တစ်ခါတုန်းကပေါ့ ဘုရားသခင်က လူသားမိန်းမကို ဖန်ဆင်းနေတဲ့အချိန်ကာလအတွင်း ၆ ရက်မြောက်နေ့မှာ နတ်သမီးတစ်ပါးရောက်လာပါတယ် ။ ပြီးတော့ ဘုရားသခင်ကိုမေးတယ်
“ ဒီတစ်ခုလေးကို ဘုရားသခင်က ဘာလို့အချိန်အများကြီးယူပြီး ဖန်ဆင်းနေရတာလဲ ”
ဘုရားသခင်က နတ်သမီးကိုကြည်ပြီးပြောတယ်
“ အခုဖန်တီးနေတဲ့ လူသားမိန်းမရဲ့ အစိတ်ပိုင်းတွေကို တွေ့လား ”
နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေသေချာချာကြည့်လိုက်တယ်
...
ဘုရားသခင်ကဆက်ပြောတယ်
သူဖန်တီးပြီးဖြစ်တဲ့ လူသားမိန်းမရဲ့ လက်နှစ်ချေင်းကို ညွှန်ပြလိုက်ပြီး
“ ဒီလက်နှစ်ချောင်းနဲ့ သူမဟာ ခန္ဓာကိုယ်ပေါ်က အ၀တ်တွေကို လျှော်ဖွပ်နိုင်တယ် အိမ်ထဲမှာရှိတဲ့ပစ္စည်း အမျိုး ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ဒီရွေ့ပြောင်းနိုင် တယ် အရသာ ထူးကဲတဲ့အစားအသောက်တွေကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ဒါ့အပြင် ကလေးငယ်တွေကိုလည်းချီမပြုစု ပေးနိုင်သေးတယ် အဲဒီလက်နှစ်ဖက်နဲ့ပဲ ဒူးနာတာကအစ လူတစ်ဖက်သား အသည်းကွဲတာ အဆုံး သူ ပျောက်ကင်းအောင်စွမ်းဆောင်ေ ပးနိုင်တယ် နတ်သမီး ”
ဘုရားသခင်ရဲ့စကားကြောင့်နတ် သမီးက လူသားမိန်းမကို အထင်ကြီးသွားတယ် ပြီးတော့ ဘုရားသခင်ကိုထပ်မေးတယ်
“ ဒါဟာ လူသားမိန်းမရဲ့ပုံသဏ္ဍန် အပြည့်အစုံပဲလား ဘုရားသခင် ”
“ ဒီနေ့တော့ သူမကို ဖန်တီး၇တာတွေများနေပြီ မနက်ဖြန် တစ်ချက်ကြည့်ပါဦး အဲဒီအခါ ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ရပါ လိမ့်မယ် ”
နောက်တစ်နေ့ကျတော့ နတ်သမီးက ဘုရားသခင်ဆီရောက်လာပြန်တယ် ဘုရားသခင်ကပြောတယ်
“ ဒီနေ့တော့ လူသားမိန်းမရဲ့ပုံစံဟာပြီးသ င့်သလောက်တော့ပြီးနေပါပြီ ဖန်ဆင်းခဲ့ သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်းရတာ အနှစ်သက်ဆုံးပါပဲ ”
“ ဘာလို့ပါလဲ ဘုရားသခင် ” နတ်သမီးကမေးတယ်
“ နေထိုင်မကောင်းဖြစ်တဲ့အချိန်မှာ ဆို လူသားမိန်းမဟာ သူမ ဘာသာသူမ ပြုစုစောင့်ရှောက်တတ်တယ် သူတစ်ပါးနေမကောင်းရင်လည်း ပြုစုစောင့်ရှောက်ပေးတတ်တယ် တစ်နေ့မှာ သူမဟာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်စွမ်းရှိတယ် ”
နတ်သမီးက ဘုရားသခင်ရဲ့စကားကို နားထောင်ရင်း လူသားမိန်းမအနီးကို တိုးကပ်သွားတယ် ပြီးတော့ လူသားမိန်းမကို တို့ထိကြည့်လိုက်တယ်
“ နူးညံ့လိုက်တာ ”
“ ဟုတ်တယ် နူးညံတယ် ဒါပေမယ့် စိတ်ထားကိုတော့ သန်မာအောင်လို့ဖန်ဆင်းထားတယ် အခက်အခဲတွေ အတားအဆီးတွေကိုကျော်လွှားနို င်အောင်လည်း ဖန်ဆင်းထားတယ် ”
“ သူမက တွေးခေါ်တတ်လို့လား ”
နတ်သမီးက ထပ်မေးလိုက်တယ်
“ တွေးတတ်ယုံတင်မကပါဘူး အကျိုးအကြောင်းဆီလျှော်အောင် စဉ်းစားနိုင်ပြီးညှိညှိနှို င်းနှိုင်းလည်းလုပ်တတ်သေးတယ် ”
နတ်သမီးက ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ ပါးပြင်ကို လက်နဲ့ထိလိုက်တယ်
“ ဟင် ဒီမှာ အရည်တွေ စိမ့်ကျနေပါလား ဖန်ဆင်းထားတာများလို့များ လူသားမိန်းမမှာ ၀န်ထုပ်ဝန်ပိုးဖြစ်နေတာလား ”
“ အဲဒါကို မျက်ရည်လို့ခေါ်တယ် နတ်သမီး ”
“ ဟင် .. ဘာအတွက်လဲ ”
“ သူမရဲ့ဘ၀မှာ တွေ့ကြုံလာရတဲ့ ကြေကွဲမှု ၀မ်းနည်းမှု အမုန်းတရားနဲ့ ချစ်ခြင်းတရားတွေ အထီးကျန်မှုနဲ့နာကျင်မှုတွေ ဂုဏ်ယူမှုတွေပျော်ရွှင်မှုတွေ စတဲ့စိတ်ခံစားမှုတွေကို ဖော်ပြဖို့အတွက်ပါ ”
နတ်သမီးဟာ လူသားမိန်းမကို အရမ်းအထင်ကြီးသွားတယ် ပြီးတော့လူသားမိန်းမကိုပြော တယ်
“ သင်ဟာ သိပ်ကို ကြီးကျယ်မြင့်မြတ်လှတဲ့လူသားမိန်းမပါပဲ ဘုရားသခင် သင်ဟာအရာရာကို စဉ်းစားချင့်ချိန်ပြီး တွေးတွေးဆဆ စွမ်းဆောင်နိုင်တယ် အခု သင်ဖန်ဆင်းထားတဲ့ လူသားမိန်းမကလည်း ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး မရှိမဖြစ် အလိုအပ်ဆုံးဖြစ်လာပါလိမ့်မယ် ” လို့ဆိုလိုက်တယ်
ဘုရားသခင်ကပြုံးပြီးပြန်ပြောတယ်
“ ဟုတ်တယ် လူသားမိန်းမက ကမ္ဘာကြီးအတွက် တကယ့်လိုအပ်မှုတစ်ခုပါ သူမမှာ လူသားယောက်ျားတွေ အံ့သြသွားစေမယ့် ခွန်အားနဲ့သတ္တိတွေရှိတယ် မိသားစုရဲ့ ၀န်ထုပ်ဝန်ပိုးတွေကိုလည်ြးေ ဖရှင်းနိုင်စွမ်းရှိတယ် သူမကြောင့် ပျော်ရွှင်ခြင်းတွေ ချစ်ခြင်းတရားတွေနဲ့အတွေးအေ ခ်ါသစ်တွေ ဖြစ်ပေါ်လာနိုင်တယ် နောက်ဆုံး သူမကြောက်ရွံ့နေတာတောင်မှ သူမမှာ ပြုံးပြနိုင်တဲ့အစွမ်းရှိတယ် ”
“ အဲ့လောက်တောင်ပဲလား ”
“ ဒါတင်မကသေးဘူး ငိုကြွေးရမယ့်ဒုက္ခတွေ ခါးဆီးခံရမယ့်အချိန်မှာ သူမ သီချင်းဆိုနိုင်တယ် ပျော်ရွှင်ရမယ်မောတဲ့အချိန်မှာလည်းသီချင်းဆိုတယ် ကြောက်ရွံ့ထိတ်လန့်နေချိန်မှာလည်း သီချင်းဆိုတယ် ”
“ အိုး ... ”
“ သူမ မိသားစုအတွက် သူမယုံကြည်ရာကို ပြုလုပ်နိုင်သလို မိသားစုအတွက် သူမဟာ အဓိကဇာတ်ကောင်အဖြစ် ခံယူထားပြီး မိသားစု ငြိမ်းချမ်းတည်ငြိမ်အောင်မြ င်အောင် သူမအပေါ်မူတည်နေတယ်လို့လည်းခံယူထားတယ် သူမရဲ့နှလုံးသားဟာ ပုံသဏ္ဍန်အမှန်မရှိဘူး ”
“ သူမရဲ့သားသမီးတွေ အောင်မြင်နေတာကြည်ပြီး ကြည်နူးမျက်ရည်တွေလည်းကျနေတ တ်တယ် သားသမီးအတွက် ၀မ်းနည်းတာဖြစ်စေ ၀မ်းသာတာဖြစ်စေ မျက်ရည်ကျတတ်သေးတယ် တခါတခါ ပီတိအပြုံးနဲ့ဂုဏ်ယူနေတတ်သေးတယ် ”
နတ်သမီးက ဘုရားသခင်စကားနားထောင်ရင်း လူသားမိန်းမကို သဘောကျနေခဲ့တယ် ဘုရားသခင်က နောက်ထပ်ဆက်ရှင်းပြတယ်
