CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, May 29, 2013
စိတ်ဝင်စားဖွယ်ဓာတ်ပုံလေးတွေ
မေ၂၆ ရက်ကရုရှားမြို့ လေးတမြို့ မှာကျင်းပခဲ့တဲ့သတို့ သမီး ၇၀ အပြေးပြိုင်တဲ့ပွဲပါ။ ရုရှားက ရာဇန်ဆိုတဲ့မြို့ မှာ လေးကြိမ်မြောက်ကျင်းပတဲ့ပွဲဖြစ်ပြီးတော့ ဂီတ၊ကစားပွဲနဲ့ တခြားဖျော်ဖြေမှုတွေလည်းပါဝင်ပါတယ်။ သတို့ သမီးဝတ်စုံဝတ်အပြေးပြိုင်ပွဲမှာပါဝင်သူ ဟာ တကယ့်သတို့ သမီးဖြစ်ဖို့ မလိုပါဘူး။
ဒီပုံမြင်တော့မြန်မာပြည်က ဆန္ဒပြပွဲတွေမှာ မီးသတ်ပိုက်နဲ့ ထိုးပြီးဖြိုခွဲခဲ့တဲ့ဆန္ဒပြပွဲတွေကိုသတိရမိပါတယ်။ ဒီပုံက ချီလီနိုင်ငံ၊စန်ဒီယေးဂိုးမြို့ မှာ ဆန္ဒပြနေတဲ့ကျောင်းသားတွေကိုရဲ ကမီးသတ်ပိုက်နဲ့ ထိုးနေတာဖြစ်ပါတယ်။ကျောင်းသားတွေဟာ ယိုယွင်းနေတဲ့ ပညာရေးစနစ်အတွက် ချီလီရဲ့ အဓိကမြို့ ကြီးတွေမှာ ချီတက်ဆန္ဒပြကြတာဖြစ်ပါတယ်။
အင်ဒိုနီးရှားအမျိုးသားဥယျာဉ်ကဆူမားတြားက ဆင်က တိုးရစ်တယောက်ကို ရေဖြန်းပေးနေပုံဖြစ်ပါတယ်။
ဗီယင်နာမှာကျင်းပတဲ့ 21st Life Ball ဖွင့်ပွဲမှာပါ။ AIDS ဝေဒနာရှင်တွေအတွက်လှူဒါန်းတဲ့ ဥရောပက အကြီးကျယ်ဆုံးပွဲပါ။
တရုတ်ပြည် ဇီချွမ်မှာ SWAT လို့ ခေါ်တဲ့အဖွဲ့ ရဲ့ တပ်ဖွဲ့ ဝင်တွေ လေ့ကျင့်နေကြတာပါ။
ဖလော်ရီဒါက Audrey Schumacher (center)မှာ နင်းလိုက်ရင်ဂီတသံထွက်တဲ့ကြမ်းပြင်မှာ ကလေးတွေ ကစားနေကြတာပါ။
ဂင်းနစ်စံချိန်တင်မယ့် ရိုမေးနီးယားအလံကိုအလုပ်သမား တယောက်ဖြန့် ခင်းနေစဉ်ရိုက်ကူးထားတာပါ။ အလျား ၁၁၄၅ပေနဲ့ အနံ၇၇၄ပေရှိတဲ့ဒီအလံကိုလိပ်ဖို့ လူ၂၀၀ဟာအချိန်နာရီပေါင်းများစွာယူခဲ့ရပါတယ်။
စိတ်ဝင်စားဖွယ်ဓာတ်ပုံလေးတွေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 29, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment