Thursday ,April25 ,2013
Google သည် ၄င်း၏ Street View ၀န်ဆောင်မှု အတွက် ဓါတ်ပုံများ ရိုက်ယူနေစဉ် Wifi ကွန်ယက်မှ တစ်ဆင့် အချက်ပြများအားတရားမ၀င် ဖမ်းယူ မှတ်တမ်းတင်ခဲ့သည့်အတွက် ဂျာမန် အခွင့်အရေး ထိန်းသိမ်းသူ တစ်ဦးက ငွေဒဏ် ချမှတ်ခဲ့သည်။
Google ၏ လှည့်လည် သွားလာလျှက် ရှိသော Street View ဗင်ကားများသည် e-mail များ ၊ passwords များ ၊ ဓါတ်ပုံများနှင့် online chat protocols များကဲ့သို့ ပုဂိုလ်ရေး အချက်အလက် အမြောက်အများကို ရယူခဲ့သည်ဟု ဟန်းဘတ် မြို့တော်ရှိ အချက်အလက် ကာကွယ်ရေးနှင့် သတင်း အချက်အလက် လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်နာ တစ်ဦးဖြစ်သူ Johannes Caspar က ပြောကြားခဲ့သည်။ Caspar သည် ၄င်း၏ အမြင့်ဆုံး လုပ်ပိုင်ခွင့် အတိုင်းအတာ ဖြစ်သော ယူရိုဒေါ်လာ (၁၅၀၀၀၀) နီးပါးဖြစ်သည့် ယူရိုငွေ (၁၄၅၀၀၀) (အမေရိကန် ဒေါ်လာ ၁၈၉၇၀၀) ခန့် ဒဏ်ငွေကို Google အား ကျခံစေခဲ့သည်။ သို့သော် စတော့ဈေးကွက် တန်ဖိုး အမေရိကန်ဒေါ်လာ (၂၆၀) ဘီလီယံခန့် ရှိသည့် ထိပ်တန်း ရှာဖွေရေး အင်ဂျင်အား အထောက်အပံ့ပေးသည့် ကုမ္ပဏီကြီး တစ်ခုအနေဖြင့် ၄င်းငွေကြေးသည် မပြောပလောက်သော ပမာဏတစ်ရပ်သာ ဖြစ်သည်။
http://www.reuters.com/article/2013/04/22/us-google-privacy-idUSBRE93L0V
...
MRTV-4

http://www.reuters.com/
MRTV-4
No comments:
Post a Comment