ကလေးသူငယ်
လိင်စော်ကားမှု Child sexual abuse ဆိုတာ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ
“အသက်မပြည့်သေးတဲ့ ကလေးကို လိင်ပိုင်းဆိုင်ရာစော်ကားမှု ကျူးလွန်တာ” ကို
ခေါ်ပါတယ်။ တိတိကျကျပြောရရင် “ကျူးလွန်သူကနေ ကလေးငယ်တွေကို လိင်ကျေနပ်မှု
ရချင်လို့ နှိုးဆွမှုမှာအသုံးချတာ၊ လွှမ်းမိုးမှု၊ အယောင်ဆောင်မှု၊ အားသုံးမှု၊
ဆွဲဆောင်မှုတွေနဲ့ လိင်ကိစ္စအလို့ငှာ တလွဲအသုံးချတာ ဖြစ်တယ်။ ကလေးငယ်မရဲ့
အသက်ဟာ ဥပဒေအရရော ဇီဝကမ္မအရပါ သဘောတူညီချက် ပေးနိုင်ခြင်း
မရှိသေးတဲ့အရွယ်ပါ။
အသက်မပြည့်ဆိုတာ ဘာလဲ
မဲပေးဘို့က ၁၈ နှစ်၊ အရက်ဝယ်ချင်ရင် ၁၈ နှစ် (မြန်မာပြည်မှာ
အကန့်အသတ်မရှိ)၊ အရေးပေါ်တာဆေး ဝယ်ချင်ရင် ၁၅ နှစ် (မြန်မာပြည်မှာ
အကန့်အသတ်မရှိ)။ သားအိမ်ဝကင်ဆာ ကာကွယ်ဆေးထိုးရမဲ့ အသက် ၉ နှစ်။
လိင်စော်ကားတာ ခံရနိုင်တဲ့အသက် တကမ္ဘာအလုံးမှာ အကန့်အသတ်မရှိ။
အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (CDC) သုတေသနတခုအဆိုအရ
အဲလိုအမှုပေါင်း တနှစ် ၃့၆ သန်း တိုင်တန်းတာရှိတယ်။ အသက် ၁၈ နှစ်အောက်
ယောက်ျားလေး ၆ ယောက်မှာ ၁ ယောက်နဲ့ မိန်းကလေး ၄ ယောက်မှာ ၁ ယောက်
အဲလိုမျိုး တနည်းနည်းနဲ့ စော်ကားခံနေကြရတယ်။ အသက်နဲနဲပိုကြီးလာလေလေ
စော်ကားခံရတာ များလေလေ ဖြစ်တယ်။ ဥပမာ ၃ နှစ်အောက်ကလေးတွေက ၁ဝ% ရှိပြီး ၁၂
နှစ်အထက်က ၃၆% ရှိတယ်။ မသန်မစွမ်းဖြစ်နေကြသူ (အမြင်အားနည်း၊ အကြားအားနည်း၊
စိတ်ရောဂါသည်) ဖြစ်ရင် ပိုပြီး ခံရတဲ့နှုန်း မြင့်တယ်။
နမ်းခြင်း၊ မဖွယ်မရာ ကိုယ်ခန္ဓာနေရာ (လိင်အင်္ဂါ၊ နို့ နဲ့ တင်ပါး) တွေမှာ
ထိကိုင်ခြင်း၊ အာသာဖြေခြင်း၊ ပါးစပ်-လိင်အင်္ဂါတွေ ထိစပ်ခြင်း၊ လိင်အင်္ဂါနဲ့
လက်ချောင်းထိုးသွင်းခြင်း၊ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကြည့်စေခြင်း၊ အဝတ်အစား
ဖေါ်ချွတ်စေခြင်း၊ နှုတ်အားဖြင့် လိင်စိတ်ဆိုင်ရာ စကားတွေပြောဆိုခြင်း၊
အခကြေးငွေယူတဲ့ လိင်လုပ်ငန်းမှာ အသုံးချခြင်း စတာတွေပါတယ်။
