Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 10, 2013

ဦးဇင်ဝိုင်းကို တရားစွဲဆိုခဲ့သော အမှုပလပ်ခံခဲ့ရခြင်းနှင့်ဂျာနယ်အရေးအသားအမှားအပေါ်ဦးဝင်းကိုသဘောထား


အစိုးရမဟုတ်သောအဖွဲ့ အစည်းစစ်စစ်အဖြစ် ဆောင်ရွက် လို၍လောကသားအများစု၏ ဆန္ဒမဲဖြင့် ရွေးကောက်တင်မြောက်ခဲ့သော အမှုဆောင်အဖွဲ့ သစ်နှင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဟာ ဒီမိုကရေစီ အနှစ်သာရအပြည့် အဝဖော်ဆောင်နိုင်ရေးဆောင် ရွက်နေကြောင်း ပြသနိုင်ဖို့ ကြိုးစားနေကြသလို တစ်ဖက်က လည်း ပြဿနာ အဟောင်းအသစ်ပေါင်းစုံကို ပြေလည်အောင်ဖြေရှင်းနေရသည်ကို တွေ့ရ ၏။အဆိုပါပြဿနာတွေထဲမှာ ရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့သစ်၏ ဥက္ကဋ္ဌဖြစ်သူ ဦးဇင်ဝိုင်းအား ယခင် အမှုဆောင်အဖွဲ့ဟောင်းမှ ဦးဝင်းကိုကဂျာနယ်တစ်စောင်ပါ စွပ်ဆွဲပြောကြားချက်အပေါ်မူတည်၍ တရားစွဲဆိုမှုကို ရင်ဆိုင်ဖြေရှင်းရခြင်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။
ယင်းသို့ တရားတဘောင် ရင်ဆိုင်ကြရသည့် ဦးဝင်းကိုနှင့် ဦးဇင်ဝိုင်းတို့၏အမှုအား မေ ၃၁ ရက်နေ့က ဗဟန်းတရားရုံးမှ ပလပ်လိုက်ခြင်းနှင့် စပ်လျဉ်း၍ စာနယ်ဇင်း စာမျက်နှာထက်မှာ ဆက် လက်သင်္ကာရှင်းမှုများတွေ့ရှိလာရပြန်၏။ မီဒီယာစာနယ်ဇင်း စာမျက်နှာပေါ်က စလိုက်သည့် ပြဿနာ တစ်ရပ်သည် အကျယ်ကျယ်မငြိမ်းဖွယ် ရှိရုံမျှမကလွယ်လွယ်နှင့် မပြီး ပြတ်နိုင်အောင်ရှိနေခြင်းကိုလည်း သတိပြုမိလိုက်ကြရပြန်သည့်အတွက် တရားလိုဦးဝင်းကို၏ သဘောထား အမြင်ကိုယခု လို မေးမြန်း ဖြစ်ခဲ့ပါသည်။
” ဗဟန်းတရားရုံးကနေပြီး တော့ ၃၁-၅-၂ဝ၁၃ မှာ ကျွန် တော်စွဲထားတဲ့အမှုကို ပလပ် လိုက်တယ်။ ပလပ်လိုက်တဲ့ အကြောင်းအရင်းကို တရား သူကြီးပြောတဲ့ အနေအထားက မတ်  ၁/ ၂ဝ၁၃ ရက်နေ့ထုတ် ….. News ဂျာနယ်မှာ ကျွန် တော့်ကိုသိန်း ၁၂ဝဝကိုယ်ကျိုးအတွက် သုံးခဲ့တယ်ဆိုတဲ့စွပ်စွဲချက်ကို ဖော်ပြတာ မှားယွင်းတယ်ပေါ့။ အဲဒီဂျာနယ်ထဲ မှာပဲ ” ကျပ်သိန်း ၁၂ဝဝကို ကိုယ်ကျိုး အတွက်အသုံးပြုခဲ့သော ဦးဝင်းကို” အစား ” ယခင်အဖွဲ့အစည်းမှ တာဝန်ရှိသူများကိုသာ ရည်ညွှန်းပြောဆိုခြင်းဖြစ်ကြောင်း” ဟု ပြင်ဆင်ဖတ်ရှုပေးပါရန် ဆို ပြီးတော့မှ သုံးလက်မ တစ် ကော်လံလောက် ထည့်ခဲ့ပေး တာကို ဗဟန်းမြို့နယ် တရား သူကြီးကနေ အဲဒါကို ထောက် ပြပြီးတော့မှ ကျွန်တော်ဦးဇင် ဝိုင်းကိုတရားစွဲတဲ့အမှုကို ပလပ်လိုက်တယ်လို့ပြောတယ်။