“ သူမ နှလုံးသားဟာ ဆွေမျိုး မိသားစုထဲက တစ်ယောက်ယောက်ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်ဆုံးတယ် သတင်းကြားရင် ကြေကွဲထိခိုက်တတ်တယ် ဒါပေမယ့်အဲဒီကြေကွဲမှုတွေကို ပဲ ဘ၀အတွက်လိုအပ်တဲ့ခွန်အားအဖြ စ်ပြောင်းလဲယူနိုင်စွမ်းလည်းရှိတယ် ”
“ သူတပါးအတွက် အနမ်းရယ် ယုယနွေးထွေးတဲ့ ဆက်ဆံခြင်းတွေက အသည်းကွဲခြင်းကို ကုစားပေးနိုင်တယ်ဆိုတာလည်း သူမက သိသေးတယ် ”
ဘုရားသခင်က နောက်ဆုံးနတ်သမီးကို စကားတစ်ခွန်းပြောတယ်
“ ဒါပေမယ့် လူသားမိန်းမမှာ ချို့ယွင်းချက်တစ်ခုရှိတယ် ”
“ ဘယ်လို .. ”
“ ဘယ်လိုချို့ယွင်းချက်လဲ ဒီလောက်ပြည့်စုံနေတာကို ”
“ သူမဟာ သူမရဲ့ အဲဒီလို တန်ဖိုးရှိနေမှုတွေကို မေ့နေတတ်တယ် ”
“ ဟင် .. ”
“ နောက်ပြီး ကမ္ဘာပေါ်မှာ သူမဟာ အဖိုးတန်ဆုံးလူသားတစ်ယောက်ပါလားဆိုတာကိုလည်း အမြဲတမ်းမေ့နေတတ်တယ် ”
========================== =======
ပုံပြင်လေးရဲ့ ဆိုလိုရင်းက အမျိုးသမီးတစ်ယောက်ရဲ့ အနှစ်သာရနဲ့ တန်ဖိုးရှိခြင်းကို ဖော်ကျူးသွားခြင်းပါပဲ
တချို့ အမျိုးသမီးဘ၀ရလို့ စိတ်ညစ်တယ်စိတ်ပျက်တယ် တချို့ ချစ်သူရည်းစားက အသည်းခွဲသွားလို့ စိတ်လေနေတဲ့သူတွေ တချို့ ယောက်ျားကပစ်သွားလို့ လက်မှိုင်ချပြီးကိုယ့်ဘ၀ကို ယ် တန်ဖိုးမရှိဘူးလို့ထင်နေတဲ့ သူတွေ အတွက်
ဒီပုံပြင်လေးက ခွန်အားတချို့ကိုပေးစေနိုင် မှာပါ ။
တကယ်တော့ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ သူ့တန်ဖိုးနဲ့သူ ကမ္ဘာလောကကြီးကို အလှဆင်နေတဲ့လူသားတွေချည်းပါ ပဲ ။ မိန်းမမို့လို့ နိမ့်ကျတာမျိုးမရှိသလို ယောက်ျားမို့လို့ ထူးခြားပြီးမြင့်မြတ်နေတာမျိုးလည်းမရှိပါဘူး ။ ပခုံးနှစ်ဖက်က ခေါင်းပေါက်တာခြင်းအတူတူ လူသားတစ်ယောက်ရဲ့ လူသားဆန်မှု အပြည့်အ၀ရှိနေသူဟာ လူသားပီသတာပါပဲ ။
အမျိုးသမီးတိုင်း မိမိ ရရှိနေတဲ့ဘ၀ကို တန်ဖိုးထားပြီး ဂုဏ်ယူနိုင်ကြပါစေ ။
သက်တန့်ချို
The creatures of women အား ဆီလျှော်သလို ဘာသာပြန်သည်
https://www.facebook.com/photo.php?fbid=578958182125666&set=a.324368407584646.79700.228916213796533&type=1&theater#!/photo.php?fbid=280598712077794&set=a.110768499060817.15143.100003830034541&type=1&theater
“ ဒီတစ်ခုလေးကို ဘုရားသခင်က ဘာလို့အချိန်အများကြီးယူပြီ
ဘုရားသခင်က နတ်သမီးကိုကြည်ပြီးပြောတယ်
“ အခုဖန်တီးနေတဲ့ လူသားမိန်းမရဲ့ အစိတ်ပိုင်းတွေကို တွေ့လား ”
နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေသေချာချာကြည့်လိုက်တယ်
...
