Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 18, 2013

လူညံ့

 သစ္စာတရားဟာ ရေနည်းငါးလိုပဲ
ရှင်ရန်ခက်ခဲတဲ့ ခေတ်ပျက်ကြီးထဲ
နွံ မှာပဲတိုးဝင်ပျော်နေခဲ့တယ် ။

ခံစားချက်ကို သရုပ်ခွဲကြည့်တဲ့အခါ
သဘောကျစိတ်က ဘယ်လောက်
သာယာစွဲလန်းမှုက ဘယ်လောက်
ချစ်ခြင်းမေတ္တာက ဘယ်လောက်
အဲ့ဒိလို မရေရာနိုင်တော့
မင်း နှလုံးသားက အမှတ်မှားခဲ့တယ်
ထင်ပါရဲ့  ...........
ငါကတော့ မင်းအမှားမှာ တိတ်တိတ်လေး ပျော်ဝင်လို့  ။

အတူတူတောင်းဆုခြွေဖူးမှ
သစ္စာတရားက အသက်ဝင်တာလား
နဂိုမခိုင်တဲ့ ရင်ဆိုတော့
မက်စရာ ရွေးချယ်မှုတွေကြား
ကာလရှည်သံယောဇဉ်ကလည်း
ကောက်ရိုးတစ်မျှင်မဖြစ်နိုင်တော့
ငြီးငွေ့ မှုနဲ့ ထိုးကူနှစ်မယ့် ဝါးသာသာ ပဲလေ ။

ကိုယ့်ကံကြမ္မာကို
မင်းအပေါ်ပုံအပ်ရလောက်အောင်
ငါက အ ခဲ့တော့
အဝေးက ပြုံးပြတတ်အောင်ပဲ ကြိုးစားနေခဲ့ရတော့တယ် ။ ။

မျိုးကျော်

ချစ်သော ကဗျာ များ

No comments:

Post a Comment