Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 22, 2013

၅၅၀ဇာတ်တော်နဲ့ ပုဂံခေတ် ဗုဒ္ဓသာသနာ

 

 ရှေးခေတ်အရှေ့တောင်အာရှဒေသတိုင်းမှာ ထေရဝါဒဗုဒ္ဓဘာသာ မဟာယာနဗုဒ္ဓဘာသာ နဲ့ ဟိန္ဒူ ဘာသာတို့ အမြဲရောနှော ရှိနေခဲ့ပါတယ်။ ရှေးခေတ်ဆိုတာ ပုဂံခေတ်မတိုင်မီ ပထမထောင် စုနှစ် ကိုဆိုလိုပါတယ်။မလေးကျွန်းဆွယ် အင်ဒိုနီးရှားနဲ့ ဗီယက်နမ်မြောက်ပိုင်းတွေမှာ မဟာယာနဗုဒ္ဓ ဘာသာအထွန်းကားဆုံးဖြစ်ခဲ့ပြီး ဗီယက်နမ်တောင်ပိုင်းနဲ့ ကမ္ဘောဒီးယားမှာ ဟိန္ဒူဝါဒအထွန်း ကားဆုံးဖြစ် ခဲ့ကာ မြန်မာနိုင်ငံအလယ်ပိုင်းပျူဒေသ မြန်မာနိုင်ငံအောက်ပိုင်းနဲ့ ထိုင်းနိုင်ငံ မွန်ဒေသတွေမှာတော့ ထေရ ဝါဒဗုဒ္ဓဘာသာအထွန်းကားဆုံးဖြစ်ခဲ့ပါတယ်။ ရိုးရှင်းပြီးနားလည်လွယ်တဲ့၅၅၀ဇာတ်တော်တွေဟာ ဗုဒ္ဓ ဘာသာရဲ့ အခြေခံပဲဖြစ်ပါတယ်။ ရှေးခေတ်ကမြန်မာနိုင်ငံအောက်ပိုင်း သုဝဏ္ဏဘူမိလိုလဲခေါ်တဲ့ရာမ ညဒေသကမွန်တွေ ရောထိုင်းနိုင်ငံ ဒွါရာဝတီရှေးဟောင်းနိုင်ငံမွန်တွေပါ ၅၀၀ဇာတ်တော်တွေကို အုတ်ပြား စဥ့်ကွင်းတွေမှာပုံဖော်ပြီးစေတီဘုရားတွေမှာပူဇော်ကြသလို ကျောက်သိမ်တိုင်တွေမှာ လည်း ထုထွင်းပူဇော် လို့ စာတတ်သူရှားပါးတဲ့ရှေးခေတ်ကပြည်သူတွေကိုသာသနာသို့ သက်ဝင် လာအောင်ဆောင်ရွက်ခဲ့ကြ ပါတယ်။ အဲသည်၅၅၀ဇာတ်တော်တွေပူဇော်တဲ့အလေ့အထကိုမြန်မာနိုင်ငံ အလယ်ပိုင်းပျူဒေသမှာ မတွေရပါ ဘူး။ရှေးခေတ်မွန်လူမျိုးတွေရဲ့ သီးခြားအလေ့အထဖြစ်ပါတယ်။အနော်ရထာမင်းအောက်မြန်မာနိုင်ငံကိုသိမ်းသွင်းပြီး မဟာထေရ်အရဟံရဲ့ လမ်းညွန်မှုနဲ့ ပုဂံမှာသာသ နာဖြန့် ချီတဲ့အခါ မွန်တွေရဲ့ အလေ့အထအတိုင်း ရိုးရှင်းတဲ့၅၅၀ဇာတ်ကွက်တွေနဲ့ ပူဇော်စည်းရုံးခဲ့လို့ ပုဂြံပည် သူတွေသာသနာကိုသက်ဝင်လာပြီးဗုဒ္ဓဘာသာအင်ပါယာကြီးကိုတည်ထောင်နိုင်ခဲ့ပါတယ်။ အနော်ရထာမင်းရဲ့ ဖက်လိပ်ဘုရားဇာတ်တော်တွေကစလို့ နောက်ဆုံး နရသီဟပတေ့မင်းရဲ့ မင်္ဂလာစေတီ အထိ ပုဂံခေတ်တလျှောက်လုံး၅၅၀ဇာတ်တော်တွေပူဇော်တဲ့အလေ့ထွန်းကားခဲ့ပါတယ်။
ပုဂံမှာ၅၅၀ ဇာတ်တော်ရုပ်ကြွ စဥ့်ကွင်းနဲ့ ဆေးရေးပန်းချီတွေရှိတဲ့ဘုရားတွေကိုသိ သလောက်ဖော်ပြ      လိုက်ပါတယ်။ ဖြည့်စွက်ပေးကြပါ။
၁။အလိုတော်ပြည့်
၂။ရွှေဆံတော်
၃။မြင်းပြဂူ
၃။နဂါးရုံ
၎။ပထိုးသားများ
၅။တောင်ဘီဂူ
၆။အရှေ့ဖက်လိပ်
၇။အနောက်ဖက်လိပ်
၈။လောကနန္ဒာ
၉။ဖြတ်စဂူ
၁၀။ရွှေချောင်းဂူပြောက်ငယ်
၁၁။အာနန္ဒာ
၁၂။ဂူပြောက်ကြီး
၁၃။ရွှေစည်းခုံ
၁၄။လောကထိပ်ပန်
၁၅။သဗ္ဗညု
၁၆။ဓမ္မရာဇိက
၁၇။မင်္ဂလာစေတီ။
ဖော်ပြထားတာကတော့မြန်မာနိုင်ငံရဲ့ ရှေးအကျဆုံးဇာတ်တော်ရုပ်ကြွအုတ်ချပ်တွေရှိတဲ့ သထုံ က သကြား ဘုရားနဲ့  ကျန်စစ်သားမင်းရဲ့ ဇာတ်တော်စဥ့်ကွင်းတွေရှိတဲ့ ပုဂံ ကျက်သရေဆောင် အာနန္ဒာ ဘုရားပုံတွေပါ။

No comments:

Post a Comment