တစ်ခါတုန်းက လူရွယ်လေးတစ်ယောက်ဟာ လမ်းလျှောက်လာရင် ဆင်တင်းကုပ်နားကို ရောက်လာပါသတဲ့။ အဲ့ဒီမှာ ဆင်တွေရဲ့ ခြေထောက်မှာ ကြိုးသေးသေးလေးနဲ့ပဲ ချည်နှောင်ထားတာကို တွေ့ရပါသတဲ့။ သူငယ်လေးလည်း အံသြသွားပါတယ်။ ဒီလိုသေးငယ်တဲ့ ကြိုးကလေးတွေနဲ့ ချည်ထားရုံနဲ့ ဒီဆင်တွေကို ထိန်းနိုင်မှာတဲ့လား၊ အချိန်မရွေး ဒီကြိုးတွေကို ဖြတ်ပြီးတော့ သူတို့ သွားနိုင်တာပဲ။ ဒါပေမယ့် ဆင်တွေကတော့ အဲ့ဒီလို ရုန်းဖို့ မကြိုးစားကြပါဘူး။
ဒါနဲ့ လူငယ်လေးဟာ အနီးမှာရှိတဲ့ ဆင်ထိန်းကိုမေးသတဲ့။ ဘာဖြစ်လို့ ဒီဆင်တွေဟာ ဒီလောက် သေးတဲ့ ကြိုးလေးတွေနဲ့ ချည်ထားပေမယ့် ရုန်းထွက်ဖို့ မကြိုးစားကြတာလဲ။ ဆင်ထိန်းကပြန်ဖြေသတဲ့။ ကောင်းပြီ၊ ဒီဆင်တွေ ငယ်ငယ်ကလေးကထဲက ဒီအရွယ်အစားကြိုးနဲ့ပဲ ချည်လာတာလေ။ အဲ့ဒီအချိန်တုန်းကတော့ ဒီဆင်ပေါက်စလေးတွေဟာ ဒီကြိုးက ရုန်းထွက်ဖို့ အင်အားမရှိဘူးပေါ့။ ဒါပေမယ့် သူတို့ ကြီးလာတော့လည်း ဒီရုန်းမထွက်နိုင်တဲ့ အခြေအနေကို ဆက်လက်ပြီး လက်ခံကြတယ်။ ဒီကြိုးလေးကနေ သူတို့ ရုန်းမထွက်နိုင်ဘူးလို့ ယုံကြည်ကြတယ်။ ဒါကြောင့် သူတို့ မရုန်းကြတော့တာပေါ့ ပြန်ဖြေပါသတဲ့။...
လူငယ်ကလေးလည်း တော်တော်ကို အံအားသင့်သွားပြီး ဒီယုံကြည့်မှု့ကြောင့် ဒီဆင်တွေက ရုန်းဖို့ ထပ်မကြိုးစားကြတော့ပဲ ဒီလိုနေရာမှာပဲ နေကြရတယ်ပေါ့။
အဲ့ဒီလိုပါပဲ ကျွန်တော်တို့တွေလည်း အဖြစ်နိုင်ဘူးလို့ ယုံကြည့်ထားတဲ့ အရာတွေအောက်မှာ ဘယ်နှစ်ယောက်လောက် ပိတ်မိနေပြီလဲ? သေချာတာကတော့ သူတို့တွေဟာ ပထမဆုံးအကြိမ်မှာ ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ကြရလို့ပါ။
ရှုံးနိမ့်မှု့ဆိုတာ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ပြီး သင်ယူဖို့ သင်ခန်းစာတစ်ခုသာ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ ဘယ်တော့မှ လက်မြှောက်အရှုံးပေးလို့ မရပါဘူး။ ဒါမှ နောက်ထပ် နောက်ထပ်သော စိန်ခေါ်မှု့တွေကို ရင်ဆိုင်နိုင်မှာပါ။ လမ်းလျှောက်ရင် လဲမှာကြောက်လို့ လမ်းမလျှောက်ရဲ့တဲ့ ကလေးငယ်ဟာ ဘယ်တော့မှ လမ်းလျှောက်တပ်လာမှာမဟုတ်ပါဘူး။ လဲရင်ပြန်ထ နောက်ထပ်တစ်လှမ်း၊ နောက်ထပ်တစ်လှမ်းနှင့် အောင်မြင်မှု့ပန်းတိုင်ဆီကို လျှောက်လှမ်းရမှာဖြစ်ပါတယ်။ တစ်နေ့ သင်လျှောက်လှမ်းခဲ့တဲ့ ဘ၀လမ်းခရီးတစ်လျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့၊ အောင်မြင်စွာကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲမှတ်တိုင်တွေကို ပြန်ကြည့်ရတာလောက် ချိုမြိန်တဲ့ ကျေနပ်မှု့မျိုးဟာ ဘာနှင့်မှ မလဲနိုင်ပါဘူး။
