အားလုံးကတော့ ရည်ရွယ်ချက် တစ်မျိုးစီနဲ့ပေါ့။ နောက်ဆုံး အွန်လိုင်းပေါ် ရောက်လာတဲ့အချိန်ကျ ဘယ်လိုရည်ရွယ်ချက်ကြောင့်လဲ
လူတစ်ဦးတစ်ယောက်ချင်းစီရဲ့  ကိုယ်ပိုင်လွတ်လပ်ခွင့် ဆိုတာ ရှိပါတယ်။ ဥပမာ - လင်မယား နှစ်ယောက်ရှိတယ်။ ဘယ်လိုပဲ ဖြစ် ပျက်အောင် နေနေ၊ ယောက်ျားက မိန်းမ ရဲ့  အဝတ်မပါ ဓာတ်ပုံကို အွန်လိုင်းမှာ ဖြန့်ချိရင် ဒါ ရာဇဝတ်မှု မြောက်ပါတယ်။ ဒါတောင် လင်မယား။
လင်မယား မဟုတ်သေးတဲ့ ချစ်သူရည်းစားတို့၊ ဘာတို့ညာတို့ ဆိုရင် ပိုပြီးတော့ ကြီးလေးတဲ့ ရာဇဝတ်မှုပါ။ အားလုံးလည်း သိမှာပါ။ ဘယ် ဟောလိဝုဒ်မင်းသမီးများရဲ့  အဝတ်မပါ ပုံတွေကိုတင်လို့ဆိုပြီး အဖမ်းခံရသူတွေလည်း မနည်းပါဘူး။
အချို့ ကျတော့လည်း နှစ်ကိုယ်ကြားဇာတ်လမ်းကို နှစ်ဦးသဘောတူ မှတ်တမ်းတင်ပြီး ကွဲကြ၊ပြဲကြမှ အွန်လိုင်းမှာ သူတင်၊ကိုယ်တင်တွေ ဖြစ် လာပါတယ်။ နောက်ဆုံး အများစု အရှက်ရတာက အမျိုးသမီးဘက်ပေါ့။ အများစုကလည်း အမျိုးသားများက ကျူးလွန်တာကိုး။ အားလုံး မဆိုလို ဘူးနော်။
Cyber Bulling နဲ့ ပက်သက်လို့ ဥပဒေတွေ အမျိုးမျိုးထုတ်မယ်။ တရားဥပဒေတွေ ချမှတ်မယ်။ ဖမ်းဆီးမယ်။ ထောင်ချမယ်။ ဒါကလည်း တစ်ကဏ္ဍပေါ့။ လုပ်ကိုလုပ်ရမယ်လေ။ နိုင်ငံတကာမှာတော့ အတော်လေး ရေပန်းအစားသား။ ဘယ်မော်ဒယ်ကတော့ ဖောက်ပြန်လို့ အလှမယ် သရဖူပြန်သိမ်းရတာတို့၊ ဘယ် လူသိထင်ရှား အမျိုးသမီးက ဘယ်နေရာမှာ ဘယ်လိုဖြစ်တာတို့နဲ့ အာရှကော၊ ကမ္ဘာမှာပါ အတော်လေး
သို့ပေမယ့် ဂဏန်းဘယ်နှစ်လုံး ပါသလဲဆိုတာကို သိပြီးဖြစ်တဲ့ ဖဲတစ်ချပ်ကို ဘယ်ဖဲသမားမှ စိတ်မဝင်စားတော့ဘူး။ လူသိပြီးဖြစ်တဲ့ နည်းလမ်းနဲ့ ပြနေတဲ့ မျက်လှည့်ကို ဘယ်သူမှ မကြည့်ချင်ဘူး။
ထိုနည်းတူစွာပဲလေ။ တရားတွေ ဘယ်လောက်ဆွဲဆွဲ၊ ပြစ်ဒဏ်တွေ ဘယ်လိုပဲ ချမှတ်မှတ် ပျက်သွားတဲ့ မိန်းကလေး တစ်ယောက်ရဲ့  အိနြေ္ဒ က ပြန်ရနိုင်ရိုးလား။ မြန်မာပြည်မှာ တရားရင်ဆိုင်တဲ့ အဆင့်ထိ ဖြစ်တာက ရှားပါသေးတယ်။ ဝှက်ဖဲတွေတော့ တစ်ချပ်ပြီး တစ်ချပ် လှန်ကုန်ပါပြီ။ ဘယ်တော့ ကိုယ့်အလှည့်ဖြစ်လာမလဲ။
ဘယ်သူမပြုမိမိမှုတဲ့။ သွားသတိ၊ စားသတိ၊ လာသတိ၊ သတိ သုံးချက်ပ်က အမြဲ ကပ်သင့်တာပေါ့။ ဘယ်လောက်ပဲ စိတ်ကို အရာတစ်ခုက လွမ်းမိုးနေပါစေ ကာအိနြေ္ဒနဲ့ မိမိ ရဲ့  ဘယ်လို ကိုယ်ရေးကိုယ်တာ အတွင်းကျကျ အချက်များ အပြင်ထွက်မသွားအောင် ထိန်းသိမ်းဖို့ အမြဲ သတိကပ်နေဖို့က ကိုယ့်တာဝန်ပေါ့။ ပြီးမှ သူ့ကြောင့်ပါ၊ ကိုယ့်ကြောင့်ပါ ဆိုရင် နှားခေါင်းသွေး ထွက်စရာပဲ ဖြစ်လာမှာပါ။ အားလုံး ဆင်ခြင် နိုင်ကြ ပါစေ။
--
အောင်ခမ်း (TSJ team)
-
http://
No comments:
Post a Comment