၁၆.၀၅.၂၀၁၃ (ကြာသပတေးနေ့)
အင်္ဂလန် နဲ့ မန်ယူ ဘောလုံး ကစားသမားဟောင်း ဒေးဗစ် ဘက်ကမ်းက အခု ဘောလုံး ရာသီ အကုန်မှာ အနားယူတော့ မယ်လို့ ကြေညာလိုက်ပါတယ်။
သူဟာ အခုလက်ရှိ ပြင်သစ်က PSG အသင်းမှာ ကစားနေတာ ဖြစ်ပါတယ်။
အသက် ၃၈ နှစ် ရှိပြီ ဖြစ်တဲ့ ဘက်ကမ်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ PSG နဲ့ ၅
လ စာချုပ် ချုပ်ဆိုပြီး ကစားနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီက ရသမျှ ဘောလုံး
ကစားကြေး အာလုံးကိုလည်း ပရဟိတ အဖွဲ့ တခုမှာ အကုန်လုံး လှူလိုက်တာ ဖြစ်ပါတယ်။
ဒေးဗစ် ဘက်ကမ်းဟာ အင်္ဂလန်အတွက် ၁၁၅ ပွဲ၊ မန်ချက်စတာ ယူနိုက်တက် အတွက် ၃၉၄
ပွဲနဲ့ ပရီးမီယား လိဂ်နဲ့ ချန်ပီယံ လိဂ် တို့ အတွက် ဆုဖလား ၆ ခု
ဆွတ်ခူးပေးခဲ့သူ ဖြစ်ပါတယ်။
PSG အနေနဲ့ သူ့ကို ကစားခွင့်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်း ဒေးဗစ် ဘက်ကမ်းက ပြောပါတယ်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, May 16, 2013
ဒေးဗစ်ဘက်ကမ်း ဘောလုံးက အနားယူမယ်လို့ ကြေညာ
ဒေးဗစ်ဘက်ကမ်း ဘောလုံးက အနားယူမယ်လို့ ကြေညာ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 16, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment