Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 19, 2013

ကြိုက်ရင် Like .........


အလုအယက် share ခြင်းဟာ ယဉ်ကျေးမှုတစ်ခုလိုပဲ
 မနက်ခင်းကို What's on your mind နဲ့ ဖွင့်တယ်
  ညခင်းကို အိပ်တော့မယ်နဲ့ ပိတ်တယ်
  လှိုင်းလုံးတွေ လေတွေထန်တယ်
  မဟာဆန်တိုက်နေလို့ .....
  ကြိုက်ရင် Like သဘောကျရင် Share မကျေနပ်ရင် ဆဲပါ။


တချို့ က အွန်လိုင်းမှ တဆင့်
 ရင်ဘတ်ချင်း ဂျပ်ပင်ထိုးကြတယ်
  တချို့ က အွန်လိုင်းမှတဆင့်
  လူသတ်မှုကျူးလွန်တယ်
  သဲလွန်စမကျန်ခဲ့ဘူး
တချို့ က ဖေ့စ်ဘွတ်ကို နွေရာသီလုပ်ပစ်တယ်
 တချို့ က အဲကွန်းတပ်တယ်
 သူဟာနဲ့ သူ အဆင်ပြေနေတာ့တာပဲ..

(ဒီနေရာမှာ အပေါ်က ခေါင်းစဉ်ကို တစ်ခေါက်ပြန်ဖတ်ပါ။)

ဖေ့စ်ဘွတ်ဟာ ထမင်းမစားဘူး
 အချိန်စားတယ်၊ ဦးနှောက်စားတယ်
 ရေရှားတယ်။ ပရဟိတလုပ်တယ်
 မိုးသီးကြွေတာကိုဓာတ်ပုံရိုက်တယ်..
 ဂျန်တဲလ်မန်းကို လဲ..လဲ.....လဲ.....လဲ ကလေးမီးလောင်တာ
 အကြော်ကြော်ရင်းက ဆိုပဲ.........ကြိုက်ရင် like..... ကျန်တာကိုယ့်ဘာသာဆက်ဖြည့် ခေါင်းစဉ်မှာပါတယ်။

တံဆိပ်ကပ်လုပ်ငန်းတွေအလုပ်ဖြစ်တယ်
 အကောင့်အဟောင်းအပျက်တွေဝယ်ဒယ်
 အဆဲအငှားလိုက်တယ်....တချို့ အုန်းသီးခွဲတယ်၊ ခြစ်တယ်၊ ညှစ်တယ်
 ဆေးကျောင်းမမီပေမယ့် တချို့ ဆေးထိုးတယ်
 ဒီကိစ္စနဲ့ ပတ်သက်လို့ ကတော့. ကွကို ထမင်းဆာတာရေးတယ်
 မိုက်ထှာ..ဟယ်
 ရိုးသားခြင်းတွေ ဈေးကောင်းရနေတယ်
 ပူလောင်ခြင်းတွေကို စိုးသူနဲ့ ငြိမ်းပစ်တယ်
 ကြည်ဖြူပါ..ကြည်ဖြူပါမေရယ်။

လွတ်လပ်တယ်
 စည်းမဲ့တယ်
 ပရမ်းပတာနိုင်တယ်၊ တာဝန်ယူမှုနည်းတယ်
 မီဒီယာဇီးထုတ်မှာ ဆိုးဆေးမိတယ်
 ဖေ့စ်ဘွတ်ဇီးထုတ်မှာ ထိုးဆေးထိတယ်
 နိုင်ငံရေးဇီးထုတ်မှာ.....အဲ အဲ အဲ ဇာတ်ထုတ်မှာ ပြည်ဖုံးကားရှိတယ်
 တွေးတောခြင်းမှာ ပြဿနာရှိတယ်
 ရေးသားခြင်းဟာ status ဖြစ်တယ်..
 ကျောက်ခေတ်လူသားစိတ်က ခုထိပါတုန်းမို့ 
 နံရံ ပေါ် စာတွေရေးမိတယ်...
 ဟုတ်ကဲ့ ဒီတစ်ပိုဒ်အဆုံးလဲ ခေါင်းစဉ်က အတိုင်းပဲ
 ကြိုက်ရင်...

by Aung Kyaw Phyo

(

●̮̮̃•̃)
/█\
.Π.
Nay Lin Thike ٩(-̮̮̃-̃)۶ နေလင်းသိုက် __̴ı̴̴̡̡̡ ̡͌l̡̡̡ ̡͌l̡*̡̡ ̴̡ı̴̴̡ ̡̡͡|̲̲̲͡͡͡ ̲▫̲͡ ̲̲̲͡͡π̲̲͡͡ ̲̲͡▫̲̲͡͡ ̲|̡

No comments:

Post a Comment