Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 12, 2013

ခိုင်နန္ဒာစုသို့ အကြည့်ဦး(၁)

ဖဲကို ချိုးပြီး ဝေလိုက်တာနဲ့
သူ့အိမ်ရော ကိုယ့်အိမ်ရော
အလွမ်းပဲကျတယ် တစ်ဝိုင်းထဲမှာ
ကိုယ်စီရီဝေ မျက်နှာချင်းဆိုင်ထိုင် ဝေးရ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့် ငေးရ
အနမ်းဖဲတွေ ဘယ်တော့များကျလာမလဲလို့
အလွမ်းဖဲခံနဲ့ ဆက်ပြီး စောင့်ဆွဲ
ဘယ်လောက်အထိလဲ ဘယ်ရောက်တဲ့အထိလဲ
ချစ်သူရေ
ဆွဲဖဲနဲ့ တက်ဖဲနဲ့ဟာ
အသဲနှလုံးတခြားစာ လွဲလွဲခဲ့ရ
ဖဲရွက်တွေ ကုန်သွားတဲ့ အခါ
မရှိခဲ့ဖူးတဲ့ တွဲလက်တစ်စုံဟာ မရှိတော့တာ ဆန်းလား
အလွမ်းများပိုက်ပြီးပြီ
ဘဝကိုယ်စီ အိမ်ပြန်လိုက်ကြပါစို့။ ။

သုအိုင်စံ
၁၂-၀၆-၂၀၁၃

No comments:

Post a Comment