Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 22, 2013

ရှမ်ပိန်နှင့် မှတ်ဥာဏ်




သုတေသီ သိပ္ပံပညာရှင် များ၏ လေ့လာချက် အရ တစ်နေ့လျှင် ရှမ်ပိန် ၃ ခွက် ပုံမှန် သောက်ခြင်းဖြင့် သတိ မေ့ခြင်း၊ သူငယ်ပြန် ရောဂါနှင့် အယ်လ် ဇိုင်းမား ရောဂါ စသည့် ဦးနှောက် မှတ်ဥာဏ်နှင့် သက်ဆိုင်သော ပြဿနာ များကို ကာကွယ် နိုင်ကြောင်း သိရ သည်။ ရှမ်ပိန်နှင့် ပတ်သက်၍ ကျန်း မာရေးဆိုင်ရာ အကျိုးကျေးဇူးကို ပထမဦးဆုံး အကြိမ်အဖြစ် ဖော်ထုတ် ပေးခဲ့ခြင်း ဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် အသက် ၆၅ နှစ်အထက် သက်ကြီး ရွယ်အို ၃ ဦးလျှင် ၁ ဦးနှုန်း သတိမေ့ ရောဂါ ခံစားရလျက် ရှိသည်။ ရှမ်ပိန် ဖော်စပ်ရာတွင် အသုံးပြုသော စပျစ် သီးအမဲ Pinot noir ၊ Pinot စသည့် ဒြပ်ပေါင်း များတွင် မှတ်ဥာဏ်ချို့ယွင်းမှုကို ကာကွယ်ပေး သောပစ္စည်းများ ပါဝင်သည်ဟု ဆိုသည်။ အဆိုပါ စပျစ်သီး အမျိုးအစား များကို ဝိုင်နီဖော်စပ် ရာတွင်လည်း အသုံးပြုသည်။ ဝိုင်နီ သောက်ခြင်းဖြင့် သွေးဖိအား ကျဆင်းစေပြီး နှလုံး ရောဂါ မဖြစ်အောင်လည်း ကာကွယ် ပေးသည်။ ဝိုင်နီ ထဲတွင် ပါဝင်သော ဖလေဗင်နွိုက် များက ကာကွယ်ပေး ခြင်းဖြစ်သည်။ ရှမ်ပိန်တွင် ပါဝင်သော ဖီနိုလစ် အက်စစ် အမည်ရှိ ဒြပ်ပေါင်းက မှတ်ဥာဏ် ကောင်းစေခြင်း ဖြစ်သည်။ သုတေသီ ခေါင်းဆောင်က အသက် ၄၀ ကျော်သူတိုင်း တစ်ပတ် လျှင် ရှမ်ပိန် ၂ခွက်မှ ၃ ခွက် သောက်သင့်ကြောင်း အကြံပေးထား သည်။  



မောင်

No comments:

Post a Comment