Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 27, 2013

အင်ဒီဝါးဟိုးလ်တို့ကမ္ဘာ

 ဒီရှန်ပူနဲ့ဆို
သေခြင်းတရားတောင် လန်းဆန်းသွားမလား
ဒီနေကာမျက်မှန်နဲ့ဆို
အနာဂတ်ကို ဖောက်မြင်ရမလား
ဒီဖိနပ်နဲ့ဆို
ဝင်္ကပါအပြင်ဘက်ကို ထွက်နိုင်မှာလား
ကဗျာဖြစ်တဲ့ ကြော်ငြာတွေဟာ
စိတ်ဝင်စားစရာ ကောင်းပါတယ်

အင်္ကျီကို တီထွင်ပြီးထဲက
ငါတို့ဟာ (ဟန်ကိုယ့်ဖို့) သက်သာရာ ရခဲ့ကြ
မျှော်လင့်ခဲ့ကြတဲ့ လှပကမ္ဘာ
ရေမွှေးများများ ဆွတ်ပါ
ဝတ်စုံထည်လဲ လဲပါ
ထိပ်ပေါက် ခေါင်းကွဲ
အပြင်ထွက်လာတဲ့ ဒဏ်ရာတွေဆိုရင်တော့
ရောင်စုံပတ်တီးလှလှ
စည်းပြလိုက်ကြတာပေါ့။

(သုခမိန်လှိုင်)

No comments:

Post a Comment