Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 4, 2013

အိုင်းစတိုင်းက ပေးသော သင်ခန်းစာ




အိုင်းစတိုင်းဟာ အသက် ၄ နှစ်သားအထိ စကားမပြောပါဘူး။ အသက် ၇ နှစ်သားအထိ စာမဖတ်တတ်ပါဘူး။ ကျောင်းဆရာမကလည်း သူ့ကို ဥာဏ်ထိုငုးတဲ့ သူ အဖြစ် သတ်မှတ်ခဲ့ပါတယ်။

အိုင်းစတိုင်းဟာ ငယ်စဉ်ကတည်းက အသက်ကြီးတဲ့ အချိန်အထိ ပါလာတဲ့ အားနည်းချက်တွေ ရှိပါသေးတယ်။ စာကြာကြာမဖတ်နိုင်ပါဘူး။ စာကြာကြာဖတ်မိရင် အားလုံးကို ပြန်မမှတ်မိနိုင်လောက်အောင် မှတ်သားမှုမှာ အားနည်းချက် ရှိပါတယ်။ ကိစ္စအရာတိုင်း...ကို သာမန်လူတွေထက် နှေးကွေးစွာ ဖြေရှင်းတတ်သူ ဖြစ်ပါတယ်။ တွေးခေါ် ဆုံးဖြတ်မှုမှာ နွေးသူ လို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။ သင်္ချာတစ်ဘာသာပဲ အောင်ပြီး အခြားဘာသာများ ကျရှုံးမှုကြောင့် ကောလိပ်ကျောင်းတက်ခွင့် ဆုံးရှုံးခဲ့သူလည်း ဖြစ်ပါတယ်။

သင်္ချာညံ့တယ်လို့ ထင်ထားခဲ့ကြပေမယ့် ဂျီသြမေတြီ မှာ ဆရာတစ်ဆူလိုတော်လာပြီး ရူပဗေဒ ဆိုင်ရာ တွေးခေါ်မှုမှာလည်း အသစ်အဆန်းများ ရှိတယ်ဆိုတာ သိမြင်လာခဲ့ပါတယ်။ နောက်ဆုံး ရူပဗေဒမှာ ဆရာတစ်ဆူ ဖြစ်လာပြီး နိုဘယ်လ်ဆုကြီး ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ဒါကြောင့် ယနေ့တိုင် ကမ္ဘာက လေးစားရတဲ့ သိပ္ပံ ပညာရှင် တစ်ဦး ဖြစ်ပြီး လူသေပေမယ့် သူ့နာမည်ကတော့ ကမ္ဘာ တည်သရွေ့  ကျန်ရှိနေအုံးမှာ ဖြစ်ပါတယ်။

No comments:

Post a Comment