ထိတွေ့မှုမပါဘဲနဲ့လဲ ဖြစ်နိုင်တယ်။ ဥပမာ ကလေးသူငယ် ညစ်ညမ်းဗီဒီယိုလုပ်ငန်း။
အမေရိကန်ပြည်ထောင်စု၊ ပင်ဆယ်လ်ဗေးနီးယား၊ ကျောင်းစိတ်ပညာရှင်များအသင်းရဲ့ ၂ဝ၁၁ ထုတ် လက်စွဲစာအုပ်ထဲမှာ အမျိုးအစား ၁ဝ မျိုးပါတယ်။
၁။ Rape အဓမ္မကျင့်ခြင်း (မုဒိန်း)
၂။ Sexual assault လိင်စော်ကားခြင်း၊
၃။ Involuntary deviate sexual intercourse သဘောမတူ ပြုကျင့်ခြင်း၊
၎။ Aggravated indecent assault မဖွယ်မရာပြုခြင်း၊
၅။ Molestation စော်ကားခြင်း၊
၆။ Incest အမျိုးခြင်းပေါင်းသင်းခြင်း၊
၇။ Indecent exposure မဖေါ်အပ်သည်ကို ချွတ်ဖေါ်ခြင်း၊
၈။ Prostitution ပြည့်တန်ဆာလုပ်ခြင်း၊
၉။ Sexual abuse လိင်တလွဲသုံးခြင်း
၁ဝ။ Sexual exploitation လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း
တလွဲအသုံးချခံရသူတွေဟာ မိန်းကလေးတွေရော၊ ယောက်ျားလေးတွေပါဖြစ်တယ်။
အဖြောင့်သမား (ယောက်ျား+မိန်းမ) တွေကရော ဂေး (လိင်တူ) တွေကပါလုပ်တယ်။ ၂ဝဝ၉
ခုနှစ်က နိုင်ငံပေါင်း ၂၂ နိုင်ငံကို ဆန်းစစ်မှုလုပ်တော့ ဒီလိုတွေ
တွေ့ရှိခဲ့တယ်။
(က) ကျူးလွန်ခံရသူတွေ
• မိန်းကလေး = ၁၉့၇%
• ယောက်ျားလေး = ၇့၉%
(ခ) နေရာဒေသတွေ
• အာဖရိက = ၃၄့၎%၊
• အာရှ = ၂၃့၉%၊
• အမေရိက = ၁ဝ့၁%
• ဥရောပ = ၉့၂%၊
(ဂ) ကျူးလွန်သူတွေ
• ၆ဝ% အသိမိတ်ဆွေတွေ (အိမ်နီးချင်း၊ ကလေးထိန်း၊ ဆရာသမား၊ ကိုးကွယ်ထားသူတွေ)၊
• ၃ဝ% အမျိုးတော်သူတွေ၊
• ၁ဝ% တစိမ်းတရံတွေ၊
• ၁၄-၄ဝ% အရွယ်ရောက် အမျိုးသမီးတွေ၊
• ၆% အရွယ်မရောက်သေး မိန်းကလေးတွေ။
ကျူးလွန်သူတွေရဲ့ နောက်ကြောင်းကိုလိုက်ရင် သူတို့ဟာ အရင်ကလဲ
အဲလိုလုပ်ဘူးသူတွေဖြစ်တတ်တယ်။ ၁၇-၁၂-၁၂ နေ့မှာ လူ ၂ ဦးကနေ
အရွယ်မရောက်မိန်းကလေးတွေကို စော်ကားတယ်ဆိုတဲ့သတင်း ဘီဘီစီမှာ ပါခဲ့တယ်။
(ပေါလ် သောမတ်စ်) အသက် ၅ဝ ကနေ အမှုပေါင်း ၂၅ ခုနဲ့ အသက် ၄ဝ ရှိ (ဂျယ်ရီ လီ)
မှာ အမှုပေါင်း ၃ မှုကို ၁၄ နှစ်အတွင်းမှာ ကျူးလွန်ခဲ့ကြတာဖြစ်တယ်။
