Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 22, 2013

ပျောက်ဆုံးနေသောနေ့ရက်များ



Google ကိုသွားပြီး September 1752 calendar လို့ ရိုက်ပြီးရှာကြည့်လိုက်ပါ... အဲ့ဒီလမှာ ရက်ပေါင်း ၁၁ ရက်ပျောက်ဆုံးနေတာကို တွေ့မြင်ရပါလိမ့်မယ်... ဒါဘာကြောင့်ဖြစ်ရသလဲဆိုရင် အင်္ဂလန်မှာ အရင်ကသုံးခဲ့တဲ့ Roman Julian ပြက္ခဒိန်ကနေ Gregorian ပြက္ခဒိန်ကို ပြောင်းသုံးခဲ့တဲ့ ကာလဖြစ်လို့ပါပဲ... Julian နှစ်ဟာ Gregorian နှစ်ထက် ၁၁ ရက်ပိုရှည်ပါတယ်... ဒါကြောင့် အင်္ဂလန်ဘုရင်ဟာ အဲ့ဒီလအတွက် ၁၁ ရက်ကိုပယ်ဖျက်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်...

ဒါကြောင့် အဲ့ဒီလမှာ အလုပ်သမားတွေဟာ ၁၁ ရက်လျော့ပြီးအလုပ်လုပ်ကြရပါတယ်... ဒါပေမဲ့ လစာကိုတော့ တစ်လစာအပြည့်ရကြပါတယ်... အဲ့ဒီကနေပြီး လစာနဲ့ခွင့်ခံစားတဲ့ paid leave ဆိုင်ရာ အခြေခံအယူအဆ ဖြစ်ပေါ်လာခဲ့ပါတယ်...

Roman Julian ပြက္ခဒိန်မှာ ဧပြီလဟာ နှစ်တစ်နှစ်ရဲ့ ပထမဆုံးလဖြစ်ပါတယ်... ဒါပေမဲ့ Gregorian ပြက္ခဒိန်မှာတော့ January ကို ပထမဆုံးလအဖြစ် တွေ့မြင်ရပါလိမ့်မယ်... Gregorian ပြက္ခဒိန်ကို ပြောင်းလဲအသုံးပြုပြီးနောက်ပိုင်းမှာလည်း လူတော်တော်များများဟာ အစဉ်အလာဟောင်းတွေကို စွန့်ပယ်ဖို့ငြင်းဆန်ခဲ့ကြပြီး ဧပြီလ ၁ ရက်နေ့ကိုပဲ နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြပါတယ်...

အမိန့်ကိုရိုးရိုးထုတ်ပြန်ပေမဲ့ အာဏာမသက်ရောက်တဲ့အတွက် ဘုရင်ကြီးဟာ နောက်ဆုံးမှာ တော်ဝင်အဆိုအမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ရပါတယ်... အဲ့ဒါကတော့ ဧပြီလ ၁ ရက်နေ့ကို နှစ်သစ်ကူးနေ့အဖြစ် အခမ်းအနားကျင်းပတဲ့သူကို အရူးအဖြစ် တံဆိပ်ခတ်နှိပ်သတ်မှတ်ခြင်းခံရမယ်ဆိုတဲ့ အမိန့်ပဲဖြစ်ပါတယ်... အဲ့ဒီအချိန်ကစပြီး ဧပြီလ ၁ ရက်နေ့ဟာ April Fool's Day (ဧပြီအရူးနေ့) ဆိုတာ ဖြစ်လာခဲ့ပါတယ်...

----------------------------------------------------------------
Ref: Engineering Buddies

No comments:

Post a Comment