Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 19, 2013

မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိခြင်း Self-regulation



မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိခြင်း ကို Self-regulation လို့စိတ်ပညာမှာခေါ်ကြတယ်။ Self-control လို့ အပြင်လောကမှာသုံးကြပါတယ်။ အဓိပ္ပါယ်ကတော့ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းတွေနဲ့ ဒီဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းတွေကို ဖြစ်ပွားစေနိုင်တဲ့အကြောင်းရင်းတွေအပေါ်မှာ အလွန်အကျွံ့မတုန့်ပြန်မိအောင် သတိထားထိန်းချုပ်နိုင်ခြင်းပဲဖြစ်ပါတယ်။

Self-control လုပ်နိုင်ခြင်းဟာ Mental Energy လို့ခေါ်ဝေါ်သုံးစွဲကြတဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုအင်အား၊ ဒိထက် အဆင့်မြင့်သွားရင် Will Power အားနဲ့ သက်ဆိုင်ပါတယ်။ စိတ်ဓါတ်အင်အားကြံ့ခိုင်မှုကျဆင်းနေရင် လူတစ်ယောက်ဟာ ကိစ္စအဝဝအပေါ်တုန့်ပြန်မှုတွေဟာ တစ်လွဲတစ်ချော်ဖြစ်နေနိုင်ပြီး စိတ်ခံစားမှုတွေနဲ့သာလိုက်ပြီးတုန့်ပြန်မိတာမျိုးဖြစ်ပါတယ်။ ဒေါသဖြစ်နေရင်ဒေါသအလျောက်၊ ချစ်စိတ်ဝင်နေလျင်ချစ်စိတ်အလျောက်တုန့်ပြန်မိတာမျိုးဖြစ်တတ်ပါတယ်။

ဆိုခဲ့တဲ့ Will Power ဆိုတာကတော့ စိတ်ပညာသဘောအရ Cognitive Process လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်တစ်မျိုးဖြစ်ပြီး သူ့ကို မိမိကိုယ်ကိုယ်စည်းကမ်းချမှတ်ထိန်းသိမ်းနိုင်တဲ့ (Self-displine)၊ မိမိဆန္ဒကိုမဆုတ်မနစ်ကြိုးစားနိုင်မှု (Hard Work)နဲ့ မိမိအလိုဆန္ဒမဖြစ်မချင်း စွဲမြဲနိုင်မှု (Persistence) တို့နဲ့တိုင်းထွာကြပါတယ်။ Cognitive process ဆိုတာ မြန်မာမှုဘယ်လိုပြုရမှန်းမသိလို့ပါ။ ဒီ Cognitive Process တစ်ခုမှာ အာရုံစုးစိုက်နိုင်မှု (Concentration and attention)၊ မှတ်ဥာဏ် နဲ့ တွေးခေါ်ခြင်း (Thinking) ဆိုပြီးပါသွားပါတယ်။ တွေးခေါ်ခြင်း thinking အပိုင်းဖက်မှာကျတော့ ဆုံးဖြတ်ချက်ချမှတ်ခြင်း(Decision Making)၊ ပြဿနာဖြေ၇ှင်းခြင်း (Problem solving)၊ ကျိုးကြောင်းဆင်ခြင်ခြင်း (Logical Reasoning) တို့ဆက်လက်တွဲဖက်ပါဝင်သွားပါတယ်။
ဒါကြောင့်မို့ Will power ကောင်းရင် သို့တည်းမဟုတ် Self-regulation ကောင်းရင် ဒီလို စိတ်ပိုင်းဆိုင်ရာအရည်အသွေးတွေ တိုးတက်လာမယ်ဆိုတာ ယုံမှားဖို့မလိုပါဘူး။

မိမိကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားတာကိုကျတော့ Ego-depletion လို့ခေါ်ပါတယ်။ ဒီလိုအနေအထားမှာ လူဟာ စိတ်အင်အားကင်းမဲ့ပြီး လူရည်လူသွေးကျဆင်းသွားတတ်ပါတယ်။ ဒီလို အဖြစ်အပျက်ကို သုတေသနလုပ်တဲ့အခါမှာ Will-power ကောင်းတဲ့လူတွေဟာ အစားအသောက်၊ အရက်၊ ဆေးလိပ် စတာတွေကို စွဲတဲ့အခါမှာ ဖြတ်တောက်ရလွယ်ပြီး အားနည်းသူတွေကစွဲလွယ်ပါတယ်။ Walter Mischel လုပ်ခဲ့တဲ့ Mischel Paradigm ဆိုတဲ့ သုတေသနမှာဖြင့် ဒီလို စိတ်ခွန်အားပြည့်ဝမှုဟာ အောင်မြင်တဲ့ဘဝနဲ့အများကြီးသက်ဆိုင်တယ်လို့ ရလာဒ်ထွက်ပါတယ်။

ဒါဖြင့် ဒီလို Mental Energy or Will Power ကိုဘယ်လိုဖြည့်ဆည်းမလဲလို့မေးစရာရှိလာပါတယ်။ Standford တက္ကသိုလ်က စိတ်ပညာရှင် ဒေါက်တာ Kelly McGonigal ဆိုတဲ့ The Will Power Instinct မှာတော့ တရားထိုင်ခြင်း ကို အကြံပြုထားပါတယ်။ တရားထိုင်ခြင်းအားဖြင့် ဦးနှောက်ရဲ့ စွမ်းအား အထူးပြည့်ဝလန်းဆန်းလာစေတယ်လို့ ဆိုထားတာပါ။ အသေးစိတ်သိလိုသူတွေအတွက် ထပ်ဖော်ပြရရင်ဦးနှောက်ရဲ့ တွေးခေါ်မြော်မြင်မှုဖြစ်စဉ်မှာ ဦးနှောက်ထဲက Frontal, Parietal,Temporal, Occipital ဆိုပြီး အခြမ်းတွေရှိတဲ့အနက် Frontal Lobe နဲ့အဓိကသက်ဆိုင်ပါတယ်။ တရားထိုင်ရင် Frontal Area နဲ့ Anterior Cingulate Cortex မှာ အင်အားပြည့်ဖြိုးလာပြီး မိမိရဲ့ ရည်မှန်းချက်နဲ့ မကိုက်ညီသွေဖီနေတာတွေကိုလုပ်နေမိရင် ချက်ခြင်းရပ်တန့်ပစ်နိုင်တဲ့ စွမ်းရည်မျိုးဖြစ်ထွန်းလာနိုင်တယ်လို့ ဆိုထားပါတယ်။

အခုဖော်ပြခဲ့တာတွေက စိတ်နဲ့ပတ်သက်တာတွေမို့ စိတ်ကိုဦးစားပေးထားပေမယ့် မေ့လျော့လို့မရတာက ခန္ဓာကိုယ်ကြံ့ခိုင်ရေးပဲဖြစ်ပါတယ်။ မိမိကိုယ်ကို ကျန်းမာအောင်နေထိုင်ခြင်း၊ အိပ်ရေးဝအောင်အိပ်စက်ခြင်းစတာတွေဟာ မိမိခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေပြီးဒီလို အနေအထားမျိုးဟာ စိတ်ဓါတ်ခွန်အားကိုအများကြီးအထောက်အကူပြုစေပါတယ်။


No comments:

Post a Comment