ကျူးလွန်းသူတွေဟာ အရက် ဒါမှမဟုတ် မူးယစ်ဆေး သုံးစွဲသူတွေဖြစ်တတ်တယ်။
သူတို့ဟာ အသက်ပြည့်သူတွေနဲ့ဆိုရင် လိင်ကျေနပ်မှုအရနည်းသူ၊ စိတ်လှုတ်ရှားမှုကို
မထိန်းနိုင်သူတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူတွေ ဖြစ်တာတွေ့ရတယ်။
စော်ကားခံထားရသူတွေ ဘယ်လိုနေမလဲ
• ၄ဝ% မှာ လက္ခဏာမပြပါ။ မပြဘူးဆိုတာ အကောင်းပကတိတော့ မဟုတ်ပါ။
• ခံစားရမှာတွေက ရေတိုနဲ့ ရေရှည် ကျန်းမာရေးထိခိုက်တာတွေဖြစ်တယ်။
စိတ်ကျန်းမာရေး၊ စိတ်လှုတ်ရှားမှု ရုပ်ပိုင်းနဲ့ လူမှုရေးပိုင်းတွေမှာ
အနုတ်သဘောတွေ အနည်းနဲ့ အများ သက်ရောက်တာ ခံကြရတယ်။
• စိတ်ဓါတ်ကျခြင်း၊ အပြစ်ရှိနေတယ်လို့ ခံစားနေရခြင်း၊
ကြောက်စိတ်ဝင်နေခြင်း၊ ဒဏ်ခံရပြီးနောက် စိတ်ဖိအား များနေခြင်း၊
သီးခြားနေလိုစိတ်နဲ့ စိုးရိမ်စိတ်ကဲနေခြင်း၊ အစားအသောက်မှာ ပြဿနာရှိခြင်း၊
ကိုယ့်ကိုယ်ကို အထင်သေးခြင်း၊ စတာတွေဖြစ်နေနိုင်တယ်။
• အမူအယာပြဿနာတွေလဲ ရနေနိုင်တယ်။ ကျောင်းမှာ စာသင်ရတာ
စိတ်ဝင်စားမှုနည်းလာတာ၊ မူးယစ်ဆေးဝါး လိုက်စားချင်လာတာ၊ ဖျက်လိုဖျက်ဆီး
လုပ်ချင်စိတ်ပေါက်တာ၊ ရာဇဝတ်မှုကျူးလွန်ချင်လာတာ၊ ကိုယ့်ကိုယ်ကို
သတ်သေချင်စိတ်ဝင်လာတာတွေ။
• လိင်ကိစ္စမှာ ပေါ့ပေါ့တွက်ရာကနေ စိတ်ချရတဲ့ လိင်ဆက်ဆံရေးကို
လိုက်နာတာနည်းလို့ လိင်ကတဆင့် ကူးစက်ရောဂါတွေ ပိုရကြတယ်။
မီးကောင်ပေါက်အရွယ်မှာ မလိုချင်တဲ့ ကိုယ်ဝန်ရတာ ၂၅% ရှိတယ်။
• ၂ဝ၁ဝ ခုနှစ်တုံးက ကလေးပေါင်း ၁၅၃၇ ယောက်ဟာ ဒီလိုခံရတာတွေနဲ့ ဆက်စပ်ပြီး သေဆုံးခဲ့ကြရတယ်။
• တကြိမ်တခါ မဖွယ်မရာအပြုခံရဘူးသူတွေဟာ တနည်းနည်းနဲ့ ထပ်စော်ကားခံရတာတွေလဲ တွေ့ရတယ်။
အွန်လိုင်း မယဉ်ကျေးမှု သတိပြု
အမေရိကားမှာ အသက် ၂၁ နှစ်သား (ဒီဗွန် ကင်န်) ကနေ ၁၃ နှစ်သမီးလေးကို
ဖေ့စ်ဘွတ်မှာတွေ့ပြီး ဆက်ဆံတဲ့အထိ ဖြစ်ခဲ့တယ်။ အမှန်က မိန်းကလေးကိုယ်တိုင်က
၁၈ နှစ်ပြည့်ပြီလို ညာခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်မှာက ဖေ့စ်ဘွတ်ကို
