Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 21, 2013

လိင်ဖျော်ဖြေမှုလုပ်ငန်းများဖြင့်နာမည်ကျော်သောသိမ်ကြီးဈေးမှနိုက်ကလပ်များ

ကမ္ဘာ့အလယ်မှာ မြန်မာများ ၀င့်ထယ်နိုင်ကြပါစေ။
ပိုက်ဆံဆိုတာ လူ့ကျင့်ဝတ် သိက္ခာလောက် တန်ဘိုး မရှိနိုင်တာမို့လို့ ... တန်ရာတန်ကြေး ရခြင်း/မရခြင်းကို သမာအာဇီဝ အလုပ်ဟု မဆိုထိုက်သည့်အတွက် ဝေဖန်ချက် မပေးလိုတော့ပါ ... မြန်မာမိန်ကလေး တော်တော်များများဟာ စားဝတ်နေရေး ကြပ်တည်းလွန်းတဲ့အတွက် ဤလုပ်ငန်းကို မလုပ်ချင်ပဲ လုပ်နေကြရတာပါ။ အလှအပ ပစ္စည်းတန်ဆာ တပ်မက်တဲ့လောဘ တစ်ခုကြောင့်နဲ့ ဝါသနာပါလို့ လုပ်စားသူကတော့ ရှားပါတယ်။ အဓိက က မြန်မာ အမျိုးသမီးများ စားဝတ်နေရေး အဆင်ပြေအောင် ကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်အောင် ကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ထွက်လာအောင် အစိုးရက ကြိုးပမ်းပေးရမှာ ဖြစ်ပါတယ်။ စီးပွားရေးပြေလည်နေရင် စားဝတ်နေရေး ချောင်လည်နေရင် ဒီအလုပ်မျိုး မြန်မာမိန်းကလေးမှန်သမျှ ဘယ်သူမှ မလုပ်ချင်ကြပါဘူး။ အဓိက ဖြေရှင်းပေးရမှာက ကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ စားဝတ်နေရေးပါ။ လူမှုရေး ကူညီစောင့်ရှောက်မူ အမျိုးဘာသာ ယဉ်ကျေးမူကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်မယ့် နိုင်ငံရေးမပါသော မမှန်ကန်တဲ့ ခေါင်းစဉ်များမပါသော လူမှုရေးအသင်းအဖွဲ့များကိုလည်း ဖွဲ့စည်းခွင့် ပေးသင့်ပါတယ်။တရုတ်ဘက်က ကလေးတစ်ယောက်မွေးပေးပြီးတဲ့အထိ မိန်းမခဏယူ ကျပ်သိန်း ၃၀ ဆိုပြီး အန္တရာယ်ပေးနေတာလည်း လိင်ကျွန်လုပ်ငန်းအဖြစ် ထင်ထင်ပေါ်ပေါ်ပဲ ပေါ်ပေါက်နေပါတယ်။ စီးပွားရေး မပြေလည်မှုတွေက ဒီလိုမကောင်းမှု အန္တရာယ်များအကြားကို တွန်းပို့နေသလို ဖြစ်နေပါတယ်။ မြန်မာတိုင်းရင်းသူ အမျိုးကောင်းသမီးများ သိက္ခာရှိရှိနဲ့ သမာအာဇီဝ အလုပ်အကိုင် ကောင်းမွန်စွာ လုပ်ကိုင်စားသောက်နိုင်ရေးအတွက်သာ နိုင်ငံတော်အနေနဲ့ အမြန်ဆုံး အလုပ်အကိုင် အခွင့်အလမ်းတွေကို အာမခံချက်ရှိရှိနဲ့ ဆောင်ရွက်ပေးသင့်ပါတယ်။ ပြည့်တန်ဆာပြဿနာဟာ ယဉ်ကျေးမှုနဲ့ မဆိုင်ပါဘူး။ သမာအာဇီဝ မှန်ကန်သော အသက်မွေးဝမ်းကြောင်းမှု မဟုတ်လို့ ပြောကြတာပါ။ မြန်မာ့ဓလေ့ကိုက မကောင်းမှုပြုတာလို့ သတ်မှတ်ထားကြတာပါ။ ကိုယ့်လူမျိုးရဲ့ဂုဏ်ကို ထိန်းသိမ်းဖို့ ကိုယ်တိုင်ရဲ့ကိုယ်ကျင့်တရား ကောင်းမွန်မှုကို တန်ဖိုးထားဖို့ လိုပါတယ်။ လူသားတွေကို ထိန်းသိမ်း စောင့်ရှောက်နေတာလည်း ဟိရိနဲ့သြတ္တပ္ပ အရှက်အကြောက် တရားနှစ်ပါးပါ။ တိရိစ္ဆာန်နဲ့လူ စည်းကွဲတာလည်း အရှက်အကြောက် တရားနှစ်ပါးပါပဲ။ ဒါတောင် မြန်မာတချို့က မကောင်းမှုပြုရမှာကို ရှက်ခြင်း၊ ကြောက်ခြင်းဆိုတဲ့ မူလအဓိပ္ပါယ်ကိုသာ ကောက်ယူပြီး မကောင်းမှု မလုပ်ရင်ပြီးတာပဲ အပြုအမူ၊ အနေအထိုင်၊ အဝတ်အစားတွေမှာတော့ ဟီရိသြတ္တပ္ပဆိုတာ မလိုဘူးဆိုပြီး အရှက်အကြောက်ကင်းမဲ့ရေး စကားလမ်းကြောင်းကို သွားနေပါတယ်။ အကုသိုလ်လုပ်ရမှာ ပြောရမှာ မရှက်မကြောက်တာကိုလည်း ဆိုလိုပါတယ်။ သတ္တိကြောင်ပြီး မပြောရဲမဆိုရဲမို့ ရှက်တာကြောက်တာကိုတော့ ဟိရိသြတ္တပ္ပကို မသုံးပါဘူး။မိမိတို့ မြန်မာအမျိုးကောင်းသမီးများကို စောင့်ရှောက်ခြင်း၊ မြန်မာအမျိုးသမီးများကလည်း အမျိုးကောင်းသမီး ပီသအောင် မိမိတို့ကိုယ်ကို သတိနဲ့ ထိန်းသိမ်းစောင့်ရှောက်ခြင်းများ ပြုသင့်ကြောင်း အမျိုးဘာသာအတွက် စေတနာကောင်းဖြင့် တင်ပြအပ်ပါတယ်။

No comments:

Post a Comment