တစ်ကိုယ်လုံးသိမ်းကျုံးဖက်လိုက်
ကွင်းမြင်တိုင်းခြေဝင်ပြတယ် ထင်ရဲ့။
မိန်းကလေးကပုလဲလုံးလှလှစီကုံးရင
သိုက်မြုံနဲ့ရင်သွေးတောင်မေ့ကြသ
ဆံပင်လေးတသသ စီးကရက်မီးခိုးတွေဟန်ရေးပြ
လူမှုရေးကိုငွေပေးဝယ်နေကြတာလေ။
မုဆိုးချင်းလေးခင်းပြိုင်အမဲလို
မိန်းကလေးဟာ သားကောင်ဖြစ်ရမတဲ့
ကျုံးဝါးသံသိသိလျက်နဲ့ပီတိတွေရု
ပုရွက်ဆိတ်တရွရွတက်ရေး
မျက်နှာပေးကိုပျားသကာဖုံးလို့
မိန်းကလေးက"မမုန်းတတ်ပါဘူး"တဲ့။
အားလုံးကတော့ဝေလေလေ
ပွဲခင်းထဲမှာလှည့်နေခဲ့ပေါ့။
မေတ္တာတွေအလျှံပယ်ကျွေးခဲ့ နဂါးမလေးဆိုပြာဖြစ်လောက်ရော
ဘတ္ထရီမီးသီးအောက်မှာ အတောက်ပဆုံးချယ်သလို့
ဝမ်းရေးမျှားချိတ်ပေါ် အစာအဖြစ်တပ်လို့
မိန်းကလေးပဲတစ်ကိုယ်တော်ဇာတ်ကရေ
(အလှဆိုတာရောင်းကုန်မဟုတ်ဘူး။)
မိန်းကလေးရေ…
မှတ်တမ်းတစ်ဆုံးဈေးမြတ်ခွင်မှာ
ဘဝချိန်ခွင်ရှာမချိုးမိစေနဲ့။
ပွဲဟာကမြဲကလို့
ငိုချင်းခန်းတော့မထွက်မိဖို့လို
ချွန်း(တလုပ်မြို့)
No comments:
Post a Comment