အိုင်စတိုင်း ဆိုရိုး စကား တစ်ခုပါ။
"လူတိုင်းဟာ ကိုယ်စီ ထူးချွန်ကြပါတယ်။ သို့ပေမယ့် ငါးတစ်ကောင်ကို သစ်ပင်ပေါ် တက်ခိုင်းပြီး သူ့အရည်အချင်းကို အကဲဖြတ်မယ်ဆို ယင်း ငါးက တစ်သက်လုံး အရူးလိုပဲ နေသွားမှာပါ"
ဒီလိုပါပဲ။ လူတိုင်းမှာ တစ်မျိုးစီ ထူးချွန်ထက်မြတ်ပါတယ်။ သို့ပေမယ့် ယင်း ထူးချွန်ထက်မြက်မှုကို ဆိုင်ရာ လူကြီးသူမများ က မြေတောင် မြောက်ပေးပြီး ကိုယ်တိုင်ကလည်း သိရှိအောင် ကြိုးစားရပါမယ်။ မဟုတ်ရင် သူ အရူးလိုပဲ နေသွားပါ လိမ့်မယ်။ ယင်းကဲ့သို့ ငါးတွေများလာလေလေ တိုင်းပြည်ဖွံဖြိုး တိုးတက် မှု နှေးကွေး လေပါပဲ။
Education system ကို အသက်ငယ်တုန်းတော့ အပြစ်တင်နိုင်ပါတယ်။ သိတတ်၊နားလည်တတ်ချိန်မှာ ဒါကို ဆက်အပြစ် တင်ပြီး ဘဝပန်းတိုင်မဲ့နေရင်တော့ ကိုယ့်အမှား ဖြစ်သွားပါပြီ။
ဒါနဲ့ပဲ တိုင်းပြည်နဲ့ မိမိလူမှုပတ်ဝန်းကျင်ရဲ့  ဖွံ့ဖြိုးမှုက နှောင့်နှေး သထက် နှောင့်နှေးရပါတယ်။
ဒါကြောင့် မိမိရဲ့  တော်ရာတော်ရာ၊ ထူးချွန်ရာ၊ထူးချွန်ရာ ကို သေချာ ဖော်ထုတ် လို့ အများကောင်းကျိုး ရွက်သယ်ပိုးပြီး ဘဝမှာ အောင်မြင်မှု ကြီးများ ရရှိနိုင်ကြပါစေ။
--
Aung Kham (Stuff Myanmar)
No comments:
Post a Comment