အဲဒီတုန်းက တခြားဂျာနယ်တွေမှာလည်း ဦးဝင်းကို အကြောင်းပြောတယ်။ ပြီးတော့ အောက်ဘက်မှာ ငွေအလွဲသုံး စားလုပ်တဲ့အကြောင်း ပြောတာကို ဖော်ပြခဲ့တယ်။ ဒါပေမဲ့ …. News ဂျာနယ်ကတော့ တိုက်ရိုက်ဦးဝင်းကို ငွေသိန်း ၁၂ဝဝ ကို ကိုယ်ကျိုးအတွက် အသုံးပြုတယ်လို့ ပြောထားတော့ သူကတော့ ဂျာနယ်အားလုံးထဲမှာ ထည့်စွပ်စွဲထားတဲ့ ဂျာနယ်ဖြစ်တယ်။ အဲဒီ ဂျာနယ်ကနေပြီးတော့မှ သူတို့ရေးတာမှားပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ပြင်ဆင်ဖတ်ရှုပါရန်ဆိုပြီး ပြန်ထည့်လာတဲ့အပေါ် ဒီဟာကို ဦးဝင်းကို ကို ဦးဇင်ဝိုင်းကပြော ဆိုတာမဟုတ်ပါဘူးဆိုပြီးတော့ မှ တရားရုံးက သုံးသပ်ဆုံးဖြတ် ချက်ချပြီးတော့မှ ဦးတရားစွဲတဲ့အမှုကို ပလပ်လိုက်တာလို့ ဦးယူဆတယ်။
ကျွန်တော်ကတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ အမှန်တရားအတိုင်း ဒီအမှု ပေါ်ပေါက်ဖို့အတွက်ကို ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်းအဆင့် ဆင့်ဆက်လုပ်သွားဖို့ စီစဉ်နေ တယ်။ တချို့ဟာတွေကို အချိန် အတိုင်းအတာတစ်ခု စောင့်ပြီး ရင်ဥပေဒအကြောင်းအရ အဆင့် ဆင့်တက်ပြီးတော့ တရား စွဲဆို ဖို့အတွက်ကို လှုပ်ရှားသွားမှာ ဖြစ်တယ်။ကျွန်တော်  မြင်တာကတော့  အခုဟာက  ဒီလိုမျိုး လက်လွတ်စပယ်  မျက်နှာလွှဲ ခဲပစ်ရေးသားဖော်ပြမှုသည် စာနယ်ဇင်းတွေရဲ့ ဂုဏ်သိက္ခာ ကိုလည်း ထိခိုက်နိုင်သလို ဦးတို့ နိုင်ငံသူ၊နိုင်ငံသားတွေရဲ့ အခွင့် အရေးတွေကိုလည်း ထိခိုက်နိုင်တယ်လို့ ကျွန်တော်ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ စာနယ်ဇင်းတစ်စောင်ကမှားတဲ့အမှားကမှား နိုင်တယ်ဆိုတာ ကို ကျွန်တော်လက်ခံပါတယ်။ လူဆိုတာမှားတတ်တဲ့ သဘော သဘာဝရှိတယ်။ အဲဒါတော့ မှားတယ်ဆိုတဲ့ အတိုင်းအတာ မှာ ပါးပါးလေးမှားတဲ့ဟာမျိုးက ပြဿနာ သိပ်မရှိဘူး။ အခုလို လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ တအားကို ထိခိုက်နိုင်တဲ့ဟာကို ထည့်မှားတာကြီးကတော့ ရိုးရိုး သားသားမှားတဲ့အမှား မဟုတ် ဘူးလို့ထင်တယ်။ စာနယ်ဇင်းက နေပြီးတော့မှ ကျွန်တော့်ကို တောင်းပန်တာလည်း မဟုတ် ဘူး။ဦးဇင်ဝိုင်းကလည်း တောင်း ပန်တာမဟုတ်ဘူး။ စာနယ်ဇင်း ကလည်းတောင်းပန်တာ မဟုတ်ဘဲနဲ့ ပြင်ဆင်ဖတ်ရှုပါရန် အနေ အထားလောက်နဲ့ ကျွန်တော် တို့ မသိလိုက်ဘူး။
