Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 16, 2013

လေယာဉ်စင်းလုံးငှားကြဦးမလား(တစ်နာရီ သိန်း ၃၀)


ဖော်ကာ F-28 လေယာဉ် တစ်နာရီ ကျပ်သိန်းသုံးဆယ်ကျော်ဖြင့် ငှားနိုင်
.................................................................................
ရန်ကုန်၊ မေ ၁၅

မြန်မာ့လေကြောင်းမှ သက်တမ်း ကျော်လွန်၍ ခရီးသည်လေယာဉ် အဖြစ်မှ ရပ်နားလိုက်သော ဖော်ကာ F-28 လေယာဉ်ကို Cargo (ကုန်တင်လေယာဉ်) အဖြစ် တစ်နာရီကို ကျပ် ၃၃ သိန်းဖြင့် စင်းလုံးငှားနိုင်ကြောင်း မြန်မာ့လေကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက The Voice သို့ ပြောကြားသည်။

ကုန်ခုနစ်တန် တင်ဆောင်နိုင်သော အဆိုပါ သက်တမ်းလွန်လေယာဉ်ကို အာမခံ တင်ထား၍ လေယာဉ်၏ (Safety) လုံခြုံရေး ကို တစ်နှစ်တစ်ကြိမ် စစ်ဆေးပေးမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်အထိ ပြေးဆွဲနိုင်ကြောင်း ၄င်းကရှင်းပြသည်။
"လေးငါးရက် စင်းလုံးငှားလည်း တစ်နာရီ ၃၃ သိန်း ပေးရမယ်။ ဒီလို ငှားတာထက် လိုင်းဆွဲတာက ဝင်ငွေပိုရ ပါတယ်၊ သက်တမ်းအရ လိုင်းဆွဲဖို့ မသင့်တော် တော့လို့ပါ။ လေယာဉ်ရဲ့လုံခြုံရေး (Safety) အရ ပြေးဆွဲဖို့ သင့်မသင့်ကို တစ်နှစ်တစ်ခါ စစ်ပေးပါတယ်" ဟု ၄င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ရပ်နားခဲ့သော သက်တမ်း ၃၀ ဝန်းကျင်ခန့် ရှိပြီဖြစ်သော ယင်းဖော်ကာ F-28 လေယာဉ်အစား Embraer-190 နှစ်စီးကို အစားထိုးပြေးဆွဲခဲ့ပြီး လွန်ခဲ့သည့် ၂နှစ်ခန့်က ရပ်နားခဲ့သည့် ဖော်ကာ F-27 ကို ပြည်သူ့ဥယျာဉ်ဝင်း အတွင်း အများပြည်သူ လေ့လာနိုင်စေရန် ပြသခဲ့ကြောင်း ယင်းဌာနမှ စုံစမ်းသိရှိရသည်။

မြန်မာ့လေကြောင်းတွင် စုစုပေါင်း လေယာဉ်စီးရေ ၁၁ စီးဖြင့် ပြေးဆွဲလျက် ရှိကြောင်း ယင်းဌာနက တရားဝင် ထုတ်ပြန် ထားသည်။

-------------------------------------------------------------------------------------------------------

Short News
ယ နေ့ နေ့လည်ပိုင်း မိုင်းဆတ် ရှမ်းရှေ့ လေယာဉ် အဆင်း ဘီးချော်မှု ဖြစ်ပွား
လေယာဉ် တောင် ပံ တစ်ဖက်ကျိုး ရှေ့ ဘီးကောက်
ထိခိုက်ဒဏ် ရာ ၃ဦး
သေဆုံးသူ မရှိ

မြန်မာ့လေကြောင်းမှ လေယာဉ်တစ်စီး မိုင်းဆက်မြို့တွင် ပြေးလမ်းချော်

မြန်မာ့လေကြောင်းမှကပ္ပတိန်မောင်မောင်စိုး မောင်းနှင်သည့် လေယာဉ်ခရီးစဉ်အမှတ်၆၄၅ (MA -16) အမျိုးအစားလေယာဉ်သည် ဟဲဟိုးမြို့မှ မိုင်းဆက်မြို့သို့ ပျံသန်းပြီး ယနေ့နံနက် ၁၁ နာရီ ၅၅ မိနစ်အချိန်ခန့်တွင်

မိုင်းဆက်လေဆိပ်သို့ ဆင်းသက်စဉ် ဘရိတ်စနစ်ချို့ယွင်းပြီး ပြေးလမ်း သို့ ကျော်သွားသဖြင့် လေယာဉ်တောင်ပံထိခိုက် ပျက်စီးခဲ့ကြောင်း နှင့် အထက်ပါခရီးစဉ်လေယာဉ်ပေါ်တွင် ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၅၀ ဦးပါရှိပြီး ခရီးသည် ၂ ဦး ဒဏ်ရာရရှိကာ မိုင်းဆက်မြို့ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသပေးလျှက်ရှိကြောင်း သတင်းရှိသည်။

MWD

Credit Photo From Hlaing Min Thu

Thit Htoo Lwin blog

No comments:

Post a Comment