သုံးကြတာများတယ်။ နာမည်ရင်းမဟုတ်သူကများပြီး About မှာ လိမ်ညာထားသူတွေလဲ
မနည်းဘူး။ သတိပေးချင်တာက သားကောင်လဲဖြစ်နိုင်ပြီး ရာဇဝတ်သားလဲ
ဖြစ်နိုင်တယ်။
၂ဝ၁၁ မတ်လထဲမှာ ဥရောပရဲအဖွဲ့ Europol ယူရိုပိုလ် ကနေ အဖွဲ့ဝင်ပေါင်းက ၆၇ဝ
ရှိတဲ့ အွန်လိုင်းရာဇဝတ်မှုဂိုဏ်း Paedophile ring ဆိုတာကိုဖြိုခွဲပြီး
ကလေးပေါင်း ၂၃ဝ ကိုကယ်ခဲ့ရတယ်။ Pedophilia ဆိုတာ စိတ်ရောဂါတမျိုးသာ
ဖြစ်တယ်။ ၁၆ နှစ်သားလေးတွေကနေ အသက် ၁၁ နှစ်အရွယ် အပျိုဘော်မဝင်သေးတဲ့
မိန်းကလေးတွေအပေါ်မှာ အထူးစိတ်ဝင်စားတာကိုခေါ်ပါတယ်။
ဘာသာရေး
မြန်မာပြည်မှာ ဘာသာရေးမုန်းတီးမှုတွေ ဖြစ်နေသေးချိန်မှာ ရေးတော့မရေးချင်ပါ။
ဒါပေမဲ့ သတိထားစရာ စုံစေ့ချင်လို့ ထည့်ပါရစေ။ ၆-၁၁-၂ဝ၁၂ နေ့သတင်းတခုထဲမှာ
ဗြိတိန်မှာ မွတ်ဆလင်တွေကနေ စောင့်ရှောက်ရေး ဂေဟာတွေမှာ အရွယ်မရောက်သေးတဲ့၊
ခုခံမှုလည်း အားနည်းနေတဲ့ မိန်းကလေးတွေကို အုပ်စုလိုက် အဓမ္မကျင့်ကြတယ်လို့
ပါခဲ့တယ်။ သတင်းကိုတင်တဲ့အခါ ရှေးခေတ် အော်တိုမန် တာ့ခ်တွေကနေ ဆားဗီးယန်း
အော်သိုဒေါက်စ် ဘရားကျောင်းထဲမယ် ခရစ်ယန်အမျိုးသမီးတွေကို အုပ်စုလိုက်
အဓမ္မဆက်ဆံမှုပြုနေကြတဲ့ ပန်းချီကားနဲ့ တွဲထားပါတယ်။ လန်ကရှိုင်းယား နဲ့
လီဗာပူးမှာ ဖြစ်ခဲ့တာကတော့ ဘာသာသူတူ မွတ်ဆလင် မိန်းကလေးငယ်တွေဖြစ်ပါတယ်။
အခုရဟန်းမင်းကြီးရဲ့အရင် (ပုတ်ပ်) လက်ထက်မှာ လိင်နဲ့ဆိုင်တဲ့သတင်းတွေ
အများကြီးထွက်ခဲ့ပါတယ်။ တခြား ဘာသာတွေမှ မဟုတ်ပါ။ သင်္ကန်းဝတ်နဲ့
မတော်တရော်ပုံတွေ၊ ဗီယိုတွေ တွေ့နေကြတယ်မဟုတ်ပါလား။ ဘာသာရေးသာ
မဟုတ်သေးပြန်ပါ။ ပျောက်စေဆရာ၊ ဗေဒင်ဆရာတွေလဲ ပါတာဘဲ မဟုတ်ပါလား။
ဘယ်လိုတာကွယ်မလဲ
• အသိတွေ၊ မိတ်ဆွေ (ဖေ့စ်ဘွတ် ဖရင်းတွေလဲပါတယ်)၊ အိမ်နီးချင်းတွေကို ကြပ်ကြပ် သတိထားပါ။
• တစိမ်းတရံမှန်ရင် စကားတောင်သွားမပြောနဲ့ ဥပဒေသ ဒီနေရာမှာ သိပ်အသုံးမကျပါ။
• အမျိုးတော်တာဘဲ ပွေ့ဖက်နမ်းရှုံ့တာ ကိစ္စမရှိပါ မလုပ်ပါနဲ့။
