CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အိပ်မက်များရဲ့ဘာသာစကား
၁) အမြင်နှင့် အိပ်မက်
မွေးဖွားပြီးမှ မျက်စိကွယ်သွားတဲ့သူတွေကတော့ အိပ်မက်ထဲမှာ ပုံရိပ်တွေကိုတွေ့မြင်ကြရပါတယ်...
မွေးရာပါ မျက်စိမမြင်တဲ့သူတွေက အိပ်မက်ထဲမှာ ပုံရိပ်တွေကို
မမြင်မက်တတ်ကြပါဘူး... သူတို့ရဲ့ အိပ်မက်ထဲမှာ အသံ၊ အနံ့၊ အထိအတွေ့နဲ့
စိတ်ခံစားချက်စတဲ့ အာရုံတွေကိုသာမြင်မက်ကြပြီး ဒါတွေကို အခြေခံပြီးအိပ်မက်ကို ပုံဖော်သိမြင်နိုင်ကြပါတယ်...
၂) မေ့ခြင်းနှင့် အိပ်မက်
နိုးလာတဲ့ ၅ မိနစ်အတွင်း အိပ်မက်ရဲ့ ၅၀% ကိုမေ့သွားပါတယ်... ၁၀ မိနစ်ကြာရင်တော့ ၉၀% မေ့သွားပါပြီ...
၃) လိင်ကွဲပြားမှုနှင့် အိပ်မက်
အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ ကွဲပြားခြားနားတဲ့ အိပ်မက်တွေနဲ့ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေရှိကြပါတယ်... အမျိုးသားတွေဟာ တခြားအမျိုးသားတွေအကြောင်းပိုမက်လေ့ရှိပေမဲ့ အမျိုးသမီးတွေရဲ့အိပ်မက်တွေထဲမှာတော့ အမျိုးသမီးနဲ့ အမျိုးသားမျှမျှတတ ပါဝင်တတ်ကြပါတယ်....
၎) ထပ်ခါထပ်ခါ အိပ်မက်
အိပ်မက်အများစုက တစ်ခါပဲမက်တတ်ကြပေမဲ့ လူတော်တော်များများဟာ ထပ်ခါထပ်ခါအိပ်မက်တွေမက်လေ့ရှိကြပါတယ်...
မတူညီတဲ့အိပ်ချိန်တွေမှာ ဒီအိပ်မက်တစ်ခုထဲကိုပဲ ပြန်ပြန်မက်နေတဲ့သဘောပါ...
အမျိုးသမီး ၇၀% နဲ့ အမျိုးသား ၆၅% ဟာ ထပ်ခါထပ်ခါ အိပ်မက်တွေမက်ကြတယ်လို့
ဆိုကြပါတယ်...
၅) လှုပ်ရှားမှုနှင့် အိပ်မက်
Rapid eye movement (REM) ဆိုတာ မျက်လုံးလှုပ်ရှားမှုအပေါ်မူတည်သတ်မှတ်ထားတဲ့ သမားရိုးကျ အိပ်ခြင်းအဆင့်တစ်ခုဖြစ်ပါတယ်...
အရွယ်ရောက်ပြီးသူတွေရဲ့ REM အိပ်ခြင်းအဆင့်ဟာ စုစုပေါင်းအိပ်ချိန်ရဲ့ ၂၀
ကနေ ၂၅ % အထိရှိပါတယ်... တစ်ညတာမှာ မိနစ် ၉၀ ကနေ ၁၂၀ လောက်ဖြစ်ပါတယ်...
အဲ့ဒီအချိန်မှာ ခန္ဓာကိုယ်ဟာ ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကြောင့် တဆတ်ဆတ်လှုပ်ပြီး တုံ့ဆိုင်းတာမျိုးဖြစ်တတ်ပါတယ်... ဘာကြောင့် ဒီလိုဖြစ်သလဲဆိုတော့ အိပ်မက်ထဲကလှုပ်ရှားမှုတွေအတိုင်း ပြင်ပခန္ဓာကိုယ်က လိုက်မလှုပ်ရှားစေဖို့အတွက် ဦးနှောက်က ထိန်းချုပ်နေလို့ဖြစ်ပါတယ်....
၆) အရောင်နှင့် အိပ်မက်
လူတွေမက်တဲ့အိပ်မက်ရဲ့ ၁၂ % ဟာ အဖြူအမည်းချည်းသက်သက်ဖြစ်ပါတယ်... ကျန်တဲ့အိမ်မက်တွေကတော့ ရောင်စုံအိပ်မက်များပါပဲ... ၁၉၁၅ ကနေ ၁၉၅၀ ကျော်လောက်အထိ လေ့လာတွေ့ရှိချက်တွေအရ အိပ်မက်အများစုဟာ အဖြူအမည်းသက်သက်ဖြစ်ကြပါတယ်...
ဒါပေမဲ့ ၁၉၆၀ ကျော်လောက်ရောက်တော့ ဒီရလဒ်ဟာ ပြောင်းလဲသွားပါပြီ... ၂၅
နှစ်အောက်လူတွေရဲ့ ၄.၄ % သောအိပ်မက်တွေဟာ အဖြူအမည်းအိပ်မက်တွေဖြစ်ပါတယ်... လက်ရှိသုတေသနပြုချက်တွေအရ ဒီလိုအိပ်မက်အရောင်ပြောင်းလဲမှုဟာ အဖြူအမည်းရုပ်ရှင်တွေကနေ ရောင်စုံ တီဗွီတွေပေါ်လာတာနဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိရပါတယ်...
၇) အိပ်မက်ကမ္ဘာ
ဘီစီ ၃၀၀၀ ကနေ ၄၀၀၀ လောက်က အိပ်မက်ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ရွှံစေးပြားတွေပေါ်မှာ မှတ်တမ်းတင်ထားတာတွေ့ရှိခဲ့ရပါတယ်... အဲ့ဒီမှာဖော်ပြထားချက်တွေအရ ရှေးဦးလူ့အဖွဲ့အစည်းမှာ အိပ်မက်ကမ္ဘာနဲ့ လက်ရှိလောကကို မခွဲခြားနိုင်ကြပါဘူး... သူတို့ဟာ အိပ်မက်တွေကို လက်ရှိလောကနဲ့ဆက်စပ်နေတယ်လို့ ယူဆခဲ့သလို အိပ်မက်ကမ္ဘာဟာ ပိုပြီးစွမ်းအင်ကြီးမားတယ်လို့လည်း ယုံကြည်ခဲ့ကြပါတယ်...
၈) နေ့အိပ်မက်
လေ့လာမှုတွေအရ ကျွန်တော်တို့အားလုံးဟာ တစ်နေ့ကို ပျမ်းမျှ မိနစ် ၇၀ ကနေ ၁၂၀
လောက် နေ့အိပ်မက် မက်တဲ့သဘောရှိကြပါတယ်... နေ့အိပ်မက်တွေကို
အိပ်စက်ခြင်းနဲ့ နိုးကြားခြင်းကြားထဲက အဆင့်တစ်ခုအဖြစ်
ခွဲခြားသတ်မှတ်ကြပါတယ်... နိုးနေတဲ့အချိန် စိတ်ကိုလွှတ်ပေးလိုက်တဲ့အခါမျိုးမှာ နေ့အိပ်မက်ကိုမြင်မက်လေ့ရှိပါတယ်...
ကျွန်တော်တို့ရဲ့ စိတ်အာရုံတွေစပြီး လှည့်လည်သွားလာတာနဲ့
နိုးကြားသတိရှိမှုက ကျဆင်းလာပါတယ်... ပြီးရင် စိတ်ကူးရင်အိပ်မက်ကမ္ဘာကြီးထဲ ကျွန်တော်တို့ လွင့်မျောသွားပါလိမ့်မယ်...
၉) အိပ်မက်ဆိုး
အိပ်မက်ဆိုးဆိုတာ အိပ်မက်မက်တဲ့သူကို ထိတ်လန့်တုန်လှုပ်ပြီးနိုးလာစေတဲ့ အိပ်မက်မျိုးဖြစ်ပါတယ်... အိပ်မက်ဆိုးတွေဟာ လက်ရှိဘဝရဲ့ စိတ်သောကနဲ့ အခြေအနေတွေရဲ့ တုံ့ပြန်မှုတစ်ရပ်ဖြစ်နေနိုင်ပါတယ်.... ဒီလိုအိပ်မက်ဆိုးမျိုးကို စိတ်သောကဖိစီးမှုအိပ်မက်ဆိုးလို့ အမျိုးအစားခွဲခြားထားပါတယ်... အိပ်မက်ဆိုးတွေဟာ ကျွန်တော်တို့ လက်ခံဖို့ လျစ်လျူရှုခဲ့တဲ့ ဒါမှမဟုတ် ငြင်းပယ်ခဲ့တဲ့ ဘဝအခြေအနေတစ်ခုခုရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်.... သုတေသနပြုလုပ်ချက်တွေအရ အိပ်မက်ဆိုးပုံမှန်မက်တဲ့သူအများစုမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ၊ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ၊ ကိုယ့်ကိုသတ်သေဖို့ကြိုးစားဖူးသူတွေနဲ့ အဆင်မပြေတဲ့ဆက်ဆံရေးမျိုးရှိတဲ့ မိသားစုတွေရှိနေတတ်ကြပါတယ်... အိပ်မက်ဆိုးတွေဟာ ဝန်ခံဖို့နဲ့ ရင်ဆိုင်ဖို့လိုနေတဲ့ ကြောက်လန့်မှုတစ်ခုခုကို ညွှန်ပြနေတာပါပဲ...
https://www.facebook.com/photo.php?fbid=616787658332703&set=a.544153038929499.130627.543836485627821&type=1&theater
အိပ်မက်များရဲ့ဘာသာစကား
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
June 10, 2013
Rating:
5
No comments:
Post a Comment