...................
(သန့်ဇင်စိုး)
ဗုံသံများက ရှုပ်ထွေးသောစည်းချက်များဖြင့်
တရိပ်ရိပ်တုန်ခါလို့ နေပါသည်။ နီကီတာဂီရာနှင့် ကချေသည် နှစ်ဦးတို့၏
မြန်ဆန်လှသော ခြေထိုးကကွက်များက ကျက်သရေအပြည့်နှင့် လှုပ်ရှားနေ၏။
မွန်ဘိုင်းခန်းမ ထဲမှာဖြစ်သည်။ ပရိသတ်များက အပြည့်။ အားလုံး
ကျောက်ကပ်ဝေဒနာရှင်များ ဖြစ်ကြပေသည်။
ကကွက်များက ဇာတ်ရှိန်အမြင့်ဆုံးသို့ ရောက်လာလေလေ သူမခြေထောက်တွေက နာလာပြီး ရင်ဘတ် လေးလံလာ၏။ သို့သော် ဂီရာတစ်ယောက် ကကွက်တွေကို ရပ်တန့်မပစ်လိုက်ပါချေ။ ကျောက်ကပ်ဝေဒနာရှင် တွေကို သူမ စိတ်မပျက်သွားစေလိုပါ။ သူမကိုယ်တိုင်လည်း ထိုဝေဒနာ ခံစားနေရသည် မဟုတ်ပါလား။
ပြီးခဲ့တဲ့နှစ်ပေါင်း ၂၀ လောက်က ဂီရာ့ကျောက်ကပ်များ မကောင်းတော့ဘဲ သူ့မိခင်လှူထားသည့် ကျောက်ကပ်ကလည်း သူ့ခန္ဓာကိုယ်ထဲ သိပ်ပြီးအဆင်မပြေ။ "ငါဘာလို့များ အသက်ဆက် ရှင်နေရတာလဲ" ဆိုသည့် မေးခွန်းကိုသာ ပျော်ရွှင်မှုကင်းမဲ့နေသည့် မိန်းကလေး တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ထပ်တလဲလဲ မေးနေမိသည်။
သူမ၏ဆရာဝန် ဒေါက်တာမိုဟန်ရာဂျာပါကား လည်း ဂီရာတစ်ယောက် ကျန်းမာရေးနဲ့ နပန်းလုံးလိုက်၊ ခွေးကလေးနဲ့ ဆော့လိုက်၊ ကိုယ့်ကိုယ်ကိုယ်သနားလိုက် လုပ်နေတာကို စိတ်မကောင်းဖြစ်မိသည်။
"ငယ်လည်းငယ်၊ ပညာလည်းတတ်တဲ့ မိန်းကလေး တစ်ယောက်ဖြစ်ပြီး ဘာဖြစ်လို့ အချိန်ဖြုန်းနေတာလဲ" ဟု ခပ်ပြတ်ပြတ်ပဲ မေးချလိုက်သည်။ "မင်းဟာတခြား အသုံးဝင်တာ တစ်ခုလောက် လုပ်နိုင်ပါတယ်" ဟုလည်း ပြောလိုက်သည်။
နီကီတာဂီရာလည်း ဆတ်ခနဲနာသွားပြီး ချက်ချင်း ပြန်မေးလိုက်သည်။
"လူနာတစ်ယောက်ဟာ ဘယ်လိုမျိုး ခံစားနေရမယ်ဆိုတာ ဆရာသိလို့လား"
"ဆရာလည်း ၂၉ နှစ်လောက်တုန်းက Heart Attack ဖြစ်ဖူးတယ်။ ခဏခဏလည်း နှလုံးခွဲစိတ်ခံ ခဲ့ရတယ်။ ဒါပေမဲ့အချည်းနှီးဖြစ်နေတဲ့ ဘဝနဲ့ သူများ အသနားခံဘဝကို အဖြစ်မခံနိုင်ဘူး" ဟု ဒေါက်တာ ရာဂျာပါကားက ပြန်ပြော၏။