ဘုရားသခင်ကဆက်ပြောတယ်
သူဖန်တီးပြီးဖြစ်တဲ့ လူသားမိန်းမရဲ့ လက်နှစ်ချေင်းကို ညွှန်ပြလိုက်ပြီး
“ ဒီလက်နှစ်ချောင်းနဲ့ သူမဟာ ခန္ဓာကိုယ်ပေါ်က အ၀တ်တွေကို လျှော်ဖွပ်နိုင်တယ် အိမ်ထဲမှာရှိတဲ့ပစ္စည်း အမျိုး ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ဒီရွေ့ပြောင်းနိုင်
ဘုရားသခင်ရဲ့စကားကြောင့်နတ်
“ ဒါဟာ လူသားမိန်းမရဲ့ပုံသဏ္ဍန် အပြည့်အစုံပဲလား ဘုရားသခင် ”
“ ဒီနေ့တော့ သူမကို ဖန်တီး၇တာတွေများနေပြီ မနက်ဖြန် တစ်ချက်ကြည့်ပါဦး အဲဒီအခါ ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ရပါ
နောက်တစ်နေ့ကျတော့ နတ်သမီးက ဘုရားသခင်ဆီရောက်လာပြန်တယ် ဘုရားသခင်ကပြောတယ်
“ ဒီနေ့တော့ လူသားမိန်းမရဲ့ပုံစံဟာပြီးသ
“ ဘာလို့ပါလဲ ဘုရားသခင် ” နတ်သမီးကမေးတယ်
“ နေထိုင်မကောင်းဖြစ်တဲ့အချိန
နတ်သမီးက ဘုရားသခင်ရဲ့စကားကို နားထောင်ရင်း လူသားမိန်းမအနီးကို တိုးကပ်သွားတယ် ပြီးတော့ လူသားမိန်းမကို တို့ထိကြည့်လိုက်တယ်
“ နူးညံ့လိုက်တာ ”
“ ဟုတ်တယ် နူးညံတယ် ဒါပေမယ့် စိတ်ထားကိုတော့ သန်မာအောင်လို့ဖန်ဆင်းထားတယ
“ သူမက တွေးခေါ်တတ်လို့လား ”
နတ်သမီးက ထပ်မေးလိုက်တယ်
“ တွေးတတ်ယုံတင်မကပါဘူး အကျိုးအကြောင်းဆီလျှော်အောင
နတ်သမီးက ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ ပါးပြင်ကို လက်နဲ့ထိလိုက်တယ်
“ ဟင် ဒီမှာ အရည်တွေ စိမ့်ကျနေပါလား ဖန်ဆင်းထားတာများလို့များ လူသားမိန်းမမှာ ၀န်ထုပ်ဝန်ပိုးဖြစ်နေတာလား ”
“ အဲဒါကို မျက်ရည်လို့ခေါ်တယ် နတ်သမီး ”
“ ဟင် .. ဘာအတွက်လဲ ”
“ သူမရဲ့ဘ၀မှာ တွေ့ကြုံလာရတဲ့ ကြေကွဲမှု ၀မ်းနည်းမှု အမုန်းတရားနဲ့ ချစ်ခြင်းတရားတွေ အထီးကျန်မှုနဲ့နာကျင်မှုတွေ ဂုဏ်ယူမှုတွေပျော်ရွှင်မှုတွေ စတဲ့စိတ်ခံစားမှုတွေကို ဖော်ပြဖို့အတွက်ပါ ”
နတ်သမီးဟာ လူသားမိန်းမကို အရမ်းအထင်ကြီးသွားတယ် ပြီးတော့လူသားမိန်းမကိုပြော
“ သင်ဟာ သိပ်ကို ကြီးကျယ်မြင့်မြတ်လှတဲ့လူသာ
ဘုရားသခင်ကပြုံးပြီးပြန်ပြေ
“ ဟုတ်တယ် လူသားမိန်းမက ကမ္ဘာကြီးအတွက် တကယ့်လိုအပ်မှုတစ်ခုပါ သူမမှာ လူသားယောက်ျားတွေ အံ့သြသွားစေမယ့် ခွန်အားနဲ့သတ္တိတွေရှိတယ် မိသားစုရဲ့ ၀န်ထုပ်ဝန်ပိုးတွေကိုလည်ြးေ
“ အဲ့လောက်တောင်ပဲလား ”
