉ်မောင်းမှာထွက်ပြေးတိမ်းေ
အုတ်တွင်းမြို့နယ်ရဲတပ်ဖွဲ့
တောင်ငူသတင်းပုံရိပ်များ
No comments:
Post a Comment