CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
တံခါးဖွင့်မယ့်သူ
လက်ထပ်ပြီးပထမဆုံးနေ့မှာပေါ့... ကြင်စဦးဇနီးမောင်နှံနှစ်ယောက်ဟာ ဘယ်သူလာလာ အိမ်တံခါးမဖွင့်ပေးဖို့ သဘောတူညီဆုံးဖြတ်ခဲ့ကြတယ်...
အဲ့ဒီနေ့မှာပဲ အမျိုးသားရဲ့ မိဘတွေက သူတို့အိမ်ကိုလာလည်တယ်...
တံခါးကပိတ်ထားတော့ တံခါးဝမှာပဲ ရပ်စောင့်နေကြတာပေါ့...
ဇနီးမောင်နှံနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြတယ်... ခင်ပွန်းဖြစ်သူကတော့ တံခါးကိုဖွင့်ပေးလိုက်ချင်တာပေါ့... ဒါပေမဲ့ မကြာမီကပြုလုပ်ထားတဲ့ သဘောတူညီချက်ကြောင့် တံခါးကိုသွားမဖွင့်ခဲ့ပါဘူး... သူ့မိဘတွေလည်း တံခါးမဖွင့်ပေးတော့ ပြန်သွားကြတာပေါ့...
အဲ့ဒီနေ့မှာပဲ အချိန်နည်းနည်းခြားပြီးတော့ အမျိုးသမီးရဲ့မိဘတွေရောက်လာတယ်... ဇနီးမောင်နှံနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်မိကြပြန်တယ်... သဘောတူညီချက်တွေထားခဲ့ကြပေမဲ့ ဇနီးဖြစ်သူက မျက်ရည်ဝဲပြီးရေရွတ်လိုက်တယ်...
" ကျွန်မမိဘတွေကို ဒီလိုမလုပ်နိုင်ဘူး... "
ပြီးတော့ သူမက တံခါးကိုသွားဖွင့်ပေးလိုက်ပါတယ်... ခင်ပွန်းဖြစ်သူက ဘာမှမပြောရှာပါဘူး....
နှစ်တွေကြာလာတော့ သူတို့နှစ်ယောက်မှာ သားလေးယောက်ရှိလာခဲ့ပြီး
နောက်ဆုံးမှာ သမီးမိန်းကလေးမွေးလာတယ်.. အဖေဖြစ်သူက
သမီးလေးမွေးတဲ့အထိန်းအမှတ်အနေနဲ့ ပွဲကြီးတစ်ပွဲကျင်းပဖို့စီစဉ်ပြီး လူတိုင်းနီးပါးကို ဖိတ်ကြားပြီး ကျင်းပခဲ့ပါတယ်...
ညရောက်တော့ သူ့ဇနီးကမေးတယ်... တခြားကလေးတွေမွေးတုန်းက ဒီလိုမလုပ်ခဲ့ဘဲ ဒီသမီးလေးအတွက်ကျမှ ဘာလို့ဒီလိုပွဲတော်ကြီးလုပ်ပေးရတာလဲဆိုတာကိုပေါ့...
ခင်ပွန်းဖြစ်သူက ရိုးရိုးရှင်းရှင်းလေးပဲပြန်ဖြေလိုက်ပါတယ်...
" ဘာလို့လဲဆိုတော့ သူတစ်ယောက်ထဲကပဲ ငါတို့အတွက် တံခါးဖွင့်ပေးမှာလေ... "
https://www.facebook.com/photo.php?fbid=604876456190490&set=a.544153038929499.130627.543836485627821&type=1&theater
တံခါးဖွင့်မယ့်သူ
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
May 15, 2013
Rating:
5
No comments:
Post a Comment