နီကီတာဂီရာ ရှက်သွားမိသည်။ သူမ ဘဝတွင် တစ်ခုခုတော့ လုပ်ရမည်ဟုလည်း ဆုံးဖြတ်လိုက်၏။ သို့သော် ဘာလုပ်ရမည် နည်းဆိုသည့် မေးခွန်းကဖြစ်လာသည်။
ထိုမေးခွန်း၏အဖြေကို ၁၉၉၉ ဖေဖော်ဝါရီလောက်မှာ ရလိုက်ပါသည်။ မိတ်ဆွေတစ်ယောက်၏ အက အစီအစဉ်တစ်ခုတွင် ဖြစ်ပေ၏။ ကျန်းမာရေးကောင်းစဉ်က ဂီရာသည် အိန္ဒိယရိုးရာ အက ဘရတနာတီရမ်ကို စိတ်ဝင်တစား လေ့လာသောကျောင်းသူ တစ်ဦးဖြစ်ခဲ့၏။ စိတ်ထဲ စွဲနေပြီးသားဖြစ်သော ဂီတသံများနှင့် ဇာတ်စင်နောက်တွင် ပြင်ကြ ဆင်ကြရှုပ်ထွေးနေသော အခြေ အနေများက သူမကို စိတ်လှုပ်ရှားစေခဲ့လေသည်။
နောက်နေ့ အကအတန်းကို ပြန်စတက်တော့သည်။ နှစ်လလောက်ပဲ ကြာပါသည်။ ဒေါက်တာရာဂျာပါကား ကို အထူးအဆန်း တစ်ခုသွားပြော၏။ ဆေးရုံနှစ်စဉ်ပွဲမှာ ဝင်ပြီးတော့ တင်ဆက်ချင်သည်ဟု။
ကကွက်များကြားမှာ ဂီရာ လွင့်မျောပစ်လိုက်သည်။ သြဘာသံတွေ ဟိန်းသွားပြီး အတွေးတစ်ခုကလည်း လက်ခနဲ ခေါင်းထဲရောက်လာ ပေတော့သည်။ ဆင်းရဲသည့် ကျောက်ကပ်ဝေဒနာရှင်များ အတွက် အက အနုပညာဖြင့် ရန်ပုံငွေ ရှာပေးနိုင်သည် ဆိုသည့်အတွေး ဖြစ်သည်။ ကျောက်ကပ်အတွင်း မှ ရေပိုနှင့် အညစ်အကြေး တို့ကို ဖယ်ထုတ်သန့်စင်ပေးရသည့် တစ်နည်းအားဖြင့် ကျောက်ကပ်ဆေးရသည့် လုပ်ငန်းသည် တော်တော် အကုန်အကျများ၏။
"ကျောက်ကပ်ဆေးရတာ ဈေးကြီးတယ်လေ။ လူတော်တော်များများက မတတ်နိုင်တော့ အဲဒီအဆင့်ကို ကျော်ကြရတယ်" ဟု နီကီတာဂီရာက ပြောပြသည်။
သူမ မထင်မှတ်လောက်အောင်ပင် အလှူငွေတွေ ဝင်လာသည်။ ၁၉၉၉ ခုနှစ်နိုဝင်ဘာလ လောက်ကစပြီး တိုင်းပြည်အနှံ့ လှည့်ပြီး ရန်ပုံငွေရှာခဲ့ရာ အမေရိကန်ဒေါ်လာ ခုနစ်သောင်းကျော် အထိ ရခဲ့သည်။ ကျောက်ကပ် လူနာ ၆၅ ဦး အထောက်အပံ့ရခဲ့ပြီး လူနာ ၁၃ ဦးကို ကျောက်ကပ်ဆေးရန် အတွက် ပုံမှန် ထောက်ပံ့ထားပေးနိုင်သည်။
"ကျွန်မခန္ဓာကိုယ်နဲ့ ကျတော့ ကရတာ ခက်တယ်ရှင့်" ခရီးသွားလိုက် ကပြဖျော်ဖြေလိုက် လုပ်နေသည့် ဂီရာကပြောပြသည်။
