Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 11, 2013

ခါးလှည့်ကွင်းသုံးပြီး ခါးလှည့်ခြင်းဖြင့် မလိုလားအပ်သော အဆီများကို လျှော့ချနိုင်

ခါးတစ်ဝိုက်မှာ ထိန်းပြီး ဝှေ့ယမ်းကာ ကစားရတဲ့ ခါးလှည့်ကွင်း တွေဟာ ကိုယ်အလေးချိန် လျော့ကျမှုကို အများ ကြီး အထောက်အပံ့ ပေးကြောင်း လေ့လာမှု အသစ်တစ်ရပ်က ရှင်းပြခဲ့ပါတယ်။ ခါးလှည့်ကွင်း သုံးပြီး တစ်နာရီ လေ့ကျင့်တာကြောင့် တစ်နာရီအတွင်း လေး မိုင်ကနေ လေးမိုင်ခွဲခန့် လမ်းလျှောက်သ လိုမျိုး တူညီတဲ့ စွမ်းအင်တွေကို အသုံး ပြုလိုက်ပြီး ခါးလှည့်ကွင်းနဲ့ လေ့ကျင့်ခန်း လုပ်သူတွေကို ကိုယ်ခန္ဓာ သွယ်လျလှပ ကာ သန်စွမ်းကျစ်လျစ်စေတယ်လို့ အမေ ရိကန် အားကစားဆေးပညာဆိုင်ရာ ကောလိပ်တစ်ခုရဲ့ လေ့လာမှုတစ်ရပ်အ ရ သိရပါတယ်။ ခါးလှည့်ကွင်းသုံးပြီး လေ့ကျင့်ခန်းလုပ်တဲ့နည်းကို မီရှဲလ်အို ဘာမားတို့လို ကမ္ဘာကျော်တွေတောင် အသုံးပြုနေကြတဲ့ အတွက် အခုနောက်ပိုင်း ခါးအဆီကျကာ ကိုယ်အလေးချိန် ထိန်းလိုသူတွေကြား ရေပန်းစားတဲ့ လေ့ကျင့် ခန်းတစ်မျိုး ဖြစ်လာပါတယ်။

No comments:

Post a Comment