Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 10, 2013

ကိုယ့်တိုင်းပြည် ကောင်းစားတာကို လူတိုင်းမြင်ချင်ကြမှာပါဆိုတဲ့ မင်းသွေး




သရုပ်ဆောင် တဲ့အခါ အခက် အခဲတွေကတော့ အများကြီးပါပဲ။ အခုဆိုရင် ရာသီဥတုက အရမ်းပူ တယ်။ ကျွန်တော့်အရှေ့မှာ သည် ခေတ်နေနဲ့ ရိုက်တဲ့ကားဆို ဆောင်း ရာသီဇာတ် ဒီဇင်ဘာဇာတ်ကို မိုး ရွာတော့ လုံးဝဖျက်လိုက်ရတဲ့ အနေ အထားတွေရှိတယ်။ ကျွန်တော်တို့ ဘက်က အခက်အခဲကပူတယ်။ ဆောင်းရာသီအနွေးထည်တော့ ဝတ်ရတယ်ဆိုတော့ ပူအိုက်နေတာ ပေါ့။ နေ့ခင်းဘက် ရှုတင်ကျတော့ ချွေးထွက်တဲ့ ဒဏ်တွေ တော်ရုံတန် ရုံ နည်းနည်းလေးအားနည်းတတ် သူဆိုရင် သိပ်မလွယ်ဘူး။

ရာသီ ဥတုက အရမ်းပူတော့ အိုက်တင် လုပ်ရတဲ့အခါ ဒီပူတဲ့ဘက်ကို အာရုံ ရောက်နေတော့ အခက်အခဲရှိတာ ပေါ့။ ရိုက်တဲ့အခါ ချွေးအရမ်းထွက် တော့ မျက်နှာကြီးက ပြောင်ပြီး တော့ ဖြစ်နေတာတို့ အခက်အခဲရှိ တယ်။ ဘောလုံးကစားတာ အရမ်း ဝါသနာပါတဲ့ မင်းသွေးကို SEA GAME ဘောလုံးနဲ့ပတ်သက်ပြီး မျှော်မှန်းထားတာများ ရှိမလားဆို တော့ "ဒါက ပြောလို့မရဘူးပေါ့ နော်။ အခုဘာပဲဖြစ်ဖြစ် နိုင်ငံတော် ကလည်း ထောက်ပံ့ပေးတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ထောက်ပံ့ပေးတယ်။ အရင်ကထက် စာရင်တော့ မြန်မာဘောလုံးသမား တွေ မြန်မာဘောလုံးလောကက အများကြီး ပြုပြင်ပြောင်းလဲလာပြီ လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီ အပေါ်မှာ မျှော်လည်း မျှော်လင့်ပါ တယ်။ ဒီရွှေရဖို့ SEA GAME ဘောလုံးကိုတော့ မျှော်လင့်တယ်"။

တချို့တွေ ကလည်း အခုအခြေအ နေကို အားမရသေးဘူးဆိုတော့ အစ်ကို ဘယ်လိုမြင်လဲဆိုတဲ့ မေးခွန်း နဲ့ပတ်သက်ပြီး "အခုရေတွင်းတူး အခုရေ ကြည်သောက်ချင်လို့တော့ မရဘူး ထင်ပါတယ်။ ဘောလုံးက တစ်ယောက်ကောင်းလုပ်လို့ရတဲ့ ကိစ္စတွေ မဟုတ်ပါဘူး။ ကျွန်တော် လည်း ပြည်သူထဲက ပြည်သူတစ် ယောက်ပါပဲ။ ကိုယ့်တိုင်းပြည် ကောင်းစားချင်တာ လူတိုင်း မြင်ချင် ကြမှာပါ။ တစ်ယောက်ကနေ နှစ် ယောက်၊ နှစ်ယောက်ကနေ ဆယ် ယောက်၊ ဆယ်ယောက်ကနေအ ယောက်တစ်ထောင် ကိုယ့်ဘာသာ ကိုယ်ပဲ ပြုပြင်ပြောင်းလဲရတယ်။

ဥပမာ - အမှိုက်ကို ကိုယ်ပိုင်ကား စီးပြီး ကားပေါ်ကနေ ပစ်ချတယ်။ ကျွန်တော်ပြည်ပနိုင်ငံတွေ သွားခဲ့ဖူး ပါတယ်။ ဘယ်နိုင်ငံမှ မတွေ့ရပါ ဘူး။ နောက်ပြီးတော့ စည်းကမ်းပေါ့။ လူကူးမျဉ်းကြား ပေးထားတယ်။ မျဉ်းကြားက မကူးတဲ့လူတွေရှိတယ်။ မျဉ်းကြားမှာ လူကူးခွင့်ျငါည အစိမ်း လေးပြထားတာကို ကားတွေက မရပ်ဘဲ သွားကြတယ်။ ဒါက လမ်း စည်းကမ်းတွေ လူဆိုလည်း လူစည်း ကမ်းတွေပေါ့။ တစ်ဦးတစ်ယောက် ချင်းစီရဲ့ စိတ်ဓာတ်တွေကို အားလုံး ကိုစုပေါင်းပြီးတော့မှ ပြောင်းလဲသွား ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်လည်း သိသလောက် တတ်သလောက် ပြောပြတာပါ။ အများကြီး သိလို့မဟုတ်ပါဘူး"။

No comments:

Post a Comment