CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ဆင်ဆာလွှတ်ပေးတော့ လည်း ဗွီဒီယိုကားတွေသောက်တလွဲ
၁၄နှစ်သမီး၊
ကိုးတန်းကျောင်းသူကို နှုတ်ခမ်းချင်း နမ်းတဲ့အခန်း၊ မတရားကျင့်တဲ့အခန်းတွေ
ပါတဲ့ ဇာတ်ကားနဲ့ပဲ မြန်မာကားတွေ တိုးတက်နေပါ့လားလို့ ပြုံးပြုံးကြီး
မှတ်ချက်ချရမလား။
ဆင်ဆာကြောင့် မြန်မာကားတွေ မတိုးတက်ဘူးဆိုပဲ။ လွှတ်ပေးတော့ လည်း သောက်တလွဲလို့ပဲ ပြောရမယ်။ မရိုက်ရဘူးမတားပါဘူး။
ကော်မာရှယ် ထုတ်ကုန်တစ်ရပ်ဟာ ကလေးတစ်ယောက်ရဲ့ စိတ်ဓာတ်၊ ကျင့်ဝတ်နဲ့
ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု Mental, Moral and Physical Harm မဖြစ်အောင်
အတတ်နိုင်ဆုံးကာကွယ်ရပါမယ်။
သူသဘောတူလို့ရိုက်တာလို့ ပြောမရတဲ့အကြောင်းက အကောင်း အဆိုး၊ အကြောင်းအကျိုး
မခွဲခြားနိုင်သေးတဲ့ အရွယ်ဖြစ်နေလို့ပါ။ (လူကြီးနဲ့ အတူတူ စဉ်းစားလို့
မဖြစ်ပါဘူး) ခုပဲကြည့်ပါ၊ အမြင်မတော်လို့ ပြောတဲ့သူတွေက ယုတ်မာတာတဲ့။
အဲသည်ကလေးမက ပြောနေပါပြီ။ (အောင်မလေး၊ ကလေးကိုသွားဗျူး တဲ့သူက ဗျူးသဗျို့)
ဟိုတုန်းက တွင်းသင်းမင်းကြီင်္းတို့များ မုဒုလက္ခဏ ဇာတ်ကို
ဒေါသမပါအောင်ဖွဲ့သွားတာပါ။ အင်မတန်ကြမ်းတမ်းတဲ့ အကြောင်းအရာကို
အနုပညာမြောက်အောင် ဖွဲ့လို့ရပါတယ်။ တဏှာရာဂ ထကြွအောင်ရိုက်တာနဲ့
ဇာတ်လမ်းသဘောကို အနုပညာမြောက်အောင် ရိုက်တာနဲ့မတူပါဘူး။
တဏှာဝမ်းစာနဲ့ရိုက်ရင် တဏှာကားပဲ ထွက်မှာပေါ့။ ဘယ်သူဘာလဲဆိုတာ သိနေကြတာပဲ...... နှော
(အောက်ကလင့်မှာ ကလေး အခွင့်အရေးနဲ့ လုပ်ငန်းခွင် စည်းမျဉ်းစာအုပ်၊ ဒေါင်းရအောင်ချိတ်ပေး ထားပါတယ်)
http://www.unglobalcompact.org/docs/issues_doc/human_rights/CRBP/Childrens_Rights_and_Business_Principles.pdf
သက္က မိုးညို
Myawady
ဆင်ဆာလွှတ်ပေးတော့ လည်း ဗွီဒီယိုကားတွေသောက်တလွဲ
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
May 14, 2013
Rating:
5
No comments:
Post a Comment