တရားရုံး ရောက်မှ  တရားရုံးကနေပြီး တော့မှ ဒီဟာကြောင့် အမှုကို ပလပ်လိုက်တယ်ဆိုမှ ကျွန် တော်တို့သိရတယ်။ပြောချင်တာ က တကယ်တမ်းဆိုရင်ဒီဂျာနယ် ကိုလည်းအစောင်လိုက်ကျွန်တော် တို့ကိုပြသင့်တယ်။မြင်သင့်တယ်။ ကြည့်သင့်တယ်။ပြီးရင် ကျွန်တော် တို့ကိုလည်းမေးသင့်တယ်။ဟိုဘက် ဒီဘက်မေးပြီးတော့ မှ ဖြစ် သင့် ဖြစ်ထိုက်တာကို လုပ်မယ်ဆိုရင် ပိုပြီးတော့ သဘာဝကျမယ်လို့ ကျွန်တော် ထင်တယ်။ဂျာနယ်အပိုင်းကလည်း အခုလိုမျိုးရေးပြီးတော့ အမှားပြန်လည် ဖတ်ရှုပါရန်ဆိုရင် ကျွန်တော်တို့လည်း အဲဒီဂျာနယ်ကို မဟုတ်တမ်းစကားတွေ ပြောပြီးမှ ပြန်တောင်းပန်မယ်ဆိုရင် သူဘယ်လိုခံစားရမလဲဆို တာကိုပဲပြန်မေးချင်တော့ တယ်။ကျောက်တံတားတရားရုံး မှာ တရားစွဲစဉ်အခါတုန်းကတော့ ကျောက်တံတားစခန်းက စစ်တဲ့အထဲမှာ ဒီဟာကိုတင်ပြ ထားခြင်းမရှိဘူးလို့ ကျွန်တော် သိထားတယ်။
အခုမှပဲဗဟန်း တရားရုံးကစစ်တဲ့အထဲမှာတော့ ပါလာတယ်။ရိုးရိုးသားသား နဲ့ရှင်းရင်ဘာမှလည်းပြဿနာ ကြီးကြီးမားမားမရှိဘဲနဲ့ပြီးသွားမယ့်ကိစ္စလေ။အခုအ နေအထား
အရဒီနေ့မေ၃၁ရက်၊တရားရုံး ရုံးချိန်းကဗဟန်းတရားရုံးမှာ ၆ချိန်းမြောက်ပေါ့။အဲဒီမှာ ဦးဇင် ဝိုင်းကျန်းမာရေးမကောင်းလို့ ဆေးရုံတက်လိုက်၊ ပြန်ဆင်းလာလိုက် နဲ့နောက်နေ့ရက်ရွေ့ချိန်း တာမျိုးကိုကျွန်တော် ပြန်ကြား ရတယ်။ … News ဂျာနယ် ကပြင်ဆင်ဖက်ရှုပေးပါရန်ဟာ မျိုးနဲ့တရားရုံးက ပလပ်လိုက် တာကိုကျွန်တော့် အနေနဲ့အ များကြီးစိတ်မကောင်း ဖြစ်ရ ပါတယ်။ဘာကြောင့်လဲဆို တော့ ကျွန်တော်က သိက္ခာကျခံ ခဲ့ရ တဲ့သူဆိုတော့အဲဒီအပေါ်မှာ မှန်မှန်ကန်ကန်မျှမျှတတနဲ့ဖြစ် သင့်ဖြစ်ထိုက်တယ်လို့ကျွန် တော်ထင်တယ်။အဲဒီတော့ … News ဂျာနယ်အယ်ဒီတာ ချုပ်ကိုယ်တိုင်ကလည်းဟုတ် ပါတယ်။သူတို့မှာအသံဖိုင် ရှိပါ တယ်ဆိုပြီးတော့မှ တရားရုံး ခေါ်ရင်သက်သေထွက်ပါမယ် လို့ပြောပြီးတော့မှ ဘာ ဖြစ်လို့ များ ၁. ၃.၂ဝ၁၃မှာ အခုလို ” ပြင်ဆင်ဖတ်ရှုပါရန်” ဆိုပြီးတော့ ပါလာသလဲဆိုတာကို ကျွန်တော်တအားကိုစိတ်ဝင်စားပါတယ်။”

No comments:

Post a Comment