Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 18, 2013

ဆေးလိပ်ငွေ့ရှူနေရသော ကိုယ်ဝန်ဆောင်များမှ မွေးဖွားသောကလေးငယ် များ၏အမူအကျင့် ဆိုင်ရာပြဿနာများ





ကိုယ်ဝန်ဆောင်နေသောမိခင်သည် ဆေးလိပ်ငွေ့ကို ရှုရှိုက်နေရပါ ကမွေးလာသောကလေးငယ်များ၏ အမူအကျင့်ဆိုင်ရာပြဿနာများ တွက်နိုင်ကြောင်းသုတေသနတစ် ရပ်တွင်ဖော်ပြထားသည်။
လေ့လာမှုတွင်တစ်နေ့ကိုအ နည်းဆုံးမိနစ်၃၀မျှဆေးလိပ်ငွေ့ရှူ နေရသော မိခင်များမှမွေးဖွားလာ သော ကလေးငယ်များသည်အသက်၅နှစ်အရွယ်တွင် စိတ်တိုစိတ်ဆတ် ခြင်း၊ ရန်ဖြစ်လွယ်ခြင်းနှင့်ဆိုဆုံးမမှု ကိုမနာခံခြင်းကဲ့သို့သောအမူအကျင့်များကိုဖြစ်လာစေကြောင်းကို ဖော်ထုတ်နိုင်ခဲ့သည်။ယခုသုတေသကို University of Pennsy Ivania မှတွဲဖက်ပါမောက္ခ Dr. Jiang hong Liu ကဦးဆောင်ခဲ့ခြင်းဖြစ်ပြီး တရုတ် နိုင်ငံ၊ Jintan မြို့မှမိခင် နှင့်ကလေး ၆၀၀ကိုလေ့လာနိုင်ခဲ့ခြင်းဖြစ်သည်။ လေ့လာမှုကဖခင်များကို ဇနီး သည်ကိုယ်ဝန်ဆောင်နေစဉ် ဆေး လိပ်သောက်ခြင်းမှရှောင်ကြဉ်သင့် ကြောင်း၊ကိုယ်ဝန်ဆောင်အမျိုးသမီး များရှိနေ လျှင်ဆေးလိပ်မသောက်သုံးသင့်ကြောင်း၊တရုတ် နိုင်ငံသည်ဆေး လိပ် သောက်သုံးမှု ကြောင့်ရောဂါဖြစ် ပွားမှုတွင်အမြင့်မားဆုံးနိုင်ငံဖြစ်နေ ကြောင်း၊ကလေးငယ်ယခုကဲ့သို့ အမူ အကျင့်ပြောင်းလဲမှုဖြစ်ရခြင်းမှာ ကိုယ်ဝန်ဆောင်စဉ် ရှူရှိုက်ရသော ဆေးလိပ်တွင်ပါဝင်သော ခဲဓာတ်၊ အာဆင်းနစ်နှင့်cadmium တို့ ကြောင့်ဖြစ်ရကြောင်းဖော်ပြထား သည်။
ယခုလေ့လာမှုကို Journal Neuro Toxicology တွင်ဖော်ပြ ထားခြင်းဖြစ်သည်။
Health Updates Journal

No comments:

Post a Comment