"ဒါပေမဲ့ ကျွန်မနိုင်သရွေ့တော့ အသုံးဝင်တဲ့ဘဝ နဲ့ပဲ အသက်ရှင်ချင်တယ်"
(Reader’s Digest မဂ္ဂဇင်းမှ Charity in Motion ကိုဘာသာပြန်ဆိုပါသည်။)
(သန့်ဇင်စိုး)
ဗုံသံများက ရှုပ်ထွေးသောစည်းချက်များဖြင
ကကွက်များက ဇာတ်ရှိန်အမြင့်ဆုံးသို့ ရောက်လာလေလေ သူမခြေထောက်တွေက နာလာပြီး ရင်ဘတ် လေးလံလာ၏။ သို့သော် ဂီရာတစ်ယောက် ကကွက်တွေကို ရပ်တန့်မပစ်လိုက်ပါချေ။ ကျောက်ကပ်ဝေဒနာရှင် တွေကို သူမ စိတ်မပျက်သွားစေလိုပါ။ သူမကိုယ်တိုင်လည်း ထိုဝေဒနာ ခံစားနေရသည် မဟုတ်ပါလား။
ပြီးခဲ့တဲ့နှစ်ပေါင်း ၂၀ လောက်က ဂီရာ့ကျောက်ကပ်များ မကောင်းတော့ဘဲ သူ့မိခင်လှူထားသည့် ကျောက်ကပ်ကလည်း သူ့ခန္ဓာကိုယ်ထဲ သိပ်ပြီးအဆင်မပြေ။ "ငါဘာလို့များ အသက်ဆက် ရှင်နေရတာလဲ" ဆိုသည့် မေးခွန်းကိုသာ ပျော်ရွှင်မှုကင်းမဲ့နေသည့် မိန်းကလေး တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ထပ်တလဲလဲ မေးနေမိသည်။
သူမ၏ဆရာဝန် ဒေါက်တာမိုဟန်ရာဂျာပါကား လည်း ဂီရာတစ်ယောက် ကျန်းမာရေးနဲ့ နပန်းလုံးလိုက်၊ ခွေးကလေးနဲ့ ဆော့လိုက်၊ ကိုယ့်ကိုယ်ကိုယ်သနားလိုက် လုပ်နေတာကို စိတ်မကောင်းဖြစ်မိသည်။
"ငယ်လည်းငယ်၊ ပညာလည်းတတ်တဲ့ မိန်းကလေး တစ်ယောက်ဖြစ်ပြီး ဘာဖြစ်လို့ အချိန်ဖြုန်းနေတာလဲ" ဟု ခပ်ပြတ်ပြတ်ပဲ မေးချလိုက်သည်။ "မင်းဟာတခြား အသုံးဝင်တာ တစ်ခုလောက် လုပ်နိုင်ပါတယ်" ဟုလည်း ပြောလိုက်သည်။
နီကီတာဂီရာလည်း ဆတ်ခနဲနာသွားပြီး ချက်ချင်း ပြန်မေးလိုက်သည်။
"လူနာတစ်ယောက်ဟာ ဘယ်လိုမျိုး ခံစားနေရမယ်ဆိုတာ ဆရာသိလို့လား"
"ဆရာလည်း ၂၉ နှစ်လောက်တုန်းက Heart Attack ဖြစ်ဖူးတယ်။ ခဏခဏလည်း နှလုံးခွဲစိတ်ခံ ခဲ့ရတယ်။ ဒါပေမဲ့အချည်းနှီးဖြစ်နေတဲ့
နီကီတာဂီရာ ရှက်သွားမိသည်။ သူမ ဘဝတွင် တစ်ခုခုတော့ လုပ်ရမည်ဟုလည်း ဆုံးဖြတ်လိုက်၏။ သို့သော် ဘာလုပ်ရမည် နည်းဆိုသည့် မေးခွန်းကဖြစ်လာသည်။
