Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 19, 2013

တိရိစ္ဆာန်မှာတောင်ကြင်နာတတ်တဲ့နှလုံးသားရှိတယ်


Nay Lin Thike
National Geographic အသံလွှင့်ဌာနက အဖွဲ့တစ်ဖွဲ့ဟာ အချိန်သုံးနှစ်ပေးပြီး Legademaလို့ခေါ်တဲ့ အာဖရိကကျားသစ်နောက်လိုက်ပြီး ကျားသစ်ရဲ့နေထိုင်လှုပ်ရှားပုံတွေကို ရိုက်ကူးခဲ့တယ်။ အဲဒီလို လိုက်လံရိုက်ကူးရင်းက ၃နှစ်ကျော်အကြာမှာ ဒီအဖိုးတန်မြင်ကွင်းကို ရိုက်ကူးမိခဲ့ပါတယ်။

သားရိုင်းတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တဲ့ကျားသစ်ဟာ တစ်နေ့မှာ မျောက်မတစ်ကောင်ကို အလွယ်တကူဖမ်းမိခဲ့တယ်။ မျောက်သေကိုစားဖို့ သစ်ပင်ပေါ်ဆွဲတင်ချိန် မျောက်မရဲ့ခြေထောက်မှာ မျောက်ကလေးတစ်ကောင် ဖက်နေတာတွေ့လိုက်တယ်။ ရုတ်တရက်တွေ့လိုက်ရတဲ့ ဒီမျောက် ကလေးကြောင့် ကျားသစ်အားတုံ့အားနာဖြစ်သွားသလို ဘာလုပ်ဘာကိုင်ရမှန်းမသိ ဖြစ်သွားပုံရပါတယ်။
မျောက်ကလေးကို သူ မနာကျင်စေခဲ့သလို တောခွေးရန်ကလည်း ကာကွယ်ပေးခဲ့တယ်။

ညရောက်ချိန်မှာ ကျားသစ်ဟာ မျောက်ကလေးကို ဘေးကင်းလုံခြုံတဲ့နေရာမှာထားပြီး မိခင်သဖွယ် ဂရုစိုက်ခဲ့တယ်။ မျောက်မိခင်ကိုသတ်မိလို့ မျောက်ကလေးကို သူ အားနာမိတယ်ထင်ပါရဲ့... မျောက်ကလေးကို သူဘယ်အချိန်ထိ ထိန်းသိမ်းစောင့်ရှောက်နိုင်မှန်းမသိပေမယ့်
ဒီရိုက်ကွက် က ကြည့်သူရင်ကို နာကျင်ဆို့နင့်စေတာအမှန်ပဲ။ ရိုင်းစိုင်းကြမ်းကျုတ်တဲ့ အာဖရိကကျားသစ်မှာတောင် မိခင်စိတ်ဆိုတာ ရှိခဲ့တာပဲလေ..
.Nine Nine Nine Sanay @ နိုင်းနိုင်းစနေ

No comments:

Post a Comment