ရန်ကုန်မြို့ ကန်တော်ကြီးတစ်ဝိုက်နှင့် ရန်ကင်း အင်းလျားကန် ပေါင်တစ်ဝိုက်တွင် သူတို့လှုပ်ရှားကြသည်။ သူတို့သည် အပွင့်များ ဖြစ်ကြ သည်။ အပွင့်ဆိုသည်မှာ မိန်းမကဲ့သို့ဝတ်ဆင် ကာ မိန်းမဘဝခံယူပြီး မိန်းမကဲ့သို့ နေထိုင်လုပ်ကိုင်ကြသူများ ဖြစ်ကြသည်။
''မနက်ထမင်းစားဖို့အတွက် ညဘက်ပိုက်ဆံရှာနေရတာပါ''ဟု ကန်တော်ကြီးထောင့်မှ အပွင့်တစ်ဦးဖြစ်သူ ထာဝရ က ညအမှော င်တွင် စိုးရိမ်စိတ် တစ်ခုဖြင့် ပြောပြသည်။ ထာဝရတွင် မိသားစုငါးယောက်ရှိပြီး သူက မိသားစု တွင် အကြီးဆုံးဖြစ်ကာ ကျောင်းတက်သော ညီမ နှစ်ယောက် အတွက် သူစီးပွားရှာနေခြင်းသာ ဖြစ် သည်။
''မနက်ဘက်မှာ အလှပြင်ဆိုင်မှာ မိတ်ကပ်လိမ်းတယ်၊ ညဘက်မှာ ဒီကိုလာတယ်''ဟု သူကဆိုပြီး မိတ်ကပ်ဆိုင်နာမည် ကိုတော့ မပြော ပြပေ။ သူတို့အကြောက်ဆုံးကတော့ ရဲဖြစ်ကာ သူတို့ကို သာတီးဒီဖြင့် ဖမ်းလေ့ရှိကြောင်း ပြောပြသည်။ ''နေ့တိုင်း ပြေးလွှားနေရ တာပဲ။ နေ့တိုင်းရဲ လာတယ်။ အဖမ်းခံရရင်မလွယ်ဘူး။ တစ်ခါအဖမ်းခံရဖူးတယ်။ ထောင် နှစ်လကျသွားတယ်။ ထောင်ထဲမှာတော့ အခြား ထောင် သား တွေနဲ့ရောထားပေမယ့် အခြောက်မကို ဘာမှလာ မလုပ်ကြပါ ဘူး''ဟု ထာဝရက ရယ်ရယ်မောမောပြောသည်။ အများ သူငါက သူတို့ ကို အခြောက်ဟု ခေါ်ကြသည်။ သူတို့ကတော့ သူတို့ကိုအခြောက်ဟုခေါ်သည်ကို သဘော မကျ ပေ။ သူတို့ အချင်းချင်း ကတော့ တစ်ဦး နှင့် တစ်ဦး မိန်းမကဲ့သို့ သဘောထားပြီး ဆက်ဆံ ကြသည်။ သူတို့ကို အခြောက်ဟုခေါ် ကြသည်ကို သဘောမကျ သော် လည်း သူတို့ ဘဝ အခြေအနေ ကို သူတို့ နားလည် ကြပါသည်။
တွေ့ဆုံမေးမြန်းခဲ့သည့် အပွင့်အများအပြားသည် ငယ် စဉ်ကတည်းကပင် မိန်းမစိတ်ပေါက် နေခြင်းဖြစ်ကြောင်း ပြော ပြသည်။ အင်လျား ကန်ပေါင် တစ်ဝိုက်တွင် တော့ ပိုက်ဆံဖြင့်လုပ် စားသောအပွင့်များရှိသကဲ့သို့ အပန်းဖြေကာ (ဝါသနာအရ) အပျင်းပြေသူ ငယ်ထောင် သူများ လည်း ရှိကြောင်း ယင်းတို့၏ပြောပြချက်အရ သိရသည်။
အင်းလျား ကန်ဘောင်နှင့် ကန်တော်ကြီးထောင့်တွင် လှုပ်ရှားသူအခြောက်များအကြား ကွာခြားချက်က ရုပ်ရည်ပိုင်း ဆိုင်ရာ အချက်ဟု ဆိုရမည်။ အင်းလျားကန်ဘောင်တွင် ပိုက် ဆံဖြင့်လုပ်စားသူများရော၊ သူငယ်ထောင်ရုံ သက်သက်လာသူ များရောက မိန်းက လေး များ ထက်ပင် ပိုမိုလှပမှုရှိကြောင်း တွေ့ရသည်။