ထိုမေးခွန်း၏အဖြေကို ၁၉၉၉ ဖေဖော်ဝါရီလောက်မှာ ရလိုက်ပါသည်။ မိတ်ဆွေတစ်ယောက်၏ အက အစီအစဉ်တစ်ခုတွင် ဖြစ်ပေ၏။ ကျန်းမာရေးကောင်းစဉ်က ဂီရာသည် အိန္ဒိယရိုးရာ အက ဘရတနာတီရမ်ကို စိတ်ဝင်တစား လေ့လာသောကျောင်းသူ တစ်ဦးဖြစ်ခဲ့၏။ စိတ်ထဲ စွဲနေပြီးသားဖြစ်သော ဂီတသံများနှင့် ဇာတ်စင်နောက်တွင် ပြင်ကြ ဆင်ကြရှုပ်ထွေးနေသော အခြေ အနေများက သူမကို စိတ်လှုပ်ရှားစေခဲ့လေသည်။
နောက်နေ့ အကအတန်းကို ပြန်စတက်တော့သည်။ နှစ်လလောက်ပဲ ကြာပါသည်။ ဒေါက်တာရာဂျာပါကား ကို အထူးအဆန်း တစ်ခုသွားပြော၏။ ဆေးရုံနှစ်စဉ်ပွဲမှာ ဝင်ပြီးတော့ တင်ဆက်ချင်သည်ဟု။
ကကွက်များကြားမှာ ဂီရာ လွင့်မျောပစ်လိုက်သည်။ သြဘာသံတွေ ဟိန်းသွားပြီး အတွေးတစ်ခုကလည်း လက်ခနဲ ခေါင်းထဲရောက်လာ ပေတော့သည်။ ဆင်းရဲသည့် ကျောက်ကပ်ဝေဒနာရှင်များ အတွက် အက အနုပညာဖြင့် ရန်ပုံငွေ ရှာပေးနိုင်သည် ဆိုသည့်အတွေး ဖြစ်သည်။ ကျောက်ကပ်အတွင်း မှ ရေပိုနှင့် အညစ်အကြေး တို့ကို ဖယ်ထုတ်သန့်စင်ပေးရသည့် တစ်နည်းအားဖြင့် ကျောက်ကပ်ဆေးရသည့် လုပ်ငန်းသည် တော်တော် အကုန်အကျများ၏။
"ကျောက်ကပ်ဆေးရတာ ဈေးကြီးတယ်လေ။ လူတော်တော်များများက မတတ်နိုင်တော့ အဲဒီအဆင့်ကို ကျော်ကြရတယ်" ဟု နီကီတာဂီရာက ပြောပြသည်။
သူမ မထင်မှတ်လောက်အောင်ပင် အလှူငွေတွေ ဝင်လာသည်။ ၁၉၉၉ ခုနှစ်နိုဝင်ဘာလ လောက်ကစပြီး တိုင်းပြည်အနှံ့ လှည့်ပြီး ရန်ပုံငွေရှာခဲ့ရာ အမေရိကန်ဒေါ်လာ ခုနစ်သောင်းကျော် အထိ ရခဲ့သည်။ ကျောက်ကပ် လူနာ ၆၅ ဦး အထောက်အပံ့ရခဲ့ပြီး လူနာ ၁၃ ဦးကို ကျောက်ကပ်ဆေးရန် အတွက် ပုံမှန် ထောက်ပံ့ထားပေးနိုင်သည်။
"ကျွန်မခန္ဓာကိုယ်နဲ့ ကျတော့ ကရတာ ခက်တယ်ရှင့်" ခရီးသွားလိုက် ကပြဖျော်ဖြေလိုက် လုပ်နေသည့် ဂီရာကပြောပြသည်။
"ဒါပေမဲ့ ကျွန်မနိုင်သရွေ့တော့ အသုံးဝင်တဲ့ဘဝ နဲ့ပဲ အသက်ရှင်ချင်တယ်"
(Reader’s Digest မဂ္ဂဇင်းမှ Charity in Motion ကိုဘာသာပြန်ဆိုပါသည်။)
No comments:
Post a Comment