Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 16, 2013

B.E အရက်ဖြူ အဆီသောက်သူ ၄ ဦး အသက်ဆုံး


ဘီအီး အရက်ဖြူ အဆီကို သောက်လို့ လူ ၄ ဦး သေဆုံး သွားခဲ့ပါတယ်။ ဘီအီး အရက်ဖြူ အဆီသောက် သူတွေအတွက် လူ ၄ ဦးကတော့ အသက်နဲ့ ရင်းပြီး အသိပေးခဲ့ပါပြီ။ 


ဘီအီးအရက်ဖြူ အဆီသောက်ပြီး လူသေးဆုံးမှု ဖြစ်တာက ရန်ကုန်တိုင်း ဆိပ်ကြီး ခနောင်တိုမြို့နယ် ပန်းပင်ချောင် ရပ်ကွက်မှာ ဇွန်လ ၁၅ ရက်နေ့က ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ မှာ ဖော်ပြထားပါတယ်။ 

လူ(၄)ဦး မူးဝေအော့အန်၍သေဆုံးကြောင်း သတင်းအရ ဆိပ်ကြီးခနောင်တို မြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ အဆိုပါကျေးရွာနေ  လူ ၄ ဦးဟာ မူးဝေအော့အန်/ ဗိုက်အောင့်/ရင်ဘတ်ပူ လက္ခဏာတွေနဲ့ သေဆုံးနေသည်ကိုတွေ့ရတယ်လို့ ရဲဇာနည်မှာ ရေးသားထားပါတယ်။ 

ရဲစစ်ဆေးချက်တွေအရ သူတို့ သောက်သုံးခဲ့တဲ့ ဘီအီးအရက်ဖြူအဆီ ရေသန့်ဗူး ၁ ဗူးကို ရေ ၃ ပုလင်း ခွဲခန့် ရောစပ်သောက်တာမှ အဲဒီ လူ ၄ ဦး သေဆုံးသွားခဲ့တာဖြစ်ပြီး အလောင်းတွေကို ဆေးရုံတွေကို ပို့ကာ သေမှုသေခင်းအမှုဖွင့် စုံစမ်းနေတယ်လို့လည်း ဆိုပါတယ်။ 

ဒီဖြစ်ရပ်ဟာ အရက်သောက်သူတွေအတွက် အထူး သတိပေးချက်တခုလည်းဖြစ်ပါတယ်။ လွန်ခဲ့ တဲ့ နှစ်
တွေ တုန်းကလည်း ချက်အရက်သောက်သုံးမိရာက သေဆုံးမှုတွေ ခဏ ခဏ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် သတိမမူမိကြပဲ သောက်သုံးရင်း အသက်ဆုံးကြရပါတယ်။  

ဒါကြောင့်ပဲ အရက်ကို သေစေတတ်လို့ သေရည် လို့ ခေါ်ကြတာ ထင်ပါရဲ့။ 



အိမ့်သံစဉ် ~

No comments:

Post a Comment