''တို့ကအလှပြင်ဆိုင်မှာလုပ်တာပါ
''ဒီအင်းလျားကန်ဘောင်မှာက လုပ်စားတဲ့လူလဲရှိတယ်။ ဒီအတိုင်းအပျင်းပြေဘဲ(ရည်းစား)န
အင်းလျား ကန်ပေါင်ရှိ အပွင့်ဈေးကွက်က ကန်တော်ကြီး ထောင့်ထက် ဈေးငါးဆလောက် ပိုမိုပေးရသည်။ ''တစ်ဆက် ရှင်ကို တစ်သောင်း၊ နိုက်ကို ၃ဝဝဝဝယူတယ်'' ဟု အမည်မဖော်လိုသူ အပွင့်တစ်ဦးကပြောသည်။ အင်းလျားကန်ပေါင်ကဂေးများ၏အဓိက အဟန့် အတား မှာ လည်း ရဲများသာဖြစ်ကြောင်း သူတို့၏ ပြောပြချက် များအရ သိရသည်။
''သူတို့(ရဲ)ကဒီကိုကားအကောင်းစာ
ရဲများအမှုလိုအပ်နေချိန်တွင် မိန်းမလျာများသည် အဖြည့် ခံများဖြစ်နေကြသည်။ မိန်းမလျာများကို အာရှတိုက်သား အများစုက မကြိုက် ကြသော်လည်း ဥရောပတိုက်သားများက ကြိုက်နှစ်သက်မှု ရှိကြောင်း အင်းလျား ကန်ပေါင်တွင်တွေ့ရသည့် နိုင်ငံတကာ သဘောင်္သား တစ်ဦးက သူ၏အတွေ့အကြုံကို ရှင်းပြ သည်။
သူက''နိုင်ငံတကာမှာက သူတို့ဈေးကွက်ရှိတယ်။ အထူး သဖြင့်ဥရောပနိုင်ငံတွေမှာပေါ့''
အခြားနိုင်ငံများတွင် ဂေးများနှင့်ပတ်သက်သည့် ကလပ် များရှိကြောင်း၊ ဂေးဈေးကွက်ကို တရားဝင်ပင် ဖော်ဆောင်မှု ရှိကြောင်း ယင်း သင်္ဘောသား များ၏အဆိုအရ သိရသည်။ သူတို့လောကတွင် အပုန်းနှင့်အပွင့်ဟူ၍ အမျိုးအစား နှစ်မျိုးရှိပြီး နှစ်ဖက်ချွန် (တူးဝေး) များ လည်းရှိကြောင်း၊ ယင်း တူးဝေးများကို အပုန်းနှင့်အပွင့်နှစ်မျိုးစလုံ
အပွင့်များကို သိသာရန်လွယ်ကူသော်လည်း အပုန်းများ ကို တော်တော်များများ သတိမထားမိတတ်ပေ။ အပုန်းများ သည် နေရာတော် တော်များများ တွင်ရှိနေတတ်ကြောင်း ထိုသူတို့နှင့် အဆက်အသွယ်ရှိသည့် သူများနှင့်ကြုံတွေ့ဖူး သူများကပြော ကြသည်။
အပြည်ပြည် ဆိုင်ရာ အင်န်ဂျီအိုတစ်ခုတွင်လုပ်ကိုင်ေ
အခိျု့သော အပုန်းများသည် မိန်းမနှင့်ကလေးရှိသူများ ဖြစ်တတ်ပြီး အခိျု့မှာ မိန်းမမရခင်ကတည်းက ပုန်းနေတတ်ကာ အခိျု့ကတော့ မိန်းမရပြီး နောက်ပိုင်းမှ အပုန်းဖြစ်သွားတတ် ကြောင်း ဇင်လေးကဆိုသည်။ ''အပုန်းတွေရဲ့ဘဝက စိတ်ကိုချုပ်နှောင်ထားသလို မလွတ် လပ်ဘူး။ အခိျု့ဆို မိသားစုရှိနေလို့၊ ရာထူး တာဝန်ကြီးရှိနေလို့ အပုန်းဘဝနဲ့ပဲ နေရတဲ့လူတွေရှိတယ်။ အဲ့ဒီလူတွေထဲမှာ အလုပ် ကအနား ယူသွားပြီးတဲ့အချိန်၊ မိသားစုထဲမှာ ကလေးတွေကြီး သွားတဲ့အချိန်မျိုးမှာ အပွင့်ဘဝကို ခံယူသွား တတ်ကြ တယ်''ဟု ဇင်လေး က သူတွေ့ကြုံ ခဲ့ရပုံကို ပြောပြသည်။
၁၉၅၀ ပြည့်နှစ်တစ်ဝိုက်က အမေရိကန်နိုင်ငံတွင်ပြုလုပ် ခဲ့သောစစ်တမ်းတစ်ခုအရ ယောကျာ်းစင်စစ် ၉၅ ရာခိုင်နှုန်း သည် အခြေအ နေတစ် ခုနှင့်ကြုံတွေ့ရပါက အခြောက်ဖြစ်သွား နိုင်ကြောင်း သုတေ သနပြုလုပ်တွေ့ရှိခဲ့သည်။
အများစု မှာ ယောကျာ်း အချင်းချင်း မုဒိမ်းအကျင့်ခံရ ခြင်းနှင့် ပတ်ဝန်းကျင်၏လွှမ်းမိုးမှုကြောင်
''အင်္ဂလန်ပို့လိုက်ရင် အဲ့ဒီအရသာကို ကြိုက်သွားရော။ အဲ့ဒါဆို အဲ့ဒီကောင်အခြောက်မဖြစ်သွားရော'
လွန်ခဲ့သည့်နှစ်နှစ်ခန့်က အင်္ဂလန်ပို့သည့်ဈေးကွက်သည် နာမည်ကြီးခဲ့ပြီး အင်္ဂလန်အပို့ခံရပါက ကျပ်သုံး သိန်း ရသည်။ အင်္ဂလန် အပို့ခံ မည့်သူသည် တစ်ကြိမ်တစ်ခါမှ အပို့မခံဖူးသူ (သို့)မကြုံဘူး သူဖြစ်ရမည် ဖြစ် သည်။ ''သုံးသိန်းရလို့ခြောက်ရင် ခြောက်သွား ပါစေ ဆိုပြီး လုပ်တဲ့ လူတွေရှိတယ်''ဟု ဇာနည်မကြီးက ပြောသည်။
အပုန်း(သို့)အပွင့်နှင့် အတူတူနေသောလူကို သူငယ်ဟု ခေါ်ကြသည်။''အပုန်းဘဝမှာ သူငယ်ထောင်ရ တာနဲ့၊ အပွင့်ဘဝမှာ သူ ငယ်ထောင် ရတာမတူဘူး။ အပွင့်တွေက သူငယ်ပိုရတယ်။ အရင် အပုန်းဘဝ နဲ့သူငယ်ထောင် တုန်းက တစ်ပတ်မှတစ်ယောက် လောက် ပဲရ တာ။ ပွင့်လဲပွင့်ပြီးရော တစ်ရက်ကို သူငယ်နှစ် ယောက်လောက် ရတယ်'' ဟု ဇင်လေးက ပြောပြသည်။ သူငယ်အများ စုကတော့ အနေရအစားရချောင်သဖြင့် သူတို့နှင့် ပေါင်းသင်းခြင်းဖြစ်ကြောင်း သူတို့နား လည်ကြသည်။ သို့သော်လည်း သူငယ်(လင်) နှင့် ပတ်သက်၍ သူတို့ချင်းမကြာ မဏ အငြင်းပွား လေ့ရှိကြ သည်။
''ကိုယ့်လင်ကို သူများလုသွားတာကိုတော့ ဘယ်လိုမှမခံ စားနိုင်ဘူး။ ကိုယ့်လင်က ကိုယ်ထက်သာတဲ့ လူနောက်လိုက် သွားတယ်ဆိုပေမဲ့ သိသွားရင်တော့ ပွဲကြမ်းပစ်လိုက်တာပဲ။ ကိုယ်ကသူ့ကို လျော်ထား ရတာများ တယ်''ဟု လှိုင်သာယာမြို့ နယ်မှ သူသူက ပြောသည်။
သူတို့နှင့် အတူနေသောယောကျာ်းအခိျု့သည်လည်း အင်္ဂလန်အပို့ခံရကာ တူးဝေးများ ဖြစ်သွားကြ သူများ လည်း ရှိသည်။
မြန်မာနိုင်ငံတွင်ရှိသော အပွင့်များအနေဖြင့် ဖြတ်ဖောက် ချုပ်လုပ်ခြင်းမှာ အတော်အတန်နည်းပါးကြသည်။ ဖြတ်ဖောက် ချုပ်လုပ်ရန် အတွက် နိုင်ငံရပ်ခြားသွားရောက်လုပ်ရခြ
