Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 16, 2013

လွန်ခဲ့သည့် နှစ်ပေါင်း ၁၂ဝဝ ခန့်က ရှေးဟောင်းမြို့ တစ်မြို့အား ကမ္ဘောဒီးယား နိုင်ငံတွင် တွေ့ရှိ

လွန်ခဲ့သည့် နှစ်ပေါင်း ၁၂ဝဝ ခန့်က ရှေးဟောင်းမြို့ တစ်မြို့အား ကမ္ဘောဒီးယား နိုင်ငံတွင် တွေ့ရှိ

       

Written by 

  •    
 

ဆစ်ဒနီ   ဇွန်    ၁၆
လွန်ခဲ့သည့် နှစ်ပေါင်း ၁၂ဝဝ ခန့်က ကမ္ဘောဒီးယား တောင်ပိုင်းတွင် တည်ရှိခဲ့သော  မြို့တစ်မြို့ကို ရှေးဟောင်း သုတေသန ပညာရှင်များက လေဆာနည်းပညာကို အသုံးပြု၍  ရှာဖွေ တွေ့ရှိခဲ့ကြောင်း ဇွန် ၁၅ ရက်က ထုတ်ပြန်သော အစီရင် ခံစာတွင် ပြောကြားထားသည်။
ဘုရားကျောင်းများ ပါဝင်သော မာဟန်ဒရာ ပါဗာတာ အမည်ရှိ အဆိုပါမြို့သည် ရာစုနှစ်ပေါင်း များစွာကြာ တောတောင်များ အောက်တွင် ဖုံးကွယ်နေခဲ့ သော်လည်း ၎င်းမြို့မှ ရှေးဟောင်းပစ္စည်း များသည် ခိုးယူမှုခံရခြင်း မရှိကြောင်း Sydney Morning Herald သတင်းစာတွင် ဖော်ပြထားသည်။
ပြင်သစ် နိုင်ငံဖွား ရှေးဟောင်းသုတေ သနပညာရှင် ဦးဆောင်သော ''Indiana Jones- Style''  အမည်ရှိ ယင်းစူးစမ်း လေ့လာရေး ခရီးစဉ်တွင်Sydney Mo-rning Herald သတင်းစာမှ ဓာတ်ပုံ ဆရာများနှင့် သတင်းထောက်များ ပါဝင်ခဲ့ကြောင်းနှင့် ယင်းမြို့သည် ကမ္ဘာပေါ်တွင်  အကြီးဆုံး ဟိန္ဒူဘုရား ကျောင်းဖြစ်သော အန်ကောဝပ်ဘုရား ကျောင်းတည်ရှိရာ ဆီယမ်းရိပ် ဒေသရှိ မြေမြှုပ်မိုင်းများ ထူထပ်သော တောအတွင်း တည်ရှိကြောင်း သိရသည်။
အဆိုပါ စူးစမ်း လေ့လာမှုတွင် Lidar ဟုခေါ်သော ကိရိယာကို ရဟတ်ယာဉ် တွင်တပ်ဆင်၍ အန်ကောဝပ်ဘုရား ကျောင်းမြောက်ဘက်ရှိ တောင်ပေါ်မှ ဖြတ်၍ လေ့လာမှု ပြုလုပ်ခဲ့ရာ ရရှိလာသော အချက်အလက်များသည် ရှေးဟောင်း သုတေသန ပညာရှင်များ နှစ် ပေါင်းများစွာ ပြုလုပ်ခဲ့သော မြေပြင် သုတေသန ရလဒ်များနှင့် ကိုက်ညီမှုရှိကြောင်း သိရသည်။
ပညာရှင်များသည် Lidar ကိရိယာမှ ရရှိလာသော အချက်အလက်များ ဖြစ်သည့် ဂြိုဟ်တု နေရာပြ မြေပုံညွှန်းများကို အသုံးပြု၍ ယခင်မှတ်တမ်းတင်ခဲ့ခြင်း မရှိသော ဘုရားကျောင်း နှစ်ဒါ ဇင်ကျော်၊ ရှေးဟောင်း တူးမြောင်း၊ ရေနုတ်မြောင်း နှင့် လမ်းများ၏ သက်သေအထောက် အထားများကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment