CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ရှာဖွေရေးအင်ဂျင်အသစ်တစ်ခုဖြစ်တဲ့ Star Trek
သင်သိပါသလား?
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Google ရဲ့နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Developers ကွန်ဖရင့်စ်ကို Google I/O မှာကျင်းပခဲ့ပါတယ်။
Google ဟာလတ်တလောအနေနဲ့ သူတို့ရဲ့ လူသားကဲ့သို့သော ရှာဖွေရေးအင်ဂျင်အသစ်တစ်ခုဖြစ်တဲ့ Star Trek အကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ Search engine ဟာ မေးခွန်းတစ်ခုခုကို မေးလိုက်ပြီဆိုရင် နောက်ထပ်မေးနိုင်တဲ့ မေးခွန်းတွေကိုပါတခါတည်းမှန်းဆပြီးသားဖြစ်အောင် လုပ်ထားတယ်လို့ဆိုပါတယ်။
လက်ရှိကျွန်တော်တို့ သုံးနေတဲ့ Google က ကျွန်တော်တို့ရှာလိုက်တဲ့ စကားလုံးတွေကို အင်တာနက်/Web Page တွေထဲမှာရှိတဲ့စကားလုံးတွေနဲ့တူမတူ တိုက်စစ်ပြီး တူတဲ့ဟာတွေကိုထုတ်ပြတဲ့ စနစ်ပဲရှိပါသေးတယ်။
Star Trek ကတော့ စကားလုံးတွေရဲ့ အဓိပ္ပါယ်တွေကို နားလည်နိုင်စွမ်းရှိရုံမကပဲ ယဉ်ကြောပိတ်ဆို့မှု၊
ရာသီဥတုအခြေအနေတို့ကို တည်နေရာအလိုက်မေးစရာမလိုပဲဖြေပေးပါလိမ့်မယ်။
အသံနဲ့ရှာချင်တယ်ဆိုရင်တော့ Chrome Browser ကို" OK google " လို့အမိန့်ပေးလိုက်တာနဲ့ voice search ၀န်ဆောင်မှုစနစ် ပွင့်လာပြီး စကားပြောလိုက်ရုံနဲ့ လိုချင်တဲ့အချက်အလက်တွေကိုပြပေးမှာဖြစ်ပါတယ်။
ဒါ့အပြင် နောက်ထပ်ပါတဲ့ အံသြစရာ ၀န်ဆောင်မှုကတော့ ဥပမာ....မနှစ်က ဘန်ကောက်ကိုခရီးသွားခဲ့တဲ့ ဓါတ်ပုံတွေပြန် ကြည့်ချင်တယ်လို့ Google ကိုပြောလိုက်တာနဲ့ အဲဒီဓါတ်ပုံတွေကို Google + ထဲကနေယူပြီးပြန်ပြပေးမှာပါ။
တည်နေရာကိုမေးချင်တယ်ဆိုရင်လည်း ဥပမာ..... How far from here to New York ? လို့မေးလိုက်တာနဲ့ အကွာအဝေး၊ရာသီဥတု အစရှိတဲ့အချက်အလက်တွေ အကုန်လုံးကိုဖော်ပြပေးမှာပါ။ ဒါကြောင့် ဒီ ၀န်ဆောင်မှုကို
New York Times က Apple ရဲ့အသံဝန်ဆောင်မှုဖြစ်တဲ့ Siri ရဲ့ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်လာနိုင်ရုံမက
Google ဟာလူတွေရဲ့စိတ်ကိုဖတ်ဖို့တောင်ကြိုးစားနေပြီလို့ဝေဖန်ထားပါတယ်။
ref : The New York Times
Knowledge Myanmar< Thank
ရှာဖွေရေးအင်ဂျင်အသစ်တစ်ခုဖြစ်တဲ့ Star Trek
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
May 17, 2013
Rating:
5
No comments:
Post a Comment