Ref; Inspirational Stories
Posted by Aung Htut https://www.facebook.com/ pages/ ရွှေအိမ်စည်စာကြည့်တိုက်-စာပေဒါနြ ပုသည်/511509612202059
ဒါနဲ့ လူငယ်လေးဟာ အနီးမှာရှိတဲ့ ဆင်ထိန်းကိုမေးသတဲ့။ ဘာဖြစ်လို့ ဒီဆင်တွေဟာ ဒီလောက် သေးတဲ့ ကြိုးလေးတွေနဲ့ ချည်ထားပေမယ့် ရုန်းထွက်ဖို့ မကြိုးစားကြတာလဲ။ ဆင်ထိန်းကပြန်ဖြေသတဲ့။ ကောင်းပြီ၊ ဒီဆင်တွေ ငယ်ငယ်ကလေးကထဲက ဒီအရွယ်အစားကြိုးနဲ့ပဲ ချည်လာတာလေ။ အဲ့ဒီအချိန်တုန်းကတော့ ဒီဆင်ပေါက်စလေးတွေဟာ ဒီကြိုးက ရုန်းထွက်ဖို့ အင်အားမရှိဘူးပေါ့။ ဒါပေမယ့် သူတို့ ကြီးလာတော့လည်း ဒီရုန်းမထွက်နိုင်တဲ့ အခြေအနေကို ဆက်လက်ပြီး လက်ခံကြတယ်။ ဒီကြိုးလေးကနေ သူတို့ ရုန်းမထွက်နိုင်ဘူးလို့ ယုံကြည်ကြတယ်။ ဒါကြောင့် သူတို့ မရုန်းကြတော့တာပေါ့ ပြန်ဖြေပါသတဲ့။...
လူငယ်ကလေးလည်း တော်တော်ကို အံအားသင့်သွားပြီး ဒီယုံကြည့်မှု့ကြောင့် ဒီဆင်တွေက ရုန်းဖို့ ထပ်မကြိုးစားကြတော့ပဲ ဒီလိုနေရာမှာပဲ နေကြရတယ်ပေါ့။
အဲ့ဒီလိုပါပဲ ကျွန်တော်တို့တွေလည်း အဖြစ်နိုင်ဘူးလို့ ယုံကြည့်ထားတဲ့ အရာတွေအောက်မှာ ဘယ်နှစ်ယောက်လောက် ပိတ်မိနေပြီလဲ? သေချာတာကတော့ သူတို့တွေဟာ ပထမဆုံးအကြိမ်မှာ ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ကြရလို့ပါ။
ရှုံးနိမ့်မှု့ဆိုတာ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ပြီး သင်ယူဖို့ သင်ခန်းစာတစ်ခုသာ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ ဘယ်တော့မှ လက်မြှောက်အရှုံးပေးလို့ မရပါဘူး။ ဒါမှ နောက်ထပ် နောက်ထပ်သော စိန်ခေါ်မှု့တွေကို ရင်ဆိုင်နိုင်မှာပါ။ လမ်းလျှောက်ရင် လဲမှာကြောက်လို့ လမ်းမလျှောက်ရဲ့တဲ့ ကလေးငယ်ဟာ ဘယ်တော့မှ လမ်းလျှောက်တပ်လာမှာမဟုတ်ပါဘူး။
Ref; Inspirational Stories
Posted by Aung Htut https://www.facebook.com/
No comments:
Post a Comment