“ ဒါတင်မကသေးဘူး ငိုကြွေးရမယ့်ဒုက္ခတွေ ခါးဆီးခံရမယ့်အချိန်မှာ သူမ သီချင်းဆိုနိုင်တယ် ပျော်ရွှင်ရမယ်မောတဲ့အချိန်မ
“ အိုး ... ”
“ သူမ မိသားစုအတွက် သူမယုံကြည်ရာကို ပြုလုပ်နိုင်သလို မိသားစုအတွက် သူမဟာ အဓိကဇာတ်ကောင်အဖြစ် ခံယူထားပြီး မိသားစု ငြိမ်းချမ်းတည်ငြိမ်အောင်မြ
“ သူမရဲ့သားသမီးတွေ အောင်မြင်နေတာကြည်ပြီး ကြည်နူးမျက်ရည်တွေလည်းကျနေတ
နတ်သမီးက ဘုရားသခင်စကားနားထောင်ရင်း လူသားမိန်းမကို သဘောကျနေခဲ့တယ် ဘုရားသခင်က နောက်ထပ်ဆက်ရှင်းပြတယ်
“ သူမ နှလုံးသားဟာ ဆွေမျိုး မိသားစုထဲက တစ်ယောက်ယောက်ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်ဆုံ
“ သူတပါးအတွက် အနမ်းရယ် ယုယနွေးထွေးတဲ့ ဆက်ဆံခြင်းတွေက အသည်းကွဲခြင်းကို ကုစားပေးနိုင်တယ်ဆိုတာလည်း သူမက သိသေးတယ် ”
ဘုရားသခင်က နောက်ဆုံးနတ်သမီးကို စကားတစ်ခွန်းပြောတယ်
“ ဒါပေမယ့် လူသားမိန်းမမှာ ချို့ယွင်းချက်တစ်ခုရှိတယ် ”
“ ဘယ်လို .. ”
“ ဘယ်လိုချို့ယွင်းချက်လဲ ဒီလောက်ပြည့်စုံနေတာကို ”
“ သူမဟာ သူမရဲ့ အဲဒီလို တန်ဖိုးရှိနေမှုတွေကို မေ့နေတတ်တယ် ”
“ ဟင် .. ”
“ နောက်ပြီး ကမ္ဘာပေါ်မှာ သူမဟာ အဖိုးတန်ဆုံးလူသားတစ်ယောက်ပ
==========================
ပုံပြင်လေးရဲ့ ဆိုလိုရင်းက အမျိုးသမီးတစ်ယောက်ရဲ့ အနှစ်သာရနဲ့ တန်ဖိုးရှိခြင်းကို ဖော်ကျူးသွားခြင်းပါပဲ
တချို့ အမျိုးသမီးဘ၀ရလို့ စိတ်ညစ်တယ်စိတ်ပျက်တယ် တချို့ ချစ်သူရည်းစားက အသည်းခွဲသွားလို့ စိတ်လေနေတဲ့သူတွေ တချို့ ယောက်ျားကပစ်သွားလို့ လက်မှိုင်ချပြီးကိုယ့်ဘ၀ကို
ဒီပုံပြင်လေးက ခွန်အားတချို့ကိုပေးစေနိုင်
တကယ်တော့ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ သူ့တန်ဖိုးနဲ့သူ ကမ္ဘာလောကကြီးကို အလှဆင်နေတဲ့လူသားတွေချည်းပါ
အမျိုးသမီးတိုင်း မိမိ ရရှိနေတဲ့ဘ၀ကို တန်ဖိုးထားပြီး ဂုဏ်ယူနိုင်ကြပါစေ ။
သက်တန့်ချို
The creatures of women အား ဆီလျှော်သလို ဘာသာပြန်သည်
https://www.facebook.com/photo.php?fbid=578958182125666&set=a.324368407584646.79700.228916213796533&type=1&theater#!/photo.php?fbid=280598712077794&set=a.110768499060817.15143.100003830034541&type=1&theater
No comments:
Post a Comment