Written by ရွှေတည်
အနုပညာ လောကထဲကို ဝင်ရောက်လာတဲ့ အနုပညာ ကြယ်ပွင့်လေး ဖြစ်တဲ့
သရုပ်ဆောင် မော်ဒယ်လ် တေးသံရှင် ကြည်နူးနိုင်နဲ့ ယခုလို တွေ့ဆုံ မေးမြန်း ဖြစ်ခဲ့ပါတယ်။
မေး။ ။ အနုပညာ လောကထဲကို ရောက်လာတဲ့နှစ်က စလိုက်ကြရအောင်။
ဖြေ။ ။ ဒီအနုပညာ လောကထဲ ရောက်တဲ့နှစ်က ၂ဝ၁ဝ ပြည့်နှစ် ကပါ။
မေး။ ။ မိဘအမည် ပြောပြပါဦး။
ဖြေ။ ။ ဖေဖေက ဦးသိန်းနိုင်၊ မေမေက ဒေါ်အေးအေးသင်း ပါ။
မေး။ ။ ဒီလောကထဲ ရောက်လာပုံ အကျဉ်းလေး သိချင်ပါတယ်။
ဖြေ။ ။ ကျောက်မျက် ပြက္ခဒိန် ရိုက်ကူးခဲ့ရာက စခဲ့တာပါ။
မေး။ ။ ဘယ် သင်တန်းတွေ တက်ဖူးလဲ။
ဖြေ။ ။ မတင်မိုးလွင် ဆီက မော်ဒယ်လ် သင်တန်းဆင်းပါ။
မေး။ ။ အဓိက ဝါသနာပါတာ ပြောပြပါလား။
ဖြေ။ ။သရုပ်ဆောင်ကို အဓိက ဝါသနာပါပါတယ်။
မေး။ ။ ကျောင်းပြီးပြီလား။ ဘာနဲ့ပြီးလဲ။
ဖြေ။ ။ B.Sc (Physics) နဲ့ပါ။
မေး။ ။ ရိုက်ပြီးသွားတဲ့ ဗီဒီယို ဇာတ်ကားလေးတွေ ...။
ဖြေ။ ။ (၁) အမေမဟုတ်သော အမေ၊ (၂) မချောဆယ်ယောက် ကိုယ်တစ်ယောက်၊ (၃) ဆယ်မျက်နှာ၊ (၄) အမွှေဇယား တို့မှာ အဓိက သရုပ်ဆောင် အနေနဲ့ ရိုက်ကူးခွင့် ရခဲ့ပါတယ်။
မေး။ ။ သီဆိုပြီး တေးစီးရီးတွေက...။
ဖြေ။ ။ (၁) လမ်းမများ၊ (၂) ၁၅ဝဝ အရှုပ်တော်ပုံ စတဲ့ သွင်းလက်စ တေးစီးရီးခွေ တွေမှာ တစ်ပုဒ်စီ ပါဝင် သီဆို ခဲ့ပါတယ်။
မေး။ ။ သရုပ်ဆောင် ပြီးတဲ့ VCD ဘယ်လောက် ရှိပြီလဲ။
ဖြေ။ ။ VCD ၁၅ ပုဒ်မှာ သရုပ်ဆောင်ခဲ့ ပြီးပါပြီ။
မေး။ ။ ကြော်ငြာ သရုပ်ဆောင်မှုတွေ ကရော။
ဖြေ။ ။ အင်္ကျီ ကြော်ငြာတွေ ရိုက်ကူးထားပြီး၊ ဆက်လက် ရိုက်ကူး နေဆဲပါ။
မေး။ ။ လက်ရှိ အနုပညာ လှုပ်ရှားမှု...။
ဖြေ။ ။ TV Channel များအတွက် program များ၊ BillBoard ရိုက်ကူးထားပြီး မဂ္ဂဇင်း၊ ဂျာနယ်တွေ အတွက် Photo တွေ လည်း ရိုက်ကူး ခဲ့ပါတယ်။ စုပေါင်း အခွေမှာ နောက်တစ်ပုဒ် ဆိုဖို့ ပြင်ဆင် နေပါတယ်။
မေး။ ။ ဘဝအတွက် ဆောင်ပုဒ် တစ်ခုလောက် ...။
ဖြေ။ ။ ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ်၊ မကောင်းတာ လုပ်ရင် မကောင်းတာ ဖြစ်မယ်။
မေး။ ။ ဘဝ ရည်မှန်းချက်...။
ဖြေ။ ။ အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ချင်ပါတယ်။
မေး။ ။ ဝါသနာရှင်တွေ အပေါ် ပြောချင်တဲ့ ဆန္ဒ။
ဖြေ။ ။ ဖြည်းဖြည်းနဲ့ မှန်မှန် သည်းခံစိတ်မွေးပြီး ကြိုးစား သွားရပါမယ်။
မေး။ ။ ပရိသတ် အပေါ် ပြောချင်တဲ့ စကား။
ဖြေ။ ။ ပရိသတ်ကြီး ကျန်းမာချမ်းသာ ကြပါစေ၊ ပရိသတ်ကြီး အတွက် အားသွန်ခွန်စိုက် ကြိုးစားသွားမှာပါ။
မေး။ ။ စာနယ်ဇင်းတွေ အပေါ် အမြင်။
ဖြေ။ ။ ပရိသတ်နဲ့ အနုပညာရှင်ကြား ဆက်သွယ်ပေးတဲ့ အရေးကြီးဆုံး ကွန်ရက် တစ်ခု...။
မေး။ ။ ဆက်သွယ်လို့ ရမယ့် လိပ်စာ။
ဖြေ။ ။အမှတ် (၂၃၈) ပထမထပ်-ဘယ်၊ (၃၆) လမ်း အထက် ကျောက်တံတားမြို့နယ် ရန်ကုန်တိုင်း ဒေသကြီး ဖြစ် ပါတယ်။
လွင်ဟိန်းထက်
No comments:
Post a Comment