Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 21, 2013

“ရွာနွေဦး”

ခရောင်းပွင့်ချိန်
နေခြည်ထိန်
တိမ်ညိုရှင်းလို့  ၀င်းသလေ့။

လေကအပင့်
ရွက်ဝါလွင့်
ပင်မြင့်ရိုးတံကျန်သလေ့။

တည်သီးအကြွေ
ပြာနှင့်မွှေ
မှည့်လေချိုလေ နေသလေ့။

ဆက်ရက်ညံဆဲ
လက်ပံရဲ
ဝဲ၀ဲမြေထက် သက်သလေ့။

သရဖီပန်း
ပျားရောပြွမ်း
လန်းလန်းဝေစီ သီသလေ့။

ရိုးပြတ်နံ့ သင်း
လယ်ကွက်တွင်း
ကောက်သင်းကောက်သူ ဆူသလေ့။

အိမ်ထမင်းပွဲ
လက်ဆုံနွှဲ
ယှဉ်တွဲတူပြိုင် မြိုင်သလေ့။

မိုးနံ့ ဖူးသုပ်
ပဲနီပြုတ်
အဟုတ်တင်းတိန် မြိန်သလေ့။

မန်းတင့်မော်
ပန်းချီ U MarLar

No comments:

Post a Comment