Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 22, 2013

အဓိပ္ပာယ်ဖွင့်ဆိုချက်



၁) စီးကရက်
ဆေးရွက်ကြီးနည်းနည်းကို စက္ကူထဲထည့်လိပ်ထားပြီး တစ်ဖက်မှာမီး တစ်ဖက်မှာ အရူးတစ်ယောက်ရှိနေမယ့်အရာ

၂) လက်ထပ်ခြင်း
အမျိုးသားက သူ့ရဲ့ bachelor ဘွဲ့ကို ဆုံးရှုံးပြီး အမျိုးသမီးက သူမရဲ့ master ဘွဲ့ကိုရသွားတဲ့ သဘောတူညီမှုတစ်ရပ်

၃) အစည်းအဝေး
လူတစ်ယောက်ရဲ့ နားမလည်နိုင်တဲ့အချက်တွေကိုရှိတဲ့သူအရေအတွက်နဲ့မြှောက်ထားတဲ့အရာ

၎) အစည်းအဝေးခန်း
လူတိုင်းစကားပြောတယ်... ဘယ်သူမှနားမထောင်ဘူး... နောက်ဆုံးတော့ လူတိုင်းသဘောမတူဖြစ်ကြတဲ့ နေရာ

၅) အပြုံး
ကိစ္စတော်တော်များများကို ဖြောင့်ဖြောင့်တန်းတန်းဖြစ်အောင်လုပ်ပေးနိုင်တဲ့ ခပ်ကွေးကွေးမျဉ်းတစ်ခု

၆) သမ်းဝေခြင်း
အိမ်ထောင်ကျပြီးယောက်ျားတစ်ချို့ရဲ့ ပါးစပ်ဖွင့်နိုင်တဲ့ တစ်ခုတည်းသော အခွင့်အရေး

၇) အတွေ့အကြုံ
သူတို့ရဲ့အမှားတွေကို လူတွေပေးထားတဲ့နာမည်

၈) သံတမန်
သင့်ကိုငရဲကိုသွားဖို့ပြောနေပေမဲ့ အပန်းဖြေခရီးထွက်ဖို့ပြောနေတယ်လို့ ထင်နေရအောင် ပြောတဲ့သူ

၉) အကောင်းမြင်သမား
အီဖယ်လ်မျှော်စင်ပေါ်ကပြုတ်ကျနေတုန်း တစ်ဝက်လောက်အရောက်မှာ "တွေ့လား အခုထိငါ ဒဏ်ရာမရသေးဘူး..." လို့ပြောမယ့်သူ

၁၀) အလုပ်ရှင်/အထက်အရာရှိ
သင်နောက်ကျတဲ့အခါ စောရောက်ပြီး သင်စောရောက်တဲ့အခါ နောက်ကျမှရောက်တဲ့သူ

၁၁) နိုင်ငံရေးသမား
ရွေးကောက်ပွဲမတိုင်ခင် သင့်လက်တွေကို ကိုင်ဆွဲလှုပ်ခါပြီး ရွေးကောက်ပွဲပြီးသွားတဲ့အခါ သင့်ယုံကြည်မှုတွေကို ကိုင်ဆွဲလှုပ်ခါတဲ့သူ

No comments:

Post a Comment