- 03 June 2013 |
- By Health Digest
မိဘတွေ အနေဖြင့် မိမိ သားသမီး များအား ငယ်စဉ်ကပင် ကိုယ်ကာယ လေ့ကျင့် ခန်းများ နေ့စဉ်ပြုလုပ် နိုင်အောင် လေ့ကျင့် ပျိုးထောင်ပေး နိုင်ပါတယ်။ ငယ်ငယ်က နေ့စဉ် လုပ်တဲ့ အလေ့ အထဟာ ကြီးသွားတဲ့ အထိ စွဲစွဲမြဲမြဲ ဖြစ်သွား စေပါတယ်။ ဘဝ တစ်သက်တာ လေ့ကျင့် ခန်းမှန်မှန် လုပ်စေပြီး ချွေးများများထွက်၊ နှလုံးခုန် မြန်လာတဲ့ထိ ခုန်ပေါက် ကြဖို့ ပါးစပ် ကလည်း ရှင်းပြ၊ လက်တွေ့ လည်း ပြေးလွှား၊ ခုန်ပေါက် ပါစေ။ နေ့စဉ် အနည်းဆုံး နာရီဝက် တစ် နာရီခန့် အချိန်ပေး လိုက်ပါ။ နေ့စဉ် မဟုတ်တောင် တစ်ပတ်မှာ ၃ ရက်ထိ လုပ်ဖို့ကြိုးစား ပေးပါ။ စက်ဘီး စီးခြင်း၊ ရေကူးခြင်း၊ တောင်တက်ခြင်း (ဖြစ် နိုင်ပါက) ပြေးခြင်း၊ တင်းနစ်ရိုက်၊ လမ်းလျှောက်၊ ကြိုးခုန်၊ ဖန်ခုန် ပျော် ရွှင်စွာ ကစားခိုင်းပါ။ ကစားတဲ့ အဖော်ရှိရင် ပိုကောင်း ပါတယ်။ မြီး ကောင်ပေါက် အရွယ်မှာ ပိုပြီး လှုပ်ရှား မှုများရင် အရပ်ရှည် ထွက်ပြီး ကိုယ် လုံးကိုယ်ပေါက် အကွေ့အဝိုက် ပိုမို လှပကျစ်လျစ်သွယ်လျ လာစေမှာ အမှန် ဖြစ်ပါတယ်။ မိဘများက ကိုယ် လက်လှုပ်ရှားများမှာ လိုက်ပါရှောက် အားပေး တိုက်တွန်းမှု ရှိလေ သူတို့ကိုယ် သူတို့လည်း စိတ်လက် ပျော်ရွှင်ပြီး ယုံကြည်မှု ရှိလာလေ ဖြစ်ပါ လိမ့်မယ်။
No comments:
Post a Comment