ဗြိတိန်ကလေ့လာမှုတခုအရ ဗိုက်ခွဲမွေးတဲ့ကလေးတွေဟာ အ၀လွန်ရောဂါဖြစ်နိုင်ခြေပိုများတယ်လို့ ဆို ပါတယ်။
ဗြိတိန်က ကလေးတသောင်းကိုလေ့လာခဲ့မှုအရ ရိုးရိုးမွေးဖွားတဲ့ကလေးထက် ဗိုက်ခွဲပြီးမွေးရတဲ့ ကလေးတွေဟာ ကလေးဘ၀နဲ့ ဆယ်ကျော်သက်အရွယ် အ၀လွန်တဲ့ ဖြစ်နိုင်ချေပိုများတယ်လို့ ဆိုပါတယ်။
ဥပမာ ၁၁နှစ်အရွယ် ဗိုက်ခွဲမွေးလာတဲ့ကလေးတွေဟာ ရိုးရိုးမွေးဖွားခဲ့တဲ့ကလေးတွေထက်အ၀လွန်ဖို့ ဖြစ်နိုင်ချေ ၈၃ရာနှုန်းပိုတယ်လို့ ဆိုပါတယ်။(ဒီနေရာမှာ မိခင်ဖြစ်သူရဲ့ ကိုယ်အလေးချိန်နဲ့  မိခင်နို့ ဘယ်လောက်ကြာကြာသောက်ခဲ့ရသလဲဆိုတဲ့အချက်ကိုထည့်သွင်းတွက်ချက်ပါတယ်)
ဒီလေ့လာမှုတွေကိုဦးဆောင်နေသူ နယူးယော့ဆေးပညာတက္ကသိုလ်က Dr. Jan Blusteinက ကျနော်တို့ မသိရသေးတဲ့တခြား ရေရှည်အကျိုးဆက်တွေလည်းရှိနိုင်ပါတယ်၊အူနဲ့ သည်းခြေမှာအနာတရဖြစ်နိုင်ချေ လည်းရှိပါတယ်။ခွဲမွေးဖို့ ရွေးချယ်တဲ့မိခင်တွေအနေနဲ့  ဒီစွန့့်စားရ မှုတွေ ကိုသိဖို့ လိုပါတယ်ပြောပါ တယ်။
အမေရိကနိနိုင်ငံမှာ မှာ ခွဲမွေးတဲ့နှုန်းမြင့်တက်လာမှုဟာ ၁၉၉၆တုန်းက ငါးယောက်မှာတယောက်သာ ခွဲမွေးကြပေမယ့် ၂၀၁၀မှာသုံးယောက်တယောက်ဖြစ်လာပါတယ်။
http://news.msn.com/science-technology/babies-born-via-c-sections-linked-to-child-obesity
No comments:
Post a Comment