Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 8, 2013

အသင့်စား ခေါက်ဆွဲခြောက် နှင့် အန္တရာယ်



အသင့်စား ခေါက်ဆွဲခြောက် ထုပ်များတွင် လူ့ကျန်းမာရေး အတွက် အကျိုးရှိသည့် မျှင်ဓာတ် ၊ ဗီတာမင်ဓာတ် နှင့် သတ္ထုဓာတ် များ မပါဝင် သလောက် နည်းပါးပြီး အန္တရာယ် ပေးနိုင်သော သကြားဓာတ် ၊ အချို့မှုန့်ဓာတ် နှင့် ဆိုဒီယမ်ဓာတ် များ ပါဝင်မှုနှုန်း မြင့်မား သဖြင့် ရှေရှည် စားသုံးပါက အ၀လွန် ရောဂါ ဖြစ်စေနိုင်သည့် အပြင် ကျန်းမာရေး ကို အလွန် ထိခိုက် စေနိုင်သည် ဟု အထွေထွေ ရောဂါကု ဆရာဝန် တစ်ဦးက ပြောကြားကြောင်း သိရသည်။ လူတစ်ယောက် အတွက် နေ့စဉ် ပုံမှန် စားသုံးသည့် အစားအစာ ထဲတွင် ပရိုတိန်း ၂၃ ရာခိုင်နှုန်း ၊ အဆီ ၂၂ ရာခိုင်နှုန်း နှင့် ကာဗိုဟိုက်ဒြိက် ၅၅ ရာခိုင်နှုန်း ပါဝင်ရန် လိုအပ်ကြောင်း ၊ ခေါက်ဆွဲခြောက် တွင် ပရိုတိန်း ဓာတ် ပါဝင်မှု နည်းပြီး ကာဗိုဟိုက်ဒြိတ် နှင့် အဆီများကြောင်း ၊ ခေါက်ဆွဲခြောက် သည် Junk Food ခေါ် အစားအစာ အမျိုးအစား ထဲတွင် ပါဝင်သည့် အတွက် ကျန်းမာရေး နှင့် မညီညွှတ်ကြောင်း အချိန်မရ၍ ခေါက်ဆွဲခြောက် ကို ရေနွေးထဲ တွင် ၃ မိနစ်စိမ်ပြီး စားသုံးလျှင် ဟင်းသီးဟင်းရွက် ၊ အသား ၊ ငါး တစ်ခုခု နှင့် ရောနှော စားသုံးရန် လိုအပ်ကြောင်း သိရှိရသည်။


The Myawady Daily

 https://www.facebook.com/photo.php?fbid=532909610084026&set=a.445129605528694.104366.439724399402548&type=1&theater

No comments:

Post a Comment