Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 4, 2013

၂၀၀၉ ခုနှစ်က ကမ္ဘာ့အကောင်းဆုံး စူပါကား Veritas RS3



လန်ဒန် မော်တော်ယာဉ် ပြပွဲ တစ်ခုက ပေးလိုက်တဲ့ဆုပါ။ သို့ပေမယ့် ယင်းကားကို လူတော်တော်များများ မသိကြပါဘူး။ Veritas RS3 လို့ အမည်ရပါတယ်။

၂၀၀၉ ခုနှစ်က ထုတ်လုပ်တာပါ။ နှစ် ၅၀ ကြားမှာ ဘာမှ မထုတ်လုပ်ပဲ ရပ်နားသယောင်ရှိခဲ့တဲ့ ဂျာမန်Veritas ကုမ္ပဏီရဲ့  ဖန်တီးချက် ဖြစ် ပါတယ်။ အရင်ခေတ်တွေက လူသိများ ပြိုင်ကား ထုတ်ခဲ့တဲ့ ကုမ္ပဏီ တစ်ခုလည်း ဖြစ်ပါတယ်။

ယခု အသစ်ထုတ်ခဲ့တဲ့ Veritas RS3 ဟာလည်း အရေအတွက် အနည်းငယ်သာ ရှိပြီး ကမ္ဘာ့ ထိပ်တန်း သူဌေးတွေပဲ ပိုင်ပါတယ်။ BMW ရဲ့  ၅၀၀၀ စီစီ ၆လုံးပူး V အင်ဂျင်ကို အသုံးပြုပြီး မြင်းကောင်ရေ အား ထုတ်လုပ်နိုင်မှုက ၆၀၀ တောင် ရှိပါတယ်။

တံခါး ၂ ပေါက် ပြိုင်ကားဖြစ်ပြီး ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၄ သိန်းဝန်းကျင်နဲ့ ရောင်းချခဲ့ပါတယ်။ အစီးရေ ဆက်မထုတ်သေး တဲ့အတွက် ယနေ့ပြန်ရှာဝယ်ရင် ယင်းထက် မက ဈေးနှုန်းမြင့် မားနိုင်ကြောင်း သိရပါတယ်။
--
Ref: wiki

Credit & Copy From >ColayOnline:Automobile

No comments:

Post a Comment