ရန်ကုန်၊ ဇွန် ၁၁
ဒဂုံအထက ၁ မှ အမြွှာညီအစ် ကို နှစ်ဦးစလုံးမှာ ခြောက်ဘာသာဂုဏ် ထူးကိုယ်စီဖြင့် ၂၀၁၃ ခုနှစ်တက္ကသိုလ်ဝင်တန်းကို နှစ်ချင်းပေါက်အောင်မြင်ခဲ့
အချိန် တစ်မိနစ်သာခြားပြီး မွေး ဖွားခဲ့သူ အဆိုပါအမြွှာ ညီအစ်ကိုမှာ ၂ဝ၁၃ တက္ကသိုလ်ဝင်စာမေးပွဲကို ခုံအ မှတ် ဆဒဂ-၃၇၃ နှင့် ဆဒဂ ၃၆၅ တို့ ဖြင့် ဒဂုံ အထက ၁ စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုခဲ့ရာ နှစ်ချင်းပေါက် အောင်မြင်ခဲ့သည်ဟု သိရသည်။
ယင်းအမြွှာညီအစ်ကို နှစ်ဦး၏ အမည်မှာ မောင်ကောင်းဝေလျှံလင်း နှင့် မောင်ကောင်းဝေရန်လင်းဖြစ်ပြ
''ဆရာဝန်မဖြစ်ချင်ပါဘူး။ ကျွန် တော်တို့ညီအစ်ကိုက တီထွင်ရတာ ဝါသနာပိုပါပါတယ်''ဟု မောင်ကောင်း ဝေရန်လင်းက ပြောသည်။
နှစ်စကတည်းက တစ်နေ့စာတစ် နေ့ လေ့လာ၍ နေ့စဉ် ခြောက်နာရီ စာ ကျက်ချိန်ထားကြောင်း၊ တီဗီကြည့်ခြင်း၊ အင်တာနက်၊ ဖေ့စ်ဘွတ် အသုံးပြုခြင်း တို့ကို စာသင်နှစ် တစ်နှစ်လုံးတွင် မ ဆောင်ရွက်ဘဲ စာထဲကိုသာ စိတ်ထည့် ထားကြောင်း ¤င်းတို့၏ ကြိုးစားအား ထုတ်ခဲ့မှုကို မောင်ကောင်းဝေရန်လင်း က ပြောကာ၊ ထိုအချက်များကြောင့် နှစ်ဦးစလုံး ဂုဏ်ထူးရခဲ့သည်ဟု မောင် ကောင်းဝေလျှံလင်းက ဆိုသည်။
ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူ ဖခင် ဦးဝင်းဆွေဇော်၊ ဒေါ် မြင့်မြင့်ကြူတို့က ၁၉၉၇ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် အမြွှာညီအစ်ကိုကို မွေးဖွား ခဲ့ပြီး စုစုပေါင်း မွေးချင်း ၃ ဦးအနက် အကြီးဆုံး သားများဖြစ်ကြ သည်။
မိခင်ဒေါ်မြင့်မြင့်ကြူက''ကျ
အမြွှာမွေးများမှာ ထူးချွန်စွာ အောင်မြင်မှုရှိသော်လည်း ဤကဲ့သို့ ခြောက်ဘာသာကိုယ်စီဖြင့် ဂုဏ်ထူး ထွက်မှုမှာ အလွန်နည်းပါးသည့် ဖြစ်ရပ် ဟု အခြေခံပညာအသိုင်းအဝိုင်း က ဆိုသည်။မင်းသုအောင်
မှ-ပေါ်ပြူလာ
No comments:
Post a Comment