ကုန်စုံဆိုင်ကလေးက တဆင့်
ခေတ်ကို ပြတင်းဖွင့်ကြည့်နိုင်တယ်။
ဈေးနှုန်းတွေ အတက်အကျ
လက်ပြ နှုတ်ဆက်
အထွက်အ၀င် အသက်ပင် မရှူရဲ
အူဝဲကလေးအတွက် နို့ ဗူးမ၀ယ်နိုင်
မှိုင်တွေချနေတဲ့ မိဘရဲ့
မျက်ရည်စကလေးကိုပါ မြင်နိုင်တယ်။
လူနဲစုရဲ့ ပိုက်ဆံအိတ်မှာတော့
အလိပ်လိုက် အထပ်လိုက်
စိတ်ကြိုက်သလောက် ၀ယ်ခြမ်း
အလွယ်လမ်းကို ဘယ်လိုတွေ့ ခဲ့ပါလိမ့်။
ချောကလက်နဲ့  ချဉ်ထုပ်
ချဉ်ထုပ်က အရောင်းသွပ်ပေမယ့်
ချောကလပ်ကတော့ မျက်နှာအကြီးဆုံးပါ
ဆိုင်ကလေးကတော့
ခေတ်ဈေးခင်း
ခေတ်ပြတင်းဖွင့်လက်ပါပဲ။ ။
တင်မိုး
photo maungmaunghlamyint
No comments:
Post a Comment