Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 8, 2013

တစ်ဘဝလုံး တူတူအေး


အခုထိ
အာဖရိက ဗုံသံလို
တို့ ရင်ခုန်သံတွေ ညံနေဆဲပါ။

မာနတွေ ခဝါချလို့
ရနံ့တစ်ခု ရဖို့
ငါတို့ စံပယ်တစ်ပင်စိုက်ရအောင်
စံပယ်တွေ မပွင့်ခင်
ငါ့အချစ်ကို အရင် နမ်းရှိုက်ထားပါ။

ပွင့်လာမယ့်စံပယ်တွေကို
ချစ်သူရေ..
'သက်တမ်းကုန် ဆက်ချစ်ခွင့်' လို့
အမည်သစ်ပေးကြမယ်လေ

တစ်ဘဝလုံးတူတူအေး
ချစ်ခြင်းကို ကောင်းချီးပေးဖို့ တဲ့
မနက်ဖြန်တိုင်း ရက်ရာဇာ
ကောင်းကင်မှာ နက္ခတ်စုံ
ကြယ်တွေ အကုန်ပွင့်ကြပြီ
စံပယ်တွေ အကုန်ပွင့်ကြပြီ။

ဒီမှာ..
ရေရေရာရာ ငါ့ရင်ဘတ်ကို
ဖွင့်ဖတ်ကြည့်လိုက်ပါ
မင်းမသိတဲ့ ငါ့နံရိုးဟာ
မင်းဖြစ်နေခဲ့တာ
အံ့သြစရာတော့ မဟုတ်ဘူး...။ ။

ချွန်း(တလုပ်မြို့)
သရဖူ ။ ဇွန် ၂၀၀၁

ခေတ်ပေါ်ကဗျာများ စုစည်းမှု.

No comments:

Post a Comment