လက်ရှိဘဝတွင် ပျော်ရွှင်ကျေနပ်မှုရှိမရှိနှင့်
''ဘဝဆက်တိုင်း အခြောက်ဖြစ်ပါရစေလို၏''လို့ ဆုတောင်း တဲ့အခြောက်တွေလဲအများကြီးပဲ''ဟု
ထို့ပြင် HIV ပညာပေးအင်န်ဂျီအိုများ၏ ဦးတည်အုပ်စု လည်းဖြစ်သဖြင့် သူတို့တွင်ကွန်ဒုံးမှာ ဖောဖောသီ သီပင် ရှိနေ တတ်သည်။ ''ကွိုင်မသုံးလို့ အကယ်ဒမီရပြီး အွန်စောလုပ်နေရတဲ့သူ တွေရှိနေတော့ ဂရုစိုက်ရတယ်လေ''ဟု ကန်တော်ကြီး ဒေါင့်မှ အပွင့် တစ်ဦးက ပြောသည်။
အကယ်ဒမီဆိုသည်မှာ ရောဂါရနေသည့်သူကိုခေါ်ခြင်း ဖြစ်ပြီး အွန်စောကတော့ ဆေးသောက်နေရခြင်း ဖြစ်ကြောင်း သူတို့၏ ဗန်းစကားဖြင့် သုံးနှုန်းပြောဆိုခြင်းဖြစ်သည်။ သူတို့အတွက်အစိုးရမှ သီးသန့်ကျန်းမာရေးစောင့်ရှောက် မှုစင်တာမရှိသော်လည်း အင်န်ဂျီအို တစ်ခုမှ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများနှင့် ပညာပေးအပန်းဖြေစင်တာတစ်ခု ကို တည်ထောင်ပေး ထားသည်။
မည်သူက မည်သို့ဆိုစေ၊ သူတို့လိုလူများကတော့ရှိနေ မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်တော့ သူတို့ကိုခွဲခြား ဆက်ဆံမှု များရှိနေကြ သည်။ မြန်မာနိုင်ငံ၏ဥပဒေတွင်လည်း လိင်တူခြင်း ဆက်ဆံမှုကို တရားဝင် ခွင့်မပြုထားပေ။ သဘာဝအတိုင်း လိင် ဆက်ဆံခြင်းမဟုတ်ပါက ပုဒ်မ၃၇၇ ဖြင့် အဖမ်းခံရနိုင်သည်။
နိုင်ငံတကာတွင် သူတို့ကိုလိင်တူဆက်ဆံသူများအဖြစ
တောင်အမေရိကတိုက်ရှိ နိုင်ငံတစ်နိုင်ငံသည် ရိုးရာ အစဉ်အလာအရ လူပျိုပေါက်အရွယ်ရောက်သည်နှင့် ကျေးရွာ ဘုံအိမ်ကြီးသို့ လာရောက် ကာ လိင်တူဆက်ဆံခြင်းကို ပြုလုပ် ကြကြောင်း တက္ကသိုလ် မနုဿဗေဒ ဘာသာ ရပ်တွင် သင်ကြား ရမည်ဖြစ်သည်။
မြတ်စွာဘုရားရှင်လက်ထက်ကတည်းက နပုလ္လိင်ဟုခေါ် သောသူများရှိနေသည်။မြန်မာနိုင်င
''နောက်လဲ လာခဲ့ပေါ့အစ်ကိုရယ်။ အခုတော့ ရော်ကဲ တွေလာနေလို့ ပျော်တကေးလိုက်ဦးမယ်''ဟုဆိုကာ နှုတ်ဆက် သွားတော့သည်။
ဇေယျစိုပြေ ၊ ကျော်ဇေယျ ၊ ရဲနောင်(ဖယ်ခုံ) တို့ ကွင်းဆင်းရေးသားသည်။
ရန်ကုန်တိုင်းမ်သတင်းစာ အတွဲ ၁ မှတ် ၄ တွင် ပါရှိသော ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။
No comments:
Post a Comment