• မမြင်ကွယ်ရာမှာ အမျိုးတော်တော်၊ အသိဖြစ်ဖြစ် ဘယ်သူနဲ့ထားခဲ့ရပါစေ၊ စိတ်မချပါနဲ့။
• အများကြည်ညိုခံရတဲ့ ပုဂ္ဂိုလ်ဘဲဆိုပြီး ကိုယ့်ကလေးကို လွှတ်ထားမပေးပါနဲ့။
• ကိုယ့်ကလေးနဲ့ကိုယ် ဆက်သွယ်ရေး ကောင်းကောင်းထူထောင်ပါ။ မေးတာကို အားပေးပါ။ ဖြေရာမှာ အားမနည်းပါနဲ့။
• မမှန်ဘူးထင်တာကို ပြန်ပြောဘို့၊ တိုင်တန်းဘို့ အားပေးပါ။ တရားဥပဒေက ခွင့်ပြုတာလဲ သင်ပေးပါ။
• ကိုယ့်ကလေးကိုယ် လိင်ကျန်မာရေး အခြေခံလောက်သင်ထားပေးပါ။ လိုအပ်ရင် ဆရာဝန်အကူအညီယူပါ။
ကလေးတွေကို လိင်မှုဆိုင်ရာ မဖွယ်မရာသတင်းတွေ (ဂူဂယ်လ်) မှာ ရိုက်ရှာရင်
တသီတတန်းကြီး တွေ့ပါလိမ့်မယ်။ ဗာတီကန်စီတီး၊ ပင်တာဂွန်၊ ဟောလိဝုဒ်၊
နာမည်ကြီး ထိပ်သီးတွေပါနေတယ်။ သူများတွေဆီမှာ အဲလောက်တောင် ဖြစ်နေသလား၊
မကဲ့ရဲ့ပါနဲ့။ ကိုယ့်ဆီမှာ ဂူဂယ် ရှာဖွေအင်ဂျင်က ဝင်မရလို့သာ လူမမယ်
မြန်မာကလေးတွေ ဘယ်လောက်ထိ စော်ကားမှုခံနေရသလဲ မသိနိုင်တာသာ ဖြစ်ပါမယ်။
ပြုပြင်စရာတွေ သိန်းခြောက်သောင်းထဲမှာ ဒီအကြောင်းလဲ ထည့်ကြပါခင်ဗျား။
“အရွယ်ငယ်သေး မိန်းကလေး စော်ကားခံရမှုဘေးက ဝေးကြပါစေ။”
ဒေါက်တာတင့်ဆွေ
၁၆-၅-၂ဝ၁၃
- Wet dream (2) အိပ်နေတုံးမှာ သုက်ထွက်တာ (၂)
- Wet dream အိပ်နေတုံးမှာ သုက်ထွက်တာ
- အမျိုးသားများ စိတ်ဖြေခြင်း (Masturbation)
- Masturbation (မာစတာဘေးရှင်း)
- Female Masturbation (2) အမျိုးသမီးများ အာသာဖြေခြင်းဟာ အကုသိုလ်လား
- Female Masturbation (1) အမျိုးသမီးများ ဖါသာ-အာသာဖြေခြင်း (၁)
- Primolut N အမျိုးသမီးသုံးဆေး
- Virginity (2) လူပျိုစစ်တယ် ပြောတာဘဲ
- True virgin အပျိုစစ်
- Virginity (1) အပျို တကယ်စစ်ပါတယ်
- အပျိုဖော်ဝင်စအရွယ်
- အပျိုရည် ပျက်ခြင်း(အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)
- Virginity fraud အပျိုရည် ပျက်ခြင်း
- သမီးရည်းစားအဆင့်ကနေ ကျော်ဖို့နှစ်ယောက်စလုံး အသင့်ဖြစ်ပြီလား
- လက်မထပ်ခင် အတူတူနေခြင်း နှင့် ကိုယ်ဝန်ပြဿနာ ...
- ဖို နှင့် မ ကိစ္စ။ Sex & Living Together ကိစ္စ။ Singapore ကိစ္စနောက်ဆက်တွဲများ
- (မီးနီဖြတ်ခြင်း…(သို့) ရာသီလာစဉ် လိင်ဆက်ဆံခြင်း)
- အချစ်(လိင်)ဟာ ဆေးဝါး တစ်မျိုးပါ
- ယောက်ျား မိန်းမ အဆစ်နာနှင့် လိင်မှုကိစ္စ
- ပါးစပ်ဖြင့်လိင်မှုဆက်ဆံခြင်းဟာ ဆေးလိပ်သောက်ခြင်းထက် လည်ချောင်းကင်ဆာရောဂါပိုမိုဖြစ်ပွားစေနိုင်
- ပါးစပ်နဲ့  ကာမဂုဏ် ခံစားမှု က လိင်ပိုင်းဆိုင်ရာ ချစ်တင်းနှောမှုမှာ ပိုအရေးပါလာ
- ပါးစပ်နဲ့ လိင်ဆက်ဆံတာ
- လိင်အင်္ဂါကြီးအောင်
- ယောက်ျား-အင်္ဂါ အတိုင်းအတာ
- Penis enlargement (2) ကျားအင်္ဂါ ကြီးစေခြင်း (၂)
- Penis enlargement (1) ကျားအင်္ဂါ ကြီးစေခြင်း (၁)
- အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ ၁၃၇
- အိမ်ထောင်သည်မိန်းမများ မိမိယောင်္ကျားကို ဒါတွေကျွေးပါ
- Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ
- Sperm count သုတ်ပိုးများစေနည်း(၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၈)
- Viagra သန်မာစေတဲ့ဆေး
- Kegel Exercise for Men ယောက်ျားများ စိတ်ဝင်စားကြသည်
- Early ejaculation (3) သုက်လွှတ်စောခြင်း (၃)
- Early ejaculation (2) သုက်လွှတ်စောခြင်း (၂)
- Early ejaculation (1) သုက်လွှတ်စောခြင်း (၁)
- 10 things that can deflate your Erection ယောက်ျားတွေကို ဒုက္ခပေးနိုင်တဲ့ အချက် (၁ဝ) ချက်
- သဘာဝအတိုင်းပဲ ကောင်းပါတယ်
- အကိုက်အခဲ ပျောက်ဆေး သောက်သည့် အမျိုးသားများ ပန်းသေပန်းညှိုးဖြစ်နိုင်
- Erectile dysfunction (ED) ပန်းသေ-ပန်းညှိုးအတွက် သောက်ဆေးတွေ
- အမျိုးသားများတွင် လိင်စိတ် လျော့နည်းရခြင်း
- အကြွေပန်းပေမဲ့  ရွှေနန်းထိုက်စေချင် ....( အမျိုးသားများ အတွက် ကျန်းမာရေး အသိ )
- သွားဖုံးရောင်ရမ်းသူများ ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ သုံးဆခန့်မြင့်မား
- အမျိုးသမီးအားတိုးဆေးဆိုတာရှိသလား
- Female Viagra (1) အမျိုးသမီး ဗိုင်ယာဂရာ (၁)
- Female Libido အမျိုးသမီး “စိတ်” နည်းနေခြင်း
- G-spot တကြော့ပြန်လာပြီ
- ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီ
- Love Coffee ညစ်ညမ်းကော်ဖီ
- Fake drugs ကာမထကြွဆေးအတုများ သတိထားပါ
- Pregnancy after tubal ligation သားကြောဖြတ်ပြီး ကလေးပြန်ရချင်တယ်
- ဒစ်ပို ထိုးဆေးအကြောင်း သိချင်ရင်
- Vasectomy ယောက်ျား သားကြောဖြတ်ခြင်း
- EXHIBITIONISM ကိုယ့်ဟာကို သူများကို မြင်စေချင်သူ
- Breast reduction ရင်သား သေးအောင်လုပ်ခြင်း
- Breast Cancer Chemotherapy ရင်သား-ကင်ဆာကို ဆေးပေးကုသခြင်း
- Breast Enlargement ကလေးအတွက်မို့ မသေးချင်တာ ရင်သားပါဟု ပြော
- ရင်သား ဖွံ့ဖြိုးအောင်၊ ကိုယ်ခန္ဓာ အချိုးအစားလှအောင်
- ရင်သားကင်ဆာကာကွယ်ဖို့ ......
- Bras and Breast Cancer (ဘရာစီယာ) နဲ့ (ဘရက်စ်) ကင်ဆာ
- Benign Breast Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ
- တားဆေး Marvelon (မာဗယ်လွန်) အကြောင်း သိကောင်းစရာ....
- ကိုယ်ဝန်တားဆေး Ecee 2 ယဉ်ကျေးမှုနှင့် ရန်ကုန်
- သန္ဓေတားဆေး သောက်နေသလား
- အရေးပေါ်ပဋိသန္ဓေတားဆေးများကို ပုံမှန်သုံးစွဲလျှင်ကျန်းမာရေးထိခိုက်နိုင်...
- အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ 136
- တားဆေးမသောက်ချင်သော အမျိုးသမီးများအတွက်
- သန္ဓေတားဆေးနှင့် အသားအရေ
- Depo Provera သုံးလခံထိုးဆေး အတွေ့အကြုံဖေါက်သယ်ချခြင်း
- Mirena ဟော်မုန်းပါ သားအိမ်ထဲထားရတဲ့ သန္ဓေတားပစ္စည်း
- Natural Method သဘာဝ တနည်းနဲ့ ကိုယ်ဝန်တားဆီးခြင်း
- လိင် ဆက်ဆံစဉ် ကွန်ဒုံး အသုံးပြုပုံ မှားယွင်းမှု များကို သုတေသန ပညာရှင် များက ဖော်ထုတ်
- လိင်ဆက်ဆံစဉ်ကွန်ဒုံးပေါက်ပြဲသွားပါသည်။
- Condom Standards စိတ်ချရတဲ့ (ကွန်ဒွမ်) ဆိုတာ
- ရင်သွေးမွေးဖွားမှု ထိန်းချုပ်ခြင်းသည် လူ့အခွင့်အရေးတစ်ရပ်
- ယောက်ျားများကိုထိန်းနည်း
- Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ
- ဂေါ်လီ ထည့်တယ်ဆိုတာ အောက်တန်းစားတွေ လုပ်တာ
- ဖူးငုံသစ်စ ပျိုမေတို့ သိသင့်သော ရာသီအကြို ဝေဒနာအကြောင်း
- မိန်းကလေးများ သိထားရမယ့်မီးယပ်သွေးဆုံး လက္ခဏာများ
- Menopause (1) သွေးမဆုံးခင် ဖြစ်ချင်တာတွေ (၁)
- ရာသီလာသော နေ့ရက်တိုင်း လန်းဆန်းနေစေရန် (အမျိုးသမီးတိုင်း ဖတ်သင့်သော စေတနာ့ဆောင်းပါး)
- အမျိုးသမီးများတကိုယ်ရည်သန့် ရှင်းရေး
- Labia မ-အင်္ဂါ နှုတ်ခမ်းသား လှဘို့လိုသလား ..?
- ချစ်တတ်မှကလေးရနှင့် သားသမီးရတနာ ရစေကြောင်း နည်းလမ်းကောင်းများ
- ကလေးယူဖို့ အဆင်သင့်ဖြစ်ပြီလား
- သဘာဝအတိုင်း ကိုယ်ဝန်ရရှိနိုင်သည့် နည်းလမ်းများ
- Baby Boy ကလေးမွေးရင် (ယောက်ျားလေး) ရချင်သလား
- Infertility news သားသမီး မရနိုင်သေးသူတွေအတွက် စိတ်မပျက်နဲ
- သားသားမီးမီး လိုချင်သည့် အမျိုးသမီးတို့ကို မျိုးအောင်နိုင်စွမ်း မြင့်တက်စေမည့် အစာများ
- သားသမီး ယူလိုသူများ အတွက် သားဥကြွေရက် သိရှိစေရန်
- Pregnancy - Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း ......
- IUI and IUTPI ကိုယ်ဝန်ကို အပြင်ကနေရအောင် လုပ်ပေးနည်း (၂) မျိုး
- Pregnancy questions ကိုယ်ဝန်ဆောင် အမေး-အဖြေ
- မြီးကောင်ပေါက် ကိုယ်ဝန် ပြဿနာ
- အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ
- “ကျားသုက်ပိုး + မ-မျိုးဥ ပေါင်ဆုံးပြီး သန္ဓေသားဖြစ်လာပုံ အဆင့်ဆင့်
- ကျေနပ်မှုရရှိသော အိမ်ထောင်သည်အမျိုးသမီးတို့ ထံမှ အကြံပေးချက်များ
- လင်မယား ဆက်ဆံရေး မေးခွန်းနှစ်ခု
- အိမ်ထောင်သည်မေးဖြေကျောက်ရုပ်ကြီးကျနေတာပဲ
- နို့နှင့်နို့ထွက် အစားအစာ အလွံအကျွံ စားသုံးမှုက အမျိုးသားတို့ ကလေးရနိုင်ချေ နည်းစေ
- ကလေးယူမည့် ဖခင်များ ဆေးလိပ်ဖြတ်ရမည်
- Pregnancy H mole စပျစ်သီး-ကိုယ်ဝန်
- Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ
- မလိုချင်တဲ့ ကိုယ်ဝန် အမေး-အဖြေများ
- Abortion မလိုချင်တဲ့ ကိုယ်ဝန်
- ဘာကြောင့်ပဲ မှား မှား အဲဒီအမှားကြောင့်
- Pro-Life and Pro-Choice အသက် နဲ့ အဖျက်
- အမျိုးသား ဆီးလမ်းကြောင်း စနစ်နှင့် မျိုးဆက်ပွား စနစ် ကျန်းမာရေး
- အမျိုးသားများ သတိထားရမည့် တတိယအဖြစ်များဆုံးဆီးကျိတ်ကင်ဆာ
- Bartholin's cyst (ဘာသိုလင်-ဆစ်စ်)
- Ectopic Pregnancy သားအိမ်ပြင်ပမှာ သန္ဓေဘာလို့တည်ရသလဲ
- Sperm life span သုက်ပိုးတွေ ဘယ်လောက်ကြာကြာရှင်နေနိုင်သလဲ
- Sperm and Semen သုက် နဲ့ သုက်ရည်
- မိန်းမလျာ “ဇာတ်သွင်းခံလိုက်ရတယ်” ဆိုပါလားကွယ်…
- Are you born Gay? မွေးကတည်းက (ဂေး) ဖြစ်နေတာလား
- မုဒိမ်းမှုကို ရင်ဆိုင်ကျော်လွှားခြင်း
- Chronic Epididymitis နာတာရှည် ယောက်ျားအကြောရောင်ခြင်း
- ချွေး နဲ့ မျက်ရည်ကနေ HIV ကိုမကူးစေပါ၊ ဒါပေမဲ့ အသဲရောင် (ဘီ) ကူးစက်နိုင်တယ်တဲ့
- “ကျား” ရော “မ” ပါ ကျန်းမာဖို့ ထိပ်ဖြတ် ကြပါစို့
- အမျိုးသမီးတိုင်း မဖြစ်မနေ ရှာဖွေစစ်ဆေးသင့်သော ရောဂါငါးမျိုး
- အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများHIV
- “Super Sex Bug” ဆူပါပိုး အစိုးရိမ်မကြီးပါနဲ့
- (ကလာမိုင်ဒီးယား) နဲ့ (ဂနိုးရီးယား) ခြားနားချက်
- Polygamy and Health (1) မယား များများယူရင် (၁)
- Child sexual abuse ကလေးသူငယ် လိင်စော်ကားမှု